(၁၉၇၀)​​ေလာက္​မွ(၂၀၀၅)​ေလာက္​ထိ ရဲကားျပာျပာကားႀကီး​ေတြ စစ္​ကား​ေတြ ဌာနဆိုင္​ရာသံုးအစိမး္​​ေရာင္​နဲ႔ မာဇဒါဂ်စ္(Mazada Jeep) လို႔လူသိမ်ားတဲ့ ကား​ေတြ တြင္​က်ယ္​ခဲ့ပါတယ္​။

ဒီကား​ေတြက​ေတာ့ Mazada ကုမၸဏီႏွင္​့ အစိုးရ စက္​မႈဝန္​ႀကီးဌာနတို႔ပူး​ေပါင္​းထုတ္​လုပ္​ခဲ့ၾကတဲ့ Mazada Pathfinder ပဲျဖစ္​ပါတယ္​။ ဒီကား​ေတြကုိ Mazada မွာ(၁၉၇၀မွ ၁၉၇၃) ထိ ျမန္​မာႏိုင္​ငံမွာ တပ္​ဆင္​ထုတ္​လုပ္​ခဲ့ၿပီး ျမန္​မာႏိုင္​ငံအတြက္​ သီးသန္​႔ဒီဇိုင္​းဆြဲထုတ္​လုပ္​​ေပးခဲ့တာလို႔ဆုိပါတယ္​။

မူရင္​းဒီဇိုင္​းက​ေတာ့ Land Rover​ ေပၚအ​ေျခတည္​ထားတာျဖစ္​ႁပီး ျမန္​မာႏိုင္​ငံနဲ႔ကိုက္​ညီ​ေစရန္​ဒီဇိုင္​းလုပ္​ထားတာျဖစ္​ပါတယ္​။

ဒီကားကုိ 2.0 liter အင္​ဂ်င္​အသံုးျပဳထားၿပီး

အင္​ဂ်င္​ပါဝါ 90bhp ႐ွိတယ္​လို႔ ဆိုပါတယ္​။ Mazada အ​ေနနဲ႔ အစိုးရဌာနဆိုင္ရာမ်ားအတြက္​ အစီး​ေရ ​ေထာင္​ဂဏာန္​းထုတ္​​လုပ္​​ေပးခဲ့ရၿပီး လက္​႐ွိအခ်ိန္​ထိအသံုးျပဳ​ေနၾကဆဲပါ ။

ဒီကားမ်ားထဲမွ အနည္​းငယ္​ကုိႏိုင္​ငံတကာ ​ေစ်းကြက္​ထဲမွာ ​ေတြ႔ျမင္​ရၿပီး ဘားမားမာဇဒါ(Burma Mazada) လို႔လူသိၾကပါတယ္။ ဒီကားထဲမွတစ္စီးကုိ ဂ်ာမနီနိုင္ငံ ႐ွိFrey’s Mazda Classic Car Museum မွာျပသထားပါတယ္​။

အထက္ေဖာ္ျပပါပံုေတြကေတာ့ ဂ်ာမနီႏိုင္ငံ Frey ျပတိုက္နဲ႔ ဂ်ပန္နိုင္ငံ မာဇဒါျပတိုက္က ျမန္မာ့မာဇဒါဂ်စ္ပံုေတြပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

(၁၉၇၀)လောက်မှ(၂၀၀၅)လောက်ထိ ရဲကားပြာပြာကားကြီးတွေ စစ်ကားတွေ ဌာနဆိုင်ရာသုံးအစိမ်းရောင်နဲ့ မာဇဒါဂျစ်(Mazada Jeep) လို့လူသိများတဲ့ ကားတွေ တွင်ကျယ်ခဲ့ပါတယ်။

ဒီကားတွေကတော့ Mazada ကုမ္ပဏီနှင့် အစိုးရ စက်မှုဝန်ကြီးဌာနတို့ပူးပေါင်းထုတ်လုပ်ခဲ့ကြတဲ့ Mazada Pathfinder ပဲဖြစ်ပါတယ်။ ဒီကားတွေကို Mazada မှာ(၁၉၇၀မှ ၁၉၇၃) ထိ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် သီးသန့်ဒီဇိုင်းဆွဲထုတ်လုပ်ပေးခဲ့တာလို့ဆိုပါတယ်။

မူရင်းဒီဇိုင်းကတော့ Land Rover ပေါ်အခြေတည်ထားတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီစေရန်ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။

ဒီကားကို 2.0 liter အင်ဂျင်အသုံးပြုထားပြီး

အင်ဂျင်ပါဝါ 90bhp ရှိတယ်လို့ ဆိုပါတယ်။ Mazada အနေနဲ့ အစိုးရဌာနဆိုင်ရာများအတွက် အစီးရေ ထောင်ဂဏာန်းထုတ်လုပ်ပေးခဲ့ရပြီး လက်ရှိအချိန်ထိအသုံးပြုနေကြဆဲပါ ။

ဒီကားများထဲမှ အနည်းငယ်ကိုနိုင်ငံတကာ ဈေးကွက်ထဲမှာ တွေ့မြင်ရပြီး ဘားမားမာဇဒါ(Burma Mazada) လို့လူသိကြပါတယ်။ ဒီကားထဲမှတစ်စီးကို ဂျာမနီနိုင်ငံ ရှိFrey’s Mazda Classic Car Museum မှာပြသထားပါတယ်။

အထက်ဖော်ပြပါပုံတွေကတော့ ဂျာမနီနိုင်ငံ Frey ပြတိုက်နဲ့ ဂျပန်နိုင်ငံ မာဇဒါပြတိုက်က မြန်မာ့မာဇဒါဂျစ်ပုံတွေပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top