လူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံတဲ့ေနရာမွာ ပထမဦးဆံုးအႀကိမ္ေတြ႕ျခင္းဟာ အလြန္ အေရးႀကီးပါတယ္။ အဲဒီအခ်ိန္မွာ အထင္ေသးသြားရင္ တစ္သက္လံုးအထင္ေသးသြားတတ္သလို၊ အဲဒီအခ်ိန္မွာ ေလးစားသြားရင္လည္း တစ္သက္လံုးေလးစားသြားတတ္ပါတယ္။ ဒါကေတာ့ ေယဘုယ်အမွန္တရားေပါ့။

သတိထားရမွာေတြကေတာ့ အမ်ားႀကီးပါ။ အမႈမဲ့အမွတ္မဲ့ေနတတ္သူတို႔အတြက္ကေတာ့ က်ားေရွ႕ေမွာက္ရက္လဲသလိုျဖစ္ေတာ့တာပါပဲ။ စကားလံုးနဲ႔ဘယ္ေလာက္ပဲဖံုးဖံုး သူ႕အမူအရာ၊ အသြင္အျပင္က သူဘာဆိုတာကို အထင္အရွားျပေနေတာ့တာပါ။

ဒါေၾကာင့္ အေရးႀကီးေသာလူတစ္ေယာက္နဲ႔ေတြ႕ရေတာ့မယ္ဆို အခုေျပာမဲ့အခ်က္ေတြကို သတိထားပါ။

၁။ မ်က္လံုး…

လူတစ္ေယာက္ရဲ႕ အက်င့္စရိုက္ကို ေဖာ္ျပတာက မ်က္လံုးကအရင္ပါပဲ။ ကိုယ္နဲ႔စကားေျပာသူကို အာရံုစိုက္မၾကည့္ႏိုင္ပဲ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကို လုိက္ၾကည့္ျခင္း၊ (ဖုန္း၊ ပိုက္ဆံအိတ္စသည္၊ ကားစသည္)၊ စကားေျပာေနရင္း မ်က္လံုးဣေျႏၵမရပဲ ေဘးပတ္၀န္းက်င္ကိုသာ ခဏခဏၾကည့္ျခင္း၊ ကိုယ္နဲ႔စကားေျပာသူရဲ႕ အားနည္းခ်က္ကို (လက္ပြား၊ ဆံပင္ျဖဴ၊ ေျခခြင္ စသည္) ခဏခဏၾကည့္ျခင္း စသည္တို႔ဟာ ခ်က္ခ်င္းအထင္ေသးသြားေစေသာ အခ်က္ေတြပါ။ ဒါေၾကာင့္ေရွာင္ပါ။

၂။ မ်က္ႏွာေပး…

မ်က္လံုးၿပီးရင္ ဒုတိယအေရးအႀကီးဆံုးက မ်က္ႏွာေပးပါပဲ။ မ်က္ႏွာေပးက စကားေျပာသူကို မတူသလို၊ မတန္သလိုမ်က္ႏွာေပးလုပ္မိျခင္း၊ ႏွာေခါင္းရံႈ႕မိျခင္း၊ မ်က္ေမွာင္က်ဳတ္မိျခင္း၊ မ်က္ႏွာမၾကည္မသာလုပ္ထားျခင္း၊ မဲ့ျခင္း၊ ေျပာင္စပ္စပ္မ်က္ႏွာေပးလုပ္ထားျခင္း၊ တည္လြန္းတင္းလြန္းျခင္း စတာေတြဟာ စေတြ႕ေတြ႕ျခင္း ေမတၱာပ်က္သြားေစပါတယ္။ ဒါေၾကာင့္ သင့္တင့္ရံုၿပံဳးထားတတ္ရင္ ျပည့္စံုပါၿပီ။ အထင္ေသးေစေသာ မ်က္ႏွာေပးမ်ိဳးေတြလုပ္မထားမိေအာင္ သတိထားပါ။

