တစ္ကမာၻလုံးမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ သက္တမ္း ၄ ဒႆမ ၄ ႏွစ္ ပိုရွည္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO က ေၾကညာပါတယ္။

၂၀၀၀ ခုႏွစ္ကေန ၂၀၁၆ အထိ ကမာၻမွာ  လူ႔သက္တမ္းဟာ ၅ ဒႆမ  ၅ ႏွစ္ ပိုရွည္လာခဲ့တယ္လို႔ ၂၀၁၉ WHO ၏ ကမာၻ႔က်န္းမာေရး စာရင္းက  ေဖာ္ျပပါတယ္။

ဒါေပမယ့္ ဝင္ေငြမညီမွ်မႈနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိျခင္းေတြနဲ႔ ပတ္သက္ၿပီး လူမ်ားစြာဟာ သက္တမ္းျပည့္ မေနရတာေတြ ရွိခဲ့ေၾကာင္း WHO က သတိေပးပါတယ္။

၂၀၁၆ ခုႏွစ္အတြင္း ေမြးဖြားတဲ့ ကေလးငယ္တစ္သီးဟာ သက္တမ္း ၇၂ ႏွစ္အထိ ေနထိုင္ရဖြယ္ ရွိၿပီး ၂၀၀၀ ခုႏွစ္ ေမြးသူေတြက သက္တမ္း ၆၆ ဒႆမ ၅ ႏွွစ္ ေနထိုင္ရတာထက္ သက္တမ္းပိုရွည္လာႏိုင္ေၾကာင္း WHO က ဆိုပါတယ္။

ရာစုႏွစ္ရဲ႕ အဆိုပါ ၁၆ ႏွစ္တာမွာ အဓိက ကႏၲရာတစ္ပိုင္း အာဖရိက အပါအဝင္ နယ္ ေျမ ေဒသေတြမွာ အသက္ ငါးႏွစ္ေအာက္ ကေလးငယ္ ေသဆုံးမႈႏႈန္း က်ဆင္းလာခဲ့တယ္လို႔ သိရပါတယ္။

ခုလို လူ႔သက္တမ္း ပိုရွည္လာတာဟာ အိတ္ခ်္အိုင္ဗီကို ႏိုင္နင္းလာျခင္းေၾကာင့္လည္း ပါတယ္္လို႔ WHO ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါေပမယ့္ ဆင္းရဲတဲ့ႏိုင္ငံေတြမွာလည္း တိုးတက္မႈေတြ ရွိေနေပမယ့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြနဲ႔ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြၾကားက လူသက္တမ္း ကြာဟခ်က္ ရွိေနဆဲပဲ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဝင္ေငြနည္းႏိုင္ငံေတြဟာ ဝင္ေငြျမင့္တဲ့ ႏိုင္ငံေတြရဲ႕ ပ်မ္းမွ်သက္တမ္းထက္ ၁၈ ႏွစ္ ပိုတိုၾကတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လီဆိုသိုႏိုင္ငံက လူ႔သက္တမ္းဟာ ပ်မ္းမွ် ၅၂ ႏွစ္ျဖစ္ၿပီး ဗဟိုအာဖရိကမွာ  သက္တမ္း ၅၂၊ ၅၃ ျဖစ္ကာ ႏႈိင္းယွဥ္မယ္ဆိုရင္ ဆြစ္ဇာလန္ဟာ ပ်မ္းမွ် လူ႔သက္တမ္း ၈၃ ႏွစ္ရွိၿပီး ဂ်ပန္မွာ ၈၄ ႏွစ္ရွိတာကို ေတြ႕ရွိေၾကာင္း WHO က ထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သက်တမ်း ၄ ဒဿမ ၄ နှစ် ပိုရှည်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၆ အထိ ကမ္ဘာမှာ  လူ့သက်တမ်းဟာ ၅ ဒဿမ  ၅ နှစ် ပိုရှည်လာခဲ့တယ်လို့ ၂၀၁၉ WHO ၏ ကမ္ဘာ့ကျန်းမာရေး စာရင်းက  ဖော်ပြပါတယ်။

ဒါပေမယ့် ဝင်ငွေမညီမျှမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းတွေနဲ့ ပတ်သက်ပြီး လူများစွာဟာ သက်တမ်းပြည့် မနေရတာတွေ ရှိခဲ့ကြောင်း WHO က သတိပေးပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ်တစ်သီးဟာ သက်တမ်း ၇၂ နှစ်အထိ နေထိုင်ရဖွယ် ရှိပြီး ၂၀၀၀ ခုနှစ် မွေးသူတွေက သက်တမ်း ၆၆ ဒဿမ ၅ နှစ် နေထိုင်ရတာထက် သက်တမ်းပိုရှည်လာနိုင်ကြောင်း WHO က ဆိုပါတယ်။

ရာစုနှစ်ရဲ့ အဆိုပါ ၁၆ နှစ်တာမှာ အဓိက ကန္တရာတစ်ပိုင်း အာဖရိက အပါအဝင် နယ်မြေဒေသတွေမှာ အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

ခုလို လူ့သက်တမ်း ပိုရှည်လာတာဟာ အိတ်ချ်အိုင်ဗီကို နိုင်နင်းလာခြင်းကြောင့်လည်း ပါတယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း တိုးတက်မှုတွေ ရှိနေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြားက လူသက်တမ်း ကွာဟချက် ရှိနေဆဲပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝင်ငွေနည်းနိုင်ငံတွေဟာ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေရဲ့ ပျမ်းမျှသက်တမ်းထက် ၁၈ နှစ် ပိုတိုကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လီဆိုသိုနိုင်ငံက လူ့သက်တမ်းဟာ ပျမ်းမျှ ၅၂ နှစ်ဖြစ်ပြီး ဗဟိုအာဖရိကမှာ  သက်တမ်း ၅၂၊ ၅၃ ဖြစ်ကာ နှိုင်းယှဉ်မယ်ဆိုရင် ဆွစ်ဇာလန်ဟာ ပျမ်းမျှ လူ့သက်တမ်း ၈၃ နှစ်ရှိပြီး ဂျပန်မှာ ၈၄ နှစ်ရှိတာကို တွေ့ရှိကြောင်း WHO က ထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top