ရာသီဥတုကေတာ့ တစ္ေန႔ထက္တစ္ေန႔ ပူျပင္းလာပါၿပီ။ အညာေဒသေတြကေတာ့ မိုးရိပ္ေလရိပ္လည္း မျမင္၊ ရာသီဥတုကလည္း စင္တီဂရိတ္ (၄၃-၄၅)ေလာက္ နီးပါးေလာက္ကို တက္ေနေတာ့ သက္ႀကီး႐ြယ္အိုေတြ၊ က်န္းမာေရးမေကာင္းသူေတြ တျဖဳတ္ျဖဳတ္နဲ႔ ကြယ္လြန္ေနၾကေၾကာင္း သတင္းၾကားရတာ စိတ္မေကာင္းစရာဘဲဗ်ာ။

ရန္ကုန္မွာလည္း ကိုယ့္အိမ္မွာဘဲ ေနရင္ေတာ့ သိပ္မသိသာဘူးေပါ့ဗ်ာ။ အျပင္ကို ကိစၥရွိလို႔ ထြက္မိလိုက္ရင္ တကၠစီ စီးရတာကိုက ငရဲခံေနရသလား မွတ္ရတယ္။ မီးပြိဳင့္ေစာင့္ေနရလို႔ျဖစ္ျဖစ္၊ Traffic Jam ျဖစ္ေနလို႔ျဖစ္ျဖစ္ ေနပူထဲၾကာၾကာရပ္ေနရေလေလ၊ အပူဒဏ္ကို ေသမတတ္ ခံရေလေလဘဲ။

ကိုယ္ေတာင္ ဒီေလာက္ အပူဒဏ္ ခံေနရတာဆိုရင္ တစ္ေနကုန္ ကားေမာင္းေနရတဲ့ တကၠစီသမားေတြရဲ႕ ဘဝကို စာနာမိတယ္။ အခုေနာက္ပိုင္း ဝင္လာတဲ့ ကားေတြမွာ “အဲယားကြန္း” ေတြ ပါပါတယ္။ ဒါေပမယ့္ တကၠစီသမားေတြခဗ်ာ မဖြင့္ႏိုင္ဘူး ခင္ဗ်။ တကၠစီေတြက တစ္ေန႔ထက္တစ္ေန႔ ေပါလာေတာ့ အေခါက္ေရက နည္းလာတဲ့အထဲ အဲယားကြန္းဖြင့္လိုက္ရင္ ဆီပိုစားၿပီး ေန႔တြက္မကိုက္မွာမို႔ ဒီအတိုင္း အပူဒဏ္ကို ႀကိတ္မွိတ္ခံၿပီး ကားဆြဲေနၾကရတဲ့ သူတို႔ဘဝကို ၾကည့္ၿပီး စိတ္မေကာင္းဘူး။

ဒါေၾကာင့္ အခုရက္ပိုင္း တကၠစီငွားရင္ ကားခကို သူတို႔ေတာင္းတဲ့အတိုင္း ေပးလိုက္တာပါဘဲ။ တန္၏ မတန္၏ ၾကည့္မေနေတာ့ပါဘူး။ သူတို႔လည္း ပိုေတာင္းရင္ (၁၅၀၀) ခရီးကို (၂၀၀၀) ေလာက္ပါဘဲ။ ဒါလည္း အလႉတစ္ခုဘဲေလ။

ကဲ – တကၠစီသမားေတြ အေၾကာင္း ေျပာရင္းနဲ႔ အခုလို ပူျပင္းလွတဲ့ ေႏြရာသီမ်ိဳးမွာ အပူဒဏ္မခံႏိုင္ သူမ်ားအတြက္ နည္းေကာင္းေလးတစ္ခု ေပးခ်င္ပါတယ္။

ဒီနည္းေလးကေတာ့ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ ဆရာသာဂဒိုး ရဲ႕ နည္းေလးပါ။ က်န္းမာတဲ့ လူေတြ အတြက္ေတာ့ သိပ္မသိသာေပမယ့္ မက်န္းမာသူ ၊ အသက္ႀကီးသူမ်ားအတြက္ေတာ့ အလြန္သိသာပါတယ္။

ေဆးနည္းေလးက –

ကြၽန္ေတာ္တို႔ ေန႔စဥ္ေသာက္ေနတဲ့ “ေရေႏြးၾကမ္း” ပါဘဲ။ မနက္ေစာေစာကတည္းက ေရေႏြးၾကမ္္းကို က်က်ေလးႏွပ္၊ ၿပီးရင္ လုံးဝေအးသြားတဲ့အထိ အေအးခံထား။ ေန႔လည္ေလာက္ဆို ေသာက္လို႔ရၿပီ။ ေန႔လည္ အပူခ်ိန္တက္ေနတဲ့ အခ်ိန္မွာ ႐ိုး႐ိုးေရမေသာက္ဘဲ အဲဒီ ေရေႏြးၾကမ္းအေအးကိုသာ ေသာက္ေန။ တကယ္ အပူဒဏ္ ခံႏိုင္တယ္။

