ေဆးေျခာက္စိုက္ခင္း လို႔ နာမည္ၾကီးေနတဲ႔ ငါန္းဇြန္ၿမိဳ႕နယ္ထဲက စိုက္ခင္းပိုင္ရွင္ေတြကို မူးယစ္မႈႏွင့္ ဖမ္းဆီးလိုက္ပါတယ္

ဧၿပီ ၂၂ ရက္ေန႔ ၁၇၁၅ အခ်ိန္ မႏၱေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႔ဝင္မ်ား၊ ဓာတုေဗဒစစ္ေဆးေရးဌာနခြဲ (မႏၱေလး)၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန၊ မူးယစ္တပ္ဖြဲ႔ခြဲ(၁)မႏၱေလးမွ တပ္ဖြဲ႔ဝင္မ်ား၊ မူးယစ္တပ္ဖြဲ႔စု(၁၈)မႏၱေလး(ေတာင္)မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ မႏၱေလးတိုင္း ေဒသႀကီး၊ ျမင္းျခံခရိုင္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ မႏၱေလးၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ဝင္း၊ အမွတ္(၂)လုပ္ကြက္အတြင္းရွိ III M Glabal Nutracetical Company စိုက္ခင္းသို႔ သြားေရာက္စစ္ေဆးခဲ႕ပါသည္။

စိုက္ခင္း ဧက ၂၀ တြင္ ေဆးေျခာက္ အပင္ေပါင္း ၃၄၉,၂၉၀ ခန္႔၊ ပ်ိဳးပင္ ၅၂၀ဝ ခန္႕ရွိၿပီး ဆာလာအိတ္ ၁၉ အိတ္အတြင္းမွ ေဆးေျခာက္အေစ့ (မ်ိဳးေစ့) ၃၈၀ ကီလို၊ ဖန္ပုလင္းအတြင္းမွ ေဆးေျခာက္အဆီ ၁,၈၀၄ ဂရမ္၊ Formic Acid ၁ လီတာ၊ အက္သေနာ အရည္ ၄၅.၆ လီတာ၊ အယ္ကိုေဟာအရည္ ၂၂.၈ လီတာ၊ Bio Maxs အစိမ္းေရာင္အရည္ ၆ လီတာ၊ Acetone အရည္ ၅ လီတာ၊ Acetonitrile အရည္ ၅ လီတာ၊ Concort Water ၃လီတာ၊ တို႔ကို ေတြ႔ရွိခဲ႔ပါသည္။

၄င္းအျပင္ Methonal အရည္ ၁၂.၅ လီတာ၊ အမိုနီယမ္ေဖာ့စဖိတ္ ၅၀ဝ ဂရမ္ပါ ေမာ္ေတာ္ယာဥ္ ၂ စီး၊ ေဆးေျခာက္ ၂၇၀.၅ ကီလိုႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့သျဖင့္ ရွိန္းလတ္(၃၇)ႏွစ္၊ မရႊန္းလဲ့ျမတ္နိုး(၂၃)ႏွစ္၊ အေမရိကန္နိုင္ငံသားမ်ားျဖစ္ၾကေသာ Mr. John Fredric Todoroki (၆၃)ႏွစ္ႏွင့္ Mr. Alexander Skemp Todoroki (၄၉)ႏွစ္(စံုစမ္းဆဲ)တို႔အား မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:CCDAC Myanmar
#Unicode Version#
 ဆေးခြောက်စိုက်ခင်း လို့ နာမည်ကြီးနေတဲ့ ငါန်းဇွန်မြို့နယ်ထဲက စိုက်ခင်းပိုင်ရှင်တွေကို မူးယစ်မှုနှင့် ဖမ်းဆီးလိုက်ပါတယ်

ဧပြီ ၂၂ ရက်နေ့ ၁၇၁၅ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲ (မန္တလေး)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့ခွဲ(၁)မန္တလေးမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းရှိ III M Glabal Nutracetical Company စိုက်ခင်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ ပျိုးပင် ၅၂၀ဝ ခန့်ရှိပြီး ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနော အရည် ၄၅.၆ လီတာ၊ အယ်ကိုဟောအရည် ၂၂.၈ လီတာ၊ Bio Maxs အစိမ်းရောင်အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃လီတာ၊ တို့ကို တွေ့ရှိခဲ့ပါသည်။

၎င်းအပြင် Methonal အရည် ၁၂.၅ လီတာ၊ အမိုနီယမ်ဖော့စဖိတ် ၅၀ဝ ဂရမ်ပါ မော်တော်ယာဉ် ၂ စီး၊ ဆေးခြောက် ၂၇၀.၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် ရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊ အမေရိကန်နိုင်ငံသားများဖြစ်ကြသော Mr. John Fredric Todoroki (၆၃)နှစ်နှင့် Mr. Alexander Skemp Todoroki (၄၉)နှစ်(စုံစမ်းဆဲ)တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:CCDAC Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top