ကိုရီးယားမှာ ကျောင်းတက်ရင်း ဖူးစာစုံခဲ့တဲ့ မြန်မာမလေး နဲ့ ကိုရီးယားလူငယ်လေးတို့ရဲ့ မြန်မာဆန်ဆန်မင်္ဂလာပွဲလေး 2
 ကိုရီးယားမှာ ကျောင်းတက်ရင်း ဖူးစာစုံခဲ့တဲ့ မြန်မာမလေး နဲ့ ကိုရီးယားလူငယ်လေးတို့ရဲ့ မြန်မာဆန်ဆန်မင်္ဂလာပွဲလေး 4ကိုရီးယားမှာ ကျောင်းတက်ရင်း ဖူးစာစုံခဲ့တဲ့ မြန်မာမလေး နဲ့ ကိုရီးယားလူငယ်လေးတို့ရဲ့ မြန်မာဆန်ဆန်မင်္ဂလာပွဲလေး 6
ကိုရီးယားမှာ ကျောင်းတက်ရင်း ဖူးစာစုံခဲ့တဲ့ မြန်မာမလေး နဲ့ ကိုရီးယားလူငယ်လေးတို့ရဲ့ မြန်မာဆန်ဆန်မင်္ဂလာပွဲလေး 7
Credit:ဆယ်လီကမ္ဘာ
source: Kaung Sat
#Unicode Verison#
ဖူးစာ ဆိုတာတဲ့ အမျိုးဟာ ကြုံချင်ဆုံချင်လာရင်တောင် ရှောင်လွဲလို့ မရနိုင်သလို နိုင်ငံတွေ ဘယ်လောက်ထိ ခြားနေပါစေ။ ကြုံဖို့ ဆုံဖို့ ဖြစ်လာတတ်ပြီး နောက်ဆုံး တသက်လုံးစာလက်တွဲဖို့ ထိ ရေစက်ပါလာတတ်တာမျိုးဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ကိုရီးယားမလေးရဲ့ အချစ်ကို သိမ်းပိုက်ကာ လက်ထပ်ထိမ်းမြားသွားခဲ့တဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသား အညာသားလေး လိုပဲ လက်ရှိမှာ လည်း ကိုရီးယားလူမျိုး အိုပါးတစ်ယောက်ရဲ့ နှလုံးသားကို မြန်မာမလေးတစ်ယောက်က သိမ်းပိုက်လိုက်နိုင်ပြန်ပါပြီ။
မြန်မာမလေးတစ်ယောက်ဖြစ်တဲ့ မိန်းမလှလေး ဟာ ကိုရီးယာနိုင်ငံ၊ ဆိုးလ်မြို့မှာ ကိုရီးယားဘာသာ သင်ယူနေရင်း နဲ့ သူမရဲ့ ခင်ပွန်းဖြစ်လာမဲ့ ကိုရီးယားနိုင်ငံသား လူငယ်ချောချော လေးနဲ့ တွေ့ဆုံကာ ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို မိုးညင်းဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလေး အဖြစ် မြန်မာဓလေ့အတိုင်း ကျင်းပခဲ့ပြီး အရမ်းကို ရိုးှရိုးရှင်းရှင်းလေးနဲ့ အားကျဖွယ်ကောင်းလှပါတယ်။
ုမြန်မာနိုင်ငံသူ မိန်းမလှလေးကို ပွဲမှာတောင် မျက်စိအောက်က အပျောက်မခံ၊ ကိုရီးယားလူငယ်လေးက ချစ်မြတ်နိုးပြီး သူနဲ့ အသားမကျတဲ့ မြန်မာတိုက်ပုံ၊ နဲ့ ဝတ်စုံတွေကို သတို့သမီးလေးရဲ့ ရိုးရာအတိုင်း ဝတ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် မခွဲနိုင်တဲ့ အကြည့်လေးတွေက သက်သေဖြစ်သလို ချစ်ခြင်းတွေသက်သက်နဲ့ ပေါင်းစည်းခဲ့ကြတဲ့ ဒီစုံတွဲလေးဟာလည်း အရမ်းကို ချစ်ဖို့ကောင်းနေတာမို့ လူမှုကွန်ရက်မှာ လူအများစိတ်ဝင်စားခြင်းခံနေရပြီး ပရိသတ်ကြီးတို့ကော အားမကျဘူးလားး.. မှတ်ချက်လေးများပေးသွားကြပါဦးနော်..။
ဖိုးသူတော်(www.phothutaw.com)
Credit:ဆယ်လီကမ္ဘာ
source: Kaung Sat
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top