ေနပူထဲမွာ ကားေမာင္းေနရတဲ့ ဒ႐ိုင္ဘာေတြလည္း မနက္ကတည္းက ဒီိလို ေရေႏြးၾကမ္းအေအးကို ေရသန႔္ဗူးေလးနဲ႔ (၂)ဗူး (၃)ဗူးေလာက္ ထည့္ထား။ ႐ိုး႐ိုးေရအစား အဲဒါဘဲေသာက္ၾကည့္။ ခါတိုင္းေန႔ေတြေလာက္ အပူဒဏ္ကို မခံရတာ သတိထားမိပါလိမ့္မယ္။

တစ္ခုသတိထားရမွာေတာ့ လဘၻက္ေျခာက္ကိုေတာ့ သိပ္အေပါစား အညံ့စားႀကီး မသုံးနဲ႔ေပါ့ဗ်ာ။ ေတာ္ၾကာ ဆိုးေဆးေတြထပ္ဆိုးၿပီး အႀကံအဖန္လုပ္ထားတဲ့ လဘၻက္ေျခာက္ အတုေတြနဲ႔ ေတြ႕သြားၿပီး ေဆးမျဖစ္ဘဲ၊ ေဘးလည္းျဖစ္သြားဦးမယ္။

ဒီရာသီမွာ လုံးလုံးေရွာင္သင့္တာကေတာ့ ေရခဲေရပါဘဲ။ ေသာက္လိုက္တဲ့ ခဏေတာ့ ေအးသြားသလို ရွိေပမယ့္ ေနာက္ပိုင္း ရင္ေတြပူလာ၊ ေရပို ငတ္လာ ၊ အဆင္မသင့္ရင္ ဆီးဝမ္းပါ ခ်ဳပ္ၿပီး ၊ ဆီးပူဆီးေအာင့္ပါ ျဖစ္လာမယ္။ လည္ေခ်ာင္းေတြ နာလာမယ္။ အာသီးေတြ ေရာင္လာမယ္။ ေခ်ာင္းေတြ ဆိုးလာမယ္။ မ်က္ေစ့ေတြ ေဝလာမယ္။ အသက္ငယ္သူေတြ၊ က်န္းမာေရး ေကာင္းသူေတြေတာ့ မေျပာတတ္ဘူး။ အသက္ႀကီးသူေတြနဲ႔ က်န္းမာေရး မေကာင္းသူေတြအတြက္ေတာ့ ဒီေလာက္ပူျပင္းတဲ့ ရာသီမွာ ေရခဲေရဟာ သိပ္အႏၲရာယ္ ႀကီးပါတယ္။

ေနာက္ထပ္ အပူၿငိမ္းေစတဲ့ အစားအစာတစ္ခုလည္း တင္ျပခ်င္ပါေသးတယ္။ အဲဒါကေတာ့ ျမန္မာ့႐ိုးရာ စားစရာ ထန္းလွ်က္ပါ။ ထန္းလွ်က္ ဟာ အခုလို ပူျပင္းတဲ့ ရာသီမွာ တကယ္စားသင့္တဲ့ အစာတစ္ခုပါ။ ထန္းလွ်က္ဟာ ကိုယ္ခႏၶာရဲ႕ သက္ေစာင့္ဓာတ္ျဖစ္တဲ့ ဝမ္းမီးကို အလြန္မွန္ေစပါတယ္။ ခ်ိဳတာျခင္း တူေပမယ့္ သၾကား၊ ႀကံသကာ ေတြနဲ႔ မတူပါဘူး။

ကြၽန္ေတာ္တို႔ အဖိုးအဖြားေတြ ရွိတုန္းကေတာ့ ေနပူထဲက ျပန္္လာရင္ ေရမေသာက္ခင္ ထန္းလွ်က္ တစ္လုံးႏွစ္လုံးကို အရင္စားခိုင္းၿပီးမွ ေရေသာက္ခိုင္းေလ့ ရွိပါတယ္။ ထန္းလွ်က္ဟာ ကိုယ္တြင္း အပူမီးကို ၿငိမ္းေစတာေၾကာင့္ အပူနဲ႔ အေအးေတြ႕ၿပီး ဒုကၡေရာက္တာမ်ိဳး မျဖစ္ေစဘူးလို႔ ဆိုပါတယ္။ အပူလွ်ပ္ၿပီး ဖ်ားတာမ်ိဳး မျဖစ္ေစဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီေခတ္မွာကလည္း ထန္းလွ်က္ဆိုတာ ကေလးေတြ မစားၾကေတာ့ဘူးခင္ဗ်။ (ကြၽန္ေတာ့္ သားသမီးေတြဆို ေခ်ာ့ေကြၽးေကြၽး/ ေျခာက္ေကြၽးေကြၽး၊ ေကြၽးလို႔ မရပါဘူး။ သားသမီးကို မိဘ မႏိုင္တဲ့ေခတ္)

