လာမည့္ပညာသင္ႏွစ္တြင္ အေျခခံပညာ အတန္းမ်ားသည္ မတ္လကုန္ထိ ေက်ာင္းတက္ရမည္ ျဖစ္ေသာေၾကာင့္ တကၠ သိုလ္ဝင္စာေမးပြဲအား ဧၿပီလတြင္ ေျပာင္းလဲက်င္းပ ႏိုင္ဖြယ္ရွိေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

တကၠသိုလ္ဝင္ စာေမးပြဲမ်ားသည္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အထိ ႏွစ္စဥ္ မတ္လတြင္ က်င္းပလ်က္ရွိရာ လာမည့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွစ၍ ဧၿပီတြင္ ေျပာင္းလဲက်င္းပ ႏိုင္ဖြယ္ရွိေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာၾကားသည္။

“တကၠသိုလ္ဝင္စာေမးပြဲက ေလးလပိုင္းအထိ ေရာက္သြားႏိုင္တယ္။ ေလးလပိုင္း ပထမအပတ္ေလာက္ေပါ့” ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္မွစ၍ အေျခခံပညာ အတန္းမ်ား၏ ေက်ာင္းတက္ရက္မ်ားသည္ ပုံမွန္တက္ေနက် ျဖစ္ေသာ ဇြန္လမွ ေဖေဖာ္ဝါရီလအထိ မဟုတ္ေတာ့ဘဲ မတ္လကုန္ထိ တိုးျမႇင့္တက္ရမည္ ျဖစ္သည္။

ထို႔အျပင္ စတုတၳတန္း၊ အ႒မတန္းႏွင့္ တကၠသိုလ္ဝင္တန္းမွလြဲ၍ အေျခခံပညာ အတန္းမ်ား၏ အခန္းဆုံး၊ ႏွစ္ဝက္ဆုံးႏွင့္ ႏွစ္ဆုံးစာေမးပြဲမ်ားအား ပထမအႀကိမ္ စစ္ေဆးျခင္းကို ဇူလိုင္၊ ၾသဂုတ္တြင္ လည္းေကာင္း၊ ဒုတိယအႀကိမ္ စစ္ေဆးျခင္းကို ေအာက္တိုဘာလတြင္လည္းေကာင္း၊ တတိယအႀကိမ္ေျမာက္ စစ္ေဆးျခင္းကို ဒီဇင္ဘာလတြင္ လည္းေကာင္း၊ စတုတၳအႀကိမ္ စစ္ေဆးျခင္းကို ေဖေဖာ္ဝါရီလတြင္လည္းေကာင္း စစ္ေဆးလ်က္ရွိၿပီး လာမည့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွစ၍ ပထမအႀကိမ္ စစ္ေဆးျခင္းကို ဇူလိုင္၊ ၾသဂုတ္တြင္ လည္းေကာင္း၊ ဒုတိယအႀကိမ္ စစ္ေဆးျခင္းကို ေအာက္တိုဘာလတြင္ လည္းေကာင္း၊ တတိယအႀကိမ္ေျမာက္ စစ္ေဆးျခင္းကို ဒီဇင္ဘာလတြင္လည္းေကာင္း၊ စတုတၳအႀကိမ္ စစ္ေဆးျခင္းကို မတ္လ ေနာက္ဆုံးပတ္တြင္ လည္းေကာင္း ေျပာင္းလဲစစ္ေဆး သြားမည္ျဖစ္ေၾကာင္း သိရသည္။

“မတ္ ၃၁ရက္အထိကေတာ့ ေက်ာင္းကို ၁၀ လ အျပည့္တက္ဖို႔ အဲဒီလိုတက္လိုက္ျခင္းအားျဖင့္ ကေလးေတြလည္း သင္ၾကားဖို႔ အခ်ိန္ပိုရသြားတာေပါ့” ဟု အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

တကၠသိုလ္ဝင္စာေမးပြဲမ်ားကို ႏွစ္စဥ္မတ္လတြင္ က်င္းပလ်က္ရွိၿပီး ၂၀၁၈-၂၀၁၉ တကၠသိုလ္ဝင္ စာေမးပြဲကို မတ္ ၆ ရက္မွ ၁၅ ရက္အထိ က်င္းပခဲ့သည္။ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္စာရင္းမ်ားအား ႏွစ္စဥ္ ဇြန္တြင္ ထုတ္ျပန္လ်က္ရွိသည္။

