ကခ်င္ျပည္နယ္ မိုးညွင္းျမိဳ႕နယ္ ေမာ္ဟန္ေက်းရြာဂူကုန္းေတာင္ကုန္းအဆင္းတြင္ဧၿပီ ၁၀ရက္ေန့ေန့လယ္ ၃ နာရီအခ်ိန္ခန့္ကမ်က္နွာခ်င္းဆုိင္​မွေမာင္းနွင္လာေသာ ေမာ္ေတာ္ယာဥ္နွင့္ဆိုင္ကယ္တိုက္မိခဲ႔သျဖင့္ဆိုင္ကယ္ေမာင္းနွင္သူမွာေနရာတြင္ပြဲခ်င္းျပီေသဆုံးခဲ႔ၿပီး ယာဥ္ေမာင္းမွာထြက္ေျပးတိမ္းေရွာင္ခဲ႔ေျကာင္းသိရပါတယ္ ။

ျဖစ္စဥ္မွာ ဧၿပီ ၁၀ရက္ ေန့လယ္ ၃နာရီအခ်ိန္ခန့္ကေရႊဘို-ျမစ္ျကီးနား ျပည္ေထာင္စုလမ္းမျကီးေပၚရွိကားလမ္းမိုင္တိုင္အမွတ္၁၇၈/ ၃ နွင့္ ၁၇၈/၄အျကား ေမာ္ဟန္ေက်းရြာဂူကုန္းေတာင္ကုန္းအဆင္းတြင္နန့္စီးေအာင္ေက်းရြာဘက္မွ မိုးညွင္းဘက္သို့ေမာင္းနွင္လာေသာ(ယာဥ္နွင့္ယာဥ္ေမာင္းစုံစမ္းဆဲ)ယာဥ္အမွတ္ MDY-7K/6958 Hnda Fit အနက္ေရာင္
ယာဥ္မွ

အရွိန္လြန္ျပီးတစ္ဖက္ယာဥ္ေျကာသို့ေရာက္ရွိစဥ္ ဖားကန့္ျမို့နယ္ ေဝွခါေမွာ္မွ ပုလဲၿမိဳ႕နယ္တလိုင္ခံေက်းရြာသို့သျကၤန္အမီေနရပ္သို့ျပန္လာေသာဆိုင္ကယ္ယာဥ္ေမာင္းေဇာ္မင္း ၃၉နွစ္တလိုင္ခံေက်းရြာ ပုလဲၿမိဳ႕နယ္စစ္ကိုင္းတိုင္းေဒသႀကီး(ေရမေဆးေက်ာက္ရွာေဖြသူ)နွင့္

ေနာက္ထိုင္ ထက္ေဝစံ ၁၈နွစ္ ေက်ာက္ကာရပ္ကြက္မုံရြာျမို့ စစ္ကိုင္းတိုင္းေဒသျကီး (ေစ်းေရာင္းဝယ္)တို့ ေမာင္းနွင္လာသည့္SHAYAN 125 နီ/နက္ျကားဆ္ုင္ကယ္အားတိုက္မိခဲ႔ ရာေဇာ္မင္းမွာ နဖူး ေပါက္ျပဲ ဘယ္မ်က္ လုံးအိမ္ဖူးေရာင္နွာေခါင္းပါးစပ္ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ေနရာတြင္ပြဲခ်င္းျပီး ေသဆုံးခဲ႔ၿပီး

ထက္ေဝစံမွာဘယ္/ညာလက္ခုံပြန္းပဲ႔ ဘယ္ေျခသလုံးေပါက္ျပဲဖူးေရာင္ ဘယ္ေပါင္ဖူးေရာင္ ယာဖေနာင့္ေပါက္ျပဲ ဒဏ္ရာမ်ား႐ွိခဲ႔၍ ရဲေဆးစာနွင့္ေမာ္ဟန္ေမတၲာသဂၤဟလူမွဳကူညီေရးယာဥ္ျဖင့္မိုးညွင္းေဆးရံုသို့ပို့ေဆာင္ခဲ႔ေျကာင္း သိရပါတယ္ ။

အခင္းျဖစ္ရာသို့ေမာ္ဟန္ေက်းရြာအုပ္ခ်ုပ္ေရးမွဴးဦးေအာင္ဆန္းဝင္းရာအိမ္မွဴးဦးေအာင္ေက်ာ္စိုးအဖြဲ႔ေမာ္ဟန္ရဲကင္းစခန္းမွဴးရဲအုပ္ေက်ာ္ညြန့္ဝင္းအဖြဲ႔နွင့္ေမတၲာသဂၤဟလူမွဳကူညီေရးအဖြဲ႕တို့ေရာက္ရွိခဲ႔ၿပီးလိုအပ္သည္မ်ားကုိဝိုင္းဝန္းကူညီေဆာင္ရြက္ခဲ႔ျကပါတယ္ ။