“ထန္းလွ်က္”မွာလည္း အေရာင္ျဖဴေနတဲ့ ထန္းလွ်က္ေတြဟာ အာနိသင္ သိပ္မရွိဘူး။ အနီေရာင္ ရင့္ရင့္ရွိတဲ့ ထန္းလွ်က္မ်ိဳးမွ အာနိသင္ ရွိပါတယ္။ ရန္ကုန္မွာတာ့ ဒီလို ထန္းလွ်က္မ်ိဳး ရွာလို႔ခက္ပါတယ္။ သိမ္ႀကီးေဈး တစ္ဝိုက္မွာေတာ့ ရွိတတ္ပါတယ္။

ဒါကေတာ့ အပူဒဏ္ကို မခံႏိုင္သူမ်ားနဲ႔ အပူဒဏ္ကို ကာကြယ္လိုသူမ်ားအတြက္္ ပို႔စ္ေလးတစ္ခုပါ။ က်န္းမာခ်မ္းသာၾကပါေစ။

ေဒါက္တာတင္ဗိုလ္ဗိုလ္ (ကြန္ပ်ဴေဗဒသုခုမ)

မွတ္ခ်က္္

အပူဒဏ္ေၾကာင့္ ေခြၽးမ်ားအရမ္းထြက္ၿပီး ေမာပန္းႏြမ္းနယ္မႈ မ်ားလြန္းေနလွ်င္ ဓာတ္ဆားရည္ ေသာက္ရန္ လိုပါလိမ့္မည္။ ဓာတ္ဆားရည္သည္ ဝမ္းသြားမွ ေသာက္ရန္မဟုတ္ပါ။ အပူဒဏ္ေၾကာင့္ပင္ပန္း ႏြမ္းနယ္လြန္းလွ်င္လည္း ေသာက္သင့္ပါသည္။ ေသြးတိုးရွိသူမ်ားအတြက္ေတာ့ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီးမွ ေသာက္ပါ။ ထန္းလွ်က္ကလည္း ဆီးခ်ိဳရွိသူမ်ား သင့္ေတာ္မည္ မဟုတ္ပါ။ ေရေႏြးၾကမ္းေအးကေတာ့ မတည့္သည့္ေရာဂါ မရွိေသာေၾကာင့္ အေကာင္းဆုံး ျဖစ္မည္ ထင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပူပြင်းလာပါပြီ။ အညာဒေသတွေကတော့ မိုးရိပ်လေရိပ်လည်း မမြင်၊ ရာသီဥတုကလည်း စင်တီဂရိတ် (၄၃-၄၅)လောက် နီးပါးလောက်ကို တက်နေတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။

ရန်ကုန်မှာလည်း ကိုယ့်အိမ်မှာဘဲ နေရင်တော့ သိပ်မသိသာဘူးပေါ့ဗျာ။ အပြင်ကို ကိစ္စရှိလို့ ထွက်မိလိုက်ရင် တက္ကစီ စီးရတာကိုက ငရဲခံနေရသလား မှတ်ရတယ်။ မီးပွိုင့်စောင့်နေရလို့ဖြစ်ဖြစ်၊ Traffic Jam ဖြစ်နေလို့ဖြစ်ဖြစ် နေပူထဲကြာကြာရပ်နေရလေလေ၊ အပူဒဏ်ကို သေမတတ် ခံရလေလေဘဲ။

ကိုယ်တောင် ဒီလောက် အပူဒဏ် ခံနေရတာဆိုရင် တစ်နေကုန် ကားမောင်းနေရတဲ့ တက္ကစီသမားတွေရဲ့ ဘဝကို စာနာမိတယ်။ အခုနောက်ပိုင်း ဝင်လာတဲ့ ကားတွေမှာ “အဲယားကွန်း” တွေ ပါပါတယ်။ ဒါပေမယ့် တက္ကစီသမားတွေခဗျာ မဖွင့်နိုင်ဘူး ခင်ဗျ။ တက္ကစီတွေက တစ်နေ့ထက်တစ်နေ့ ပေါလာတော့ အခေါက်ရေက နည်းလာတဲ့အထဲ အဲယားကွန်းဖွင့်လိုက်ရင် ဆီပိုစားပြီး နေ့တွက်မကိုက်မှာမို့ ဒီအတိုင်း အပူဒဏ်ကို ကြိတ်မှိတ်ခံပြီး ကားဆွဲနေကြရတဲ့ သူတို့ဘဝကို ကြည့်ပြီး စိတ်မကောင်းဘူး။