ျမန္မာႏိုင္ငံတြင္ အေျခခံပညာ မူလတန္း၊ အလယ္တန္း၊ အထက္တန္းဆင့္ ေက်ာင္းေပါင္း ေလးေသာင္းခုႏွစ္ေထာင္ ေက်ာ္ရွိၿပီး ယင္းအေျခခံပညာ ေက်ာင္းမ်ား၌ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ ပညာသင္ၾကားခဲ့သည့္ ေက်ာင္းသားေက်ာင္းသူ ကိုးသန္းေက်ာ္ရွိေၾကာင္း ပညာေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ထားမႈအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ အတန်းများသည် မတ်လကုန်ထိ ကျောင်းတက်ရမည် ဖြစ်သောကြောင့် တက္က သိုလ်ဝင်စာမေးပွဲအား ဧပြီလတွင် ပြောင်းလဲကျင်းပ နိုင်ဖွယ်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

တက္ကသိုလ်ဝင် စာမေးပွဲများသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ နှစ်စဉ် မတ်လတွင် ကျင်းပလျက်ရှိရာ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ဧပြီတွင် ပြောင်းလဲကျင်းပ နိုင်ဖွယ်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

“တက္ကသိုလ်ဝင်စာမေးပွဲက လေးလပိုင်းအထိ ရောက်သွားနိုင်တယ်။ လေးလပိုင်း ပထမအပတ်လောက်ပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှစ၍ အခြေခံပညာ အတန်းများ၏ ကျောင်းတက်ရက်များသည် ပုံမှန်တက်နေကျ ဖြစ်သော ဇွန်လမှ ဖေဖော်ဝါရီလအထိ မဟုတ်တော့ဘဲ မတ်လကုန်ထိ တိုးမြှင့်တက်ရမည် ဖြစ်သည်။

ထို့အပြင် စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းမှလွဲ၍ အခြေခံပညာ အတန်းများ၏ အခန်းဆုံး၊ နှစ်ဝက်ဆုံးနှင့် နှစ်ဆုံးစာမေးပွဲများအား ပထမအကြိမ် စစ်ဆေးခြင်းကို ဇူလိုင်၊ သြဂုတ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် စစ်ဆေးခြင်းကို အောက်တိုဘာလတွင်လည်းကောင်း၊ တတိယအကြိမ်မြောက် စစ်ဆေးခြင်းကို ဒီဇင်ဘာလတွင် လည်းကောင်း၊ စတုတ္ထအကြိမ် စစ်ဆေးခြင်းကို ဖေဖော်ဝါရီလတွင်လည်းကောင်း စစ်ဆေးလျက်ရှိပြီး လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ပထမအကြိမ် စစ်ဆေးခြင်းကို ဇူလိုင်၊ သြဂုတ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် စစ်ဆေးခြင်းကို အောက်တိုဘာလတွင် လည်းကောင်း၊ တတိယအကြိမ်မြောက် စစ်ဆေးခြင်းကို ဒီဇင်ဘာလတွင်လည်းကောင်း၊ စတုတ္ထအကြိမ် စစ်ဆေးခြင်းကို မတ်လ နောက်ဆုံးပတ်တွင် လည်းကောင်း ပြောင်းလဲစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

“မတ် ၃၁ရက်အထိကတော့ ကျောင်းကို ၁၀ လ အပြည့်တက်ဖို့ အဲဒီလိုတက်လိုက်ခြင်းအားဖြင့် ကလေးတွေလည်း သင်ကြားဖို့ အချိန်ပိုရသွားတာပေါ့” ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲများကို နှစ်စဉ်မတ်လတွင် ကျင်းပလျက်ရှိပြီး ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများအား နှစ်စဉ် ဇွန်တွင် ထုတ်ပြန်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းပေါင်း လေးသောင်းခုနှစ်ထောင် ကျော်ရှိပြီး ယင်းအခြေခံပညာ ကျောင်းများ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူ ကိုးသန်းကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top