၃။ ေလသံ။ ။

ေလသံကလည္း လူတစ္ေယာက္ရဲ႕ စရိုက္ကိုအတိုင္းသား အထင္းသားျမင္ေစပါတယ္။ အသံက်ယ္လြန္းျခင္း၊ တိုးလြန္းျခင္း၊ စိတ္မရွည္ေသာေလသံ၊ အင္အားမရွိေသာေလသံ၊ ကၽြတ္ဆတ္ဆတ္ေလသံ၊ ခၽြဲလြန္းေသာေလသံ စတာေတြဟာ စေတြ႕ေတြ႕ျခင္းကို အထင္ေသးသြားေစပါတယ္။ ဒါေၾကာင့္ ပီပီသသ၊ ၾကည္ၾကည္လင္လင္ နားလည္လြယ္ေသာေလသံနဲ႔ ေဖာ္ေရြေသာေလသံျဖစ္ေအာင္ ေလ့က်င့္သင့္ပါတယ္။

၄။ ကိုယ္အမူအရာ…

ကိုယ္အမူအရာကလည္း လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ စရိုက္ကို အထင္ရွားဆံုးျပပါတယ္။ စကားေျပာေနစဥ္ ေခါင္းကိုခါ၍ ဇတ္ေၾကာေျဖျခင္း၊ လက္ဆစ္ခ်ိဳးျခင္း၊ ဒူးန႔ံျခင္း၊ သန္းေ၀ျခင္း၊ အသံထြက္သန္းေ၀ျခင္း၊ ေပါင္ကားထိုင္ျခင္း၊ လက္ျဖင့္ခံု/စားပြဲစသည္ကို ေခါက္ေနျခင္း၊ ကြမ္းတံေတြးေထြးျခင္း၊ လက္သည္းကိုက္ျခင္း၊ အပ်င္းေၾကာဆန္႔ျခင္း၊ တစ္ကိုယ္လံုး အၿငိမ္မေနတတ္ျခင္း တို႔ဟာ ျမင္ျမင္ျခင္း အထင္ေသးေစေသာ အမူအရာေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ တည္တည္ၿငိမ္ၿငိမ္ ေနတတ္၊ ထုိင္တတ္ဖို႔လို႔ပါတယ္။

၅။ အ၀တ္အစား …

အ၀တ္အစားကလည္း အေရးအပါဆံုးေသာ အခ်က္ပါပဲ။ ေတာင္းမွာအကြတ္၊ လူမွာအ၀တ္လို႔ဆိုထားပါတယ္။ ခုမွစေတြ႕ရမဲ့လူေရွ႕မွာ မလံုမၿခံဳအ၀တ္အစား၊ ညစ္ညစ္ေပေပ အ၀တ္အစား၊ စြပ္က်ယ္လက္ျပတ္လိုအ၀တ္အစား၊ ယဥ္ေက်းမႈနဲ႔ဆန္႔က်င္ေသာအ၀တ္အစား၊ (အိမ္မွာေနတာ ကိုယ္တံုးလံုးခၽြတ္ေနလည္း ဘယ္သူမွဘာမွမေျပာဘူး၊ လူသစ္နဲ႔ေတြ႕ခ်ိန္မွာေတာ့ သတိထားကိုထားရပါမယ္။) ကိုယ့္ရဲ႕အ၀တ္အစားဟာ တစ္ဘက္လူရဲ႕ အဆင့္အတန္း၊ ဂုဏ္သိကၡာကို မငဲ့ေသာအ၀တ္အစား၊ ေနရာကိုမငဲ့ေသာအ၀တ္အစားဆိုရင္ေတာ့ ျမင္ျမင္ျခင္း အထင္ေသးခံရဖို႔ ေသခ်ာသြားပါၿပီ။ ဒါေၾကာင့္ ဘယ္ေတာ့မဆို သပ္သပ္ရပ္ရပ္၀တ္ဆင္တတ္ဖို႔ အေရးႀကီးပါတယ္။

၆။ စကား….