ဒါကြောင့် အခုရက်ပိုင်း တက္ကစီငှားရင် ကားခကို သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တာပါဘဲ။ တန်၏ မတန်၏ ကြည့်မနေတော့ပါဘူး။ သူတို့လည်း ပိုတောင်းရင် (၁၅၀၀) ခရီးကို (၂၀၀၀) လောက်ပါဘဲ။ ဒါလည်း အလှူတစ်ခုဘဲလေ။

ကဲ – တက္ကစီသမားတွေ အကြောင်း ပြောရင်းနဲ့ အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အပူဒဏ်မခံနိုင် သူများအတွက် နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။

ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာသာဂဒိုး ရဲ့ နည်းလေးပါ။ ကျန်းမာတဲ့ လူတွေ အတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာပါတယ်။

ဆေးနည်းလေးက –

ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ်၊ ပြီးရင် လုံးဝအေးသွားတဲ့အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။ နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်းအအေးကိုသာ သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။

နေပူထဲမှာ ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်းအအေးကို ရေသန့်ဗူးလေးနဲ့ (၂)ဗူး (၃)ဗူးလောက် ထည့်ထား။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်။ ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။

တစ်ခုသတိထားရမှာတော့ လဘ္ဘက်ခြောက်ကိုတော့ သိပ်အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုးဆေးတွေထပ်ဆိုးပြီး အကြံအဖန်လုပ်ထားတဲ့ လဘ္ဘက်ခြောက် အတုတွေနဲ့ တွေ့သွားပြီး ဆေးမဖြစ်ဘဲ၊ ဘေးလည်းဖြစ်သွားဦးမယ်။

ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ ရေခဲရေပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊ အဆင်မသင့်ရင် ဆီးဝမ်းပါ ချုပ်ပြီး ၊ ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။ လည်ချောင်းတွေ နာလာမယ်။ အာသီးတွေ ရောင်လာမယ်။ ချောင်းတွေ ဆိုးလာမယ်။ မျက်စေ့တွေ ဝေလာမယ်။ အသက်ငယ်သူတွေ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ ရေခဲရေဟာ သိပ်အန္တရာယ် ကြီးပါတယ်။

နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ ထန်းလျှက်ပါ။ ထန်းလျှက် ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား၊ ကြံသကာ တွေနဲ့ မတူပါဘူး။

ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျှက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။ ထန်းလျှက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျှက်ဆိုတာ ကလေးတွေ မစားကြတော့ဘူးခင်ဗျ။ (ကျွန်တော့် သားသမီးတွေဆို ချော့ကျွေးကျွေး/ ခြောက်ကျွေးကျွေး၊ ကျွေးလို့ မရပါဘူး။ သားသမီးကို မိဘ မနိုင်တဲ့ခေတ်)

“ထန်းလျှက်”မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျှက်တွေဟာ အာနိသင် သိပ်မရှိဘူး။ အနီရောင် ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ အာနိသင် ရှိပါတယ်။ ရန်ကုန်မှာတာ့ ဒီလို ထန်းလျှက်မျိုး ရှာလို့ခက်ပါတယ်။ သိမ်ကြီးဈေး တစ်ဝိုက်မှာတော့ ရှိတတ်ပါတယ်။

ဒါကတော့ အပူဒဏ်ကို မခံနိုင်သူများနဲ့ အပူဒဏ်ကို ကာကွယ်လိုသူများအတွက် ပို့စ်လေးတစ်ခုပါ။ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

မှတ်ချက်

အပူဒဏ်ကြောင့် ချွေးများအရမ်းထွက်ပြီး မောပန်းနွမ်းနယ်မှု များလွန်းနေလျှင် ဓာတ်ဆားရည် သောက်ရန် လိုပါလိမ့်မည်။ ဓာတ်ဆားရည်သည် ဝမ်းသွားမှ သောက်ရန်မဟုတ်ပါ။ အပူဒဏ်ကြောင့်ပင်ပန်း နွမ်းနယ်လွန်းလျှင်လည်း သောက်သင့်ပါသည်။ သွေးတိုးရှိသူများအတွက်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ ထန်းလျှက်ကလည်း ဆီးချိုရှိသူများ သင့်တော်မည် မဟုတ်ပါ။ ရေနွေးကြမ်းအေးကတော့ မတည့်သည့်ရောဂါ မရှိသောကြောင့် အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top