ျဖစ္စဥ္ေျကာင့္ မိုးညွင္းျမို့မရဲစခန္းကယာဥ္မဆင္မခ်င္ေမာင္းနွင္မွဳျဖင့္အမွဳဖြင့္အေရးယူခဲ႔ၿပီးယာဥ္ေမာင္းမွာထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ဥပေဒအရဖမ္းဆီးအေရးယူေဆာင္ရြက္နိုင္ေရးအတြက္အပူတျပင္းစုံစမ္းရွာေဖြလ်က္ရွိေျကာင္းသိရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zin Moe

#Unicode Version# ျဖင့္ဖတ္ပါ ။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာဂူကုန်းတောင်ကုန်းအဆင်းတွင်ဧပြီ ၁၀ရက်နေ့နေ့လယ် ၃ နာရီအချိန်ခန့်ကမျက်နှာချင်းဆိုင်မှမောင်းနှင်လာသော မော်တော်ယာဉ်နှင့်ဆိုင်ကယ်တိုက်မိခဲ့သဖြင့်ဆိုင်ကယ်မောင်းနှင်သူမှာနေရာတွင်ပွဲချင်းပြီသေဆုံးခဲ့ပြီး ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရပါတယ် ။

ဖြစ်စဉ်မှာ ဧပြီ ၁၀ရက် နေ့လယ် ၃နာရီအချိန်ခန့်ကရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိကားလမ်းမိုင်တိုင်အမှတ်၁၇၈/ ၃ နှင့် ၁၇၈/၄အကြား မော်ဟန်ကျေးရွာဂူကုန်းတောင်ကုန်းအဆင်းတွင်နန့်စီးအောင်ကျေးရွာဘက်မှ မိုးညှင်းဘက်သို့မောင်းနှင်လာသော(ယာဉ်နှင့်ယာဉ်မောင်းစုံစမ်းဆဲ)ယာဉ်အမှတ် MDY-7K/6958 Hnda Fit အနက်ရောင်
ယာဉ်မှ

အရှိန်လွန်ပြီးတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိစဉ် ဖားကန့်မြို့နယ် ဝှေခါမှော်မှ ပုလဲမြို့နယ်တလိုင်ခံကျေးရွာသို့သြင်္ကန်အမီနေရပ်သို့ပြန်လာသောဆိုင်ကယ်ယာဉ်မောင်းဇော်မင်း ၃၉နှစ်တလိုင်ခံကျေးရွာ ပုလဲမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး(ရေမဆေးကျောက်ရှာဖွေသူ)နှင့်

နောက်ထိုင် ထက်ဝေစံ ၁၈နှစ် ကျောက်ကာရပ်ကွက်မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး (ဈေးရောင်းဝယ်)တို့ မောင်းနှင်လာသည့်SHAYAN 125 နီ/နက်ကြားဆ်ုင်ကယ်အားတိုက်မိခဲ့ ရာဇော်မင်းမှာ နဖူး ပေါက်ပြဲ ဘယ်မျက် လုံးအိမ်ဖူးရောင်နှာခေါင်းပါးစပ် သွေးထွက်ဒဏ်ရာများဖြင့်နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး

ထက်ဝေစံမှာဘယ်/ညာလက်ခုံပွန်းပဲ့ ဘယ်ခြေသလုံးပေါက်ပြဲဖူးရောင် ဘယ်ပေါင်ဖူးရောင် ယာဖနောင့်ပေါက်ပြဲ ဒဏ်ရာများရှိခဲ့၍ ရဲဆေးစာနှင့်မော်ဟန်မေတ္တာသင်္ဂဟလူမှုကူညီရေးယာဉ်ဖြင့်မိုးညှင်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ် ။

အခင်းဖြစ်ရာသို့မော်ဟန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ဆန်းဝင်းရာအိမ်မှူးဦးအောင်ကျော်စိုးအဖွဲ့မော်ဟန်ရဲကင်းစခန်းမှူးရဲအုပ်ကျော်ညွန့်ဝင်းအဖွဲ့နှင့်မေတ္တာသင်္ဂဟလူမှုကူညီရေးအဖွဲ့တို့ရောက်ရှိခဲ့ပြီးလိုအပ်သည်များကိုဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါတယ် ။

ဖြစ်စဉ်ကြောင့် မိုးညှင်းမြို့မရဲစခန်းကယာဉ်မဆင်မချင်မောင်းနှင်မှုဖြင့်အမှုဖွင့်အရေးယူခဲ့ပြီးယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်နေသဖြင့်ဥပဒေအရဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက်အပူတပြင်းစုံစမ်းရှာဖွေလျက်ရှိကြောင်းသိရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Zin Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top