လူခ်င္းေတြ႕ၿပီဆိုေတာ့ စကားေျပာရပါေတာ့မယ္။ အဲဒီအခ်ိန္မွာ ကိုယ္ေျပာတဲ့စကားတိုင္းဟာ ယုတၱိရွိေသာစကားေတြျဖစ္ဖို႔လိုပါတယ္။ ရိုးသားေသာစကားေတြလည္း ျဖစ္ဖို႔လိုပါတယ္။ သို႔ေသာ္ ေတြ႕ေတြ႕ျခင္း ေဆာက္နဲ႔ထြင္းတဲ့စကားမ်ိဳး (၀တယ္ေနာ္၊ ပိန္တယ္ေနာ္၊ မဲတယ္ေနာ္၊ သြားေလးေခါေနတယ္ေနာ္၊

 ျပင္လိုက္ပါလား၊ ဆံပင္ျဖဴေနတယ္ေနာ္၊ ေျခေလးခြင္ေနတယ္ေနာ္ ဘာျဖစ္လို႔လဲ) စတဲ့ တစ္ဘက္သားရဲ႕ အားနဲခ်က္ကို ေဖာ္ေျပာတဲ့စကားမ်ားေျပာျခင္း၊
သူတစ္ပါးအိမ္တြင္းေရးေတြကို စပ္စုေမးျမန္းျခင္း၊ ပိုင္ဆိုင္မႈေတြကိုေမးျမန္းျခင္း၊ တစ္ဘက္သားရဲ႕စကားကိုျဖတ္ေျပာျခင္း၊ ျငင္းခံုျခင္း၊ ပဋိပကၡအသြင္ေဆာင္ေသာ စကားမ်ိဳးေျပာျခင္း၊ တစ္ဘက္သားရဲ႕ခံယူခ်က္ကို ေ၀ဖန္ကဲ့ရဲ႕ျခင္း၊ စတဲ့စကားေတြဟာ စေတြ႕ေတြ႕ျခင္း အထင္ေသးသြားေစေသာ စကားေတြပါပဲ။

 ဒါေၾကာင့္ စကားေျပာရင္ နားေထာင္တာပိုေကာင္းပါတယ္။ ဘယ္ေတာ့မွ မေ၀ဖန္ပါနဲ႔၊ မကဲ့ရဲ႕ပါနဲ႔။ ကိုယ္ေ၀ဖန္ကဲ့ရဲ႕လည္း သူကျပင္သြားမွာမဟုတ္ပါဘူး။ ကိုယ့္ကိုသာ ေနာင္ေရွာင္သြားမွာပါပဲ။ ႏွစ္ဦးႏွစ္ဘက္ စိတ္ခ်မ္းသာေပ်ာ္ရႊင္ေစေသာစကားမ်ိဳး ေျပာတတ္ေအာင္က်င့္ပါ။

စကားမွာေတာ့ ေရွာင္ရန္ေဆာင္ရန္ေတြမ်ားပါတယ္။ ၾကြား၀ါျခင္း၊ ဆရာလုပ္ျခင္း၊ ႏွိမ္ခ်တတ္ျခင္း၊ ေစာ္ကားတတ္ျခင္း၊ အပုပ္ခ်တတ္ျခင္း၊ အတင္းေျပာတတ္ျခင္းတို႔ဟာ ကိုယ့္သိကၡာ ကိုယ္ခ်တဲ့စကားေတြပါပဲ။

၇။ အခ်ိန္…..

လူခ်င္းေတြ႕ၾကတဲ့အခါ အခ်ိန္မတိက်ျခင္းဟာ တစ္ဘက္သားရဲ႕ အထင္ေသးမႈကို ခ်က္ျခင္းရတာပါပဲ။ လူတိုင္းမွာ အလုပ္ကိုယ္စီရွိေနၾကတာဆိုေတာ့ ကိုယ္နဲ႔ေတြ႕ဖို႔ တစ္ျခားအလုပ္အတြက္ အခ်ိန္ကိုဖဲ့ယူလိုက္ၾကရတာခ်ည္းပါပဲ။

မလိုအပ္ပဲ အခ်ိန္ျဖဳန္းျခင္း၊ ေနာက္က်ျခင္း၊ အခ်ိန္မေလးစားျခင္းေတြကေတာ့ ခုေတြ႕ခုအထင္ေသးေစတဲ့အခ်က္ပါပဲ။ ဒါေၾကာင့္ အခ်ိန္တိက်ဖို႔၊ ေလးစားဖို႔ေလ့က်င့္ယူသင့္ပါတယ္

လူ႕က်င့္၀တ္ဆိုတာ သိမ္ေမြ႕လြန္းပါတယ္။ ေတာ္ရံုနဲ႔ေတာ့ မလိုက္နာႏိုင္ပါဘူး။ လူဆိုတာ ေပါ့ေပါ့ေနရတာ ပိုႀကိဳက္တတ္ပါတယ္။ စည္းကမ္းကို မုန္းတတ္ပါတယ္ ဒါေၾကာင့္လည္း အေနအထိုင္၊ အ၀တ္အစား၊ အေျပာအဆိုေတြ စည္းကမ္းမဲ့ေနၾကတာပါပဲ။

စည္းကမ္းေတြမဲ့လို႔လဲ ဂုဏ္သိကၡာမရွိ၊ မေအာင္ျမင္၊ စိတ္ဆင္းရဲ၊ ေသာကဖိစီးျဖစ္ၾကရတာမ်ား ပါတယ္။ ကိုယ့္ဘ၀ကို ျမွင့္တင္ခ်င္သူတိုင္း ဒီအခ်က္ (၇) ခ်က္ကို သတိထားသင့္ပါတယ္လို႔ေျပာရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #

လူအချင်းချင်း ထိတွေ့ဆက်ဆံတဲ့နေရာမှာ ပထမဦးဆုံးအကြိမ်တွေ့ခြင်းဟာ အလွန် အရေးကြီးပါတယ်။ အဲဒီအချိန်မှာ အထင်သေးသွားရင် တစ်သက်လုံးအထင်သေးသွားတတ်သလို၊ အဲဒီအချိန်မှာ လေးစားသွားရင်လည်း တစ်သက်လုံးလေးစားသွားတတ်ပါတယ်။ ဒါကတော့ ယေဘုယျအမှန်တရားပေါ့။

သတိထားရမှာတွေကတော့ အများကြီးပါ။ အမှုမဲ့အမှတ်မဲ့နေတတ်သူတို့အတွက်ကတော့ ကျားရှေ့မှောက်ရက်လဲသလိုဖြစ်တော့တာပါပဲ။ စကားလုံးနဲ့ဘယ်လောက်ပဲဖုံးဖုံး သူ့အမူအရာ၊ အသွင်အပြင်က သူဘာဆိုတာကို အထင်အရှားပြနေတော့တာပါ။

ဒါကြောင့် အရေးကြီးသောလူတစ်ယောက်နဲ့တွေ့ရတော့မယ်ဆို အခုပြောမဲ့အချက်တွေကို သတိထားပါ။

၁။ မျက်လုံး…

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဖော်ပြတာက မျက်လုံးကအရင်ပါပဲ။ ကိုယ်နဲ့စကားပြောသူကို အာရုံစိုက်မကြည့်နိုင်ပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လိုက်ကြည့်ခြင်း၊ (ဖုန်း၊ ပိုက်ဆံအိတ်စသည်၊ ကားစသည်)၊ စကားပြောနေရင်း မျက်လုံးဣန္ဒြေမရပဲ ဘေးပတ်ဝန်းကျင်ကိုသာ ခဏခဏကြည့်ခြင်း၊ ကိုယ်နဲ့စကားပြောသူရဲ့ အားနည်းချက်ကို (လက်ပွား၊ ဆံပင်ဖြူ၊ ခြေခွင် စသည်) ခဏခဏကြည့်ခြင်း စသည်တို့ဟာ ချက်ချင်းအထင်သေးသွားစေသော အချက်တွေပါ။ ဒါကြောင့်ရှောင်ပါ။

၂။ မျက်နှာပေး…

မျက်လုံးပြီးရင် ဒုတိယအရေးအကြီးဆုံးက မျက်နှာပေးပါပဲ။ မျက်နှာပေးက စကားပြောသူကို မတူသလို၊ မတန်သလိုမျက်နှာပေးလုပ်မိခြင်း၊ နှာခေါင်းရှုံ့မိခြင်း၊ မျက်မှောင်ကျုတ်မိခြင်း၊ မျက်နှာမကြည်မသာလုပ်ထားခြင်း၊ မဲ့ခြင်း၊ ပြောင်စပ်စပ်မျက်နှာပေးလုပ်ထားခြင်း၊ တည်လွန်းတင်းလွန်းခြင်း စတာတွေဟာ စတွေ့တွေ့ခြင်း မေတ္တာပျက်သွားစေပါတယ်။ ဒါကြောင့် သင့်တင့်ရုံပြုံးထားတတ်ရင် ပြည့်စုံပါပြီ။ အထင်သေးစေသော မျက်နှာပေးမျိုးတွေလုပ်မထားမိအောင် သတိထားပါ။

၃။ လေသံ။ ။

လေသံကလည်း လူတစ်ယောက်ရဲ့ စရိုက်ကိုအတိုင်းသား အထင်းသားမြင်စေပါတယ်။ အသံကျယ်လွန်းခြင်း၊ တိုးလွန်းခြင်း၊ စိတ်မရှည်သောလေသံ၊ အင်အားမရှိသောလေသံ၊ ကျွတ်ဆတ်ဆတ်လေသံ၊ ချွဲလွန်းသောလေသံ စတာတွေဟာ စတွေ့တွေ့ခြင်းကို အထင်သေးသွားစေပါတယ်။ ဒါကြောင့် ပီပီသသ၊ ကြည်ကြည်လင်လင် နားလည်လွယ်သောလေသံနဲ့ ဖော်ရွေသောလေသံဖြစ်အောင် လေ့ကျင့်သင့်ပါတယ်။

၄။ ကိုယ်အမူအရာ…

ကိုယ်အမူအရာကလည်း လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်ကို အထင်ရှားဆုံးပြပါတယ်။ စကားပြောနေစဉ် ခေါင်းကိုခါ၍ ဇတ်ကြောဖြေခြင်း၊ လက်ဆစ်ချိုးခြင်း၊ ဒူးနံ့ခြင်း၊ သန်းဝေခြင်း၊ အသံထွက်သန်းဝေခြင်း၊ ပေါင်ကားထိုင်ခြင်း၊ လက်ဖြင့်ခုံ/စားပွဲစသည်ကို ခေါက်နေခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ လက်သည်းကိုက်ခြင်း၊ အပျင်းကြောဆန့်ခြင်း၊ တစ်ကိုယ်လုံး အငြိမ်မနေတတ်ခြင်း တို့ဟာ မြင်မြင်ခြင်း အထင်သေးစေသော အမူအရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် တည်တည်ငြိမ်ငြိမ် နေတတ်၊ ထိုင်တတ်ဖို့လို့ပါတယ်။

၅။ အဝတ်အစား …

အဝတ်အစားကလည်း အရေးအပါဆုံးသော အချက်ပါပဲ။ တောင်းမှာအကွတ်၊ လူမှာအဝတ်လို့ဆိုထားပါတယ်။ ခုမှစတွေ့ရမဲ့လူရှေ့မှာ မလုံမခြုံအဝတ်အစား၊ ညစ်ညစ်ပေပေ အဝတ်အစား၊ စွပ်ကျယ်လက်ပြတ်လိုအဝတ်အစား၊ ယဉ်ကျေးမှုနဲ့ဆန့်ကျင်သောအဝတ်အစား၊ (အိမ်မှာနေတာ ကိုယ်တုံးလုံးချွတ်နေလည်း ဘယ်သူမှဘာမှမပြောဘူး၊ လူသစ်နဲ့တွေ့ချိန်မှာတော့ သတိထားကိုထားရပါမယ်။) ကိုယ့်ရဲ့အဝတ်အစားဟာ တစ်ဘက်လူရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာကို မငဲ့သောအဝတ်အစား၊ နေရာကိုမငဲ့သောအဝတ်အစားဆိုရင်တော့ မြင်မြင်ခြင်း အထင်သေးခံရဖို့ သေချာသွားပါပြီ။ ဒါကြောင့် ဘယ်တော့မဆို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။

၆။ စကား….

လူချင်းတွေ့ပြီဆိုတော့ စကားပြောရပါတော့မယ်။ အဲဒီအချိန်မှာ ကိုယ်ပြောတဲ့စကားတိုင်းဟာ ယုတ္တိရှိသောစကားတွေဖြစ်ဖို့လိုပါတယ်။ ရိုးသားသောစကားတွေလည်း ဖြစ်ဖို့လိုပါတယ်။ သို့သော် တွေ့တွေ့ခြင်း ဆောက်နဲ့ထွင်းတဲ့စကားမျိုး (ဝတယ်နော်၊ ပိန်တယ်နော်၊ မဲတယ်နော်၊ သွားလေးခေါနေတယ်နော်၊

 ပြင်လိုက်ပါလား၊ ဆံပင်ဖြူနေတယ်နော်၊ ခြေလေးခွင်နေတယ်နော် ဘာဖြစ်လို့လဲ) စတဲ့ တစ်ဘက်သားရဲ့ အားနဲချက်ကို ဖော်ပြောတဲ့စကားများပြောခြင်း၊
သူတစ်ပါးအိမ်တွင်းရေးတွေကို စပ်စုမေးမြန်းခြင်း၊ ပိုင်ဆိုင်မှုတွေကိုမေးမြန်းခြင်း၊ တစ်ဘက်သားရဲ့စကားကိုဖြတ်ပြောခြင်း၊ ငြင်းခုံခြင်း၊ ပဋိပက္ခအသွင်ဆောင်သော စကားမျိုးပြောခြင်း၊ တစ်ဘက်သားရဲ့ခံယူချက်ကို ဝေဖန်ကဲ့ရဲ့ခြင်း၊ စတဲ့စကားတွေဟာ စတွေ့တွေ့ခြင်း အထင်သေးသွားစေသော စကားတွေပါပဲ။

 ဒါကြောင့် စကားပြောရင် နားထောင်တာပိုကောင်းပါတယ်။ ဘယ်တော့မှ မဝေဖန်ပါနဲ့၊ မကဲ့ရဲ့ပါနဲ့။ ကိုယ်ဝေဖန်ကဲ့ရဲ့လည်း သူကပြင်သွားမှာမဟုတ်ပါဘူး။ ကိုယ့်ကိုသာ နောင်ရှောင်သွားမှာပါပဲ။ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာပျော်ရွှင်စေသောစကားမျိုး ပြောတတ်အောင်ကျင့်ပါ။

စကားမှာတော့ ရှောင်ရန်ဆောင်ရန်တွေများပါတယ်။ ကြွားဝါခြင်း၊ ဆရာလုပ်ခြင်း၊ နှိမ်ချတတ်ခြင်း၊ စော်ကားတတ်ခြင်း၊ အပုပ်ချတတ်ခြင်း၊ အတင်းပြောတတ်ခြင်းတို့ဟာ ကိုယ့်သိက္ခာ ကိုယ်ချတဲ့စကားတွေပါပဲ။

၇။ အချိန်…..

လူချင်းတွေ့ကြတဲ့အခါ အချိန်မတိကျခြင်းဟာ တစ်ဘက်သားရဲ့ အထင်သေးမှုကို ချက်ခြင်းရတာပါပဲ။ လူတိုင်းမှာ အလုပ်ကိုယ်စီရှိနေကြတာဆိုတော့ ကိုယ်နဲ့တွေ့ဖို့ တစ်ခြားအလုပ်အတွက် အချိန်ကိုဖဲ့ယူလိုက်ကြရတာချည်းပါပဲ။

မလိုအပ်ပဲ အချိန်ဖြုန်းခြင်း၊ နောက်ကျခြင်း၊ အချိန်မလေးစားခြင်းတွေကတော့ ခုတွေ့ခုအထင်သေးစေတဲ့အချက်ပါပဲ။ ဒါကြောင့် အချိန်တိကျဖို့၊ လေးစားဖို့လေ့ကျင့်ယူသင့်ပါတယ်

လူ့ကျင့်ဝတ်ဆိုတာ သိမ်မွေ့လွန်းပါတယ်။ တော်ရုံနဲ့တော့ မလိုက်နာနိုင်ပါဘူး။ လူဆိုတာ ပေါ့ပေါ့နေရတာ ပိုကြိုက်တတ်ပါတယ်။ စည်းကမ်းကို မုန်းတတ်ပါတယ် ဒါကြောင့်လည်း အနေအထိုင်၊ အဝတ်အစား၊ အပြောအဆိုတွေ စည်းကမ်းမဲ့နေကြတာပါပဲ။

စည်းကမ်းတွေမဲ့လို့လဲ ဂုဏ်သိက္ခာမရှိ၊ မအောင်မြင်၊ စိတ်ဆင်းရဲ၊ သောကဖိစီးဖြစ်ကြရတာများ ပါတယ်။ ကိုယ့်ဘဝကို မြှင့်တင်ချင်သူတိုင်း ဒီအချက် (၇) ချက်ကို သတိထားသင့်ပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top