Credit:Myanmar Live
#Unicode Version#
 တကယ်သနားစရာ ကောင်းတဲ့ အဖြစ်ပါ။ သားသမီးမွေးထားပြီး အဆက်အသွယ်လည်းမရ ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေပြီလည်းမသိ
မိဘမောင်နှမတွေကတော့ မျှော်လင့်ချက် မကုန်သေးပဲ စောင့်လို့နေတုန်းပါ…
သမီးရေ ဒီစာလေးတွေ့ရင် မှတ်မိပြီး ပြန်လာခဲ့ပါနော်
ပတ်ဝန်းကျင်မှာ တွေမိရင်လည်း ပြောပေးကြဖို့ ကူညီကြပါနော်…
အတိတ်တွေများ မေ့နေလို့လား ဘာကြောင့်လား စိုးရိမ်မိတာ အမှန်ပါ။
ပျောက်ဆုံးနေတာ ၁၈ နှစ် နီးပါးရှိနေပြီဖြစ်တဲ့ သမီးပါ။ မိသားစုနဲ့ ပြန်တွေ့နိုင်အောင် ကူညီ ကြပါနော်
ကျေးဇူးပြုပြီး ဒီပို့စ်ကိုရှယ်ပေးပါ။
လူပျောက်ကြော်ငြာပါ။ မိခင်ဖြစ်သူကိုယ်တိုင် ကျနော့်ကိုလာပြီး အကူအညီတောင်းတာပါ။
ပျောက်ဆုံးနေသူမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ပေပင်တိုက်ကျေးရွာမှ အဖ ဦးငွေတင် အမိ ဒေါ်စောရွှေတို့ရဲ့ သမီး ကိုဇော်ဝင်းအောင်၏ညီမ ကိုဇော်ဝင်းမောင်၏အစ်မ မဌေးလှိုင်ဖြစ်ပါတယ်။
ပျောက်ဆုံးနေသည်မှာ ၁၈ နှစ်နီးပါးရှိပြီလို့ဆိုပါတယ်။ ဖြစ်ပုံက မဌေးလှိုင်ဟာ မြဝတီမြို့သို့ အလုပ်လုပ်ကိုင်သွားပြီး (၂) နှစ်အကြာမှာ လာအိုနိုင်ငံသို့ ပြောင်းလဲထွက်ခွာသွားတယ်လို့ဆိုပါတယ်။
လာအိုနိုင်ငံရောက်အပြီးနောက် တစ်ကြိမ်သာ ဖုန်းဖြင့် အဆက်အသွယ်လုပ်ပြီး နောက်နောင် အဆက်အသွယ်မရှိတော့တာ ၁၈ နှစ်နီးပါး ကြာခဲ့ပြီလို့ဆိုပါတယ်။
ဒါ့ကြောင့် ဒီစာကို မဌေးလှိုင်မြင်ပါက သက်ရှိထင်ရှားလည်း ရှိသေးပါက ဖော်ပြပါဖုန်းဖြင့် မိဘများထံ ပြန်လည်ဆက်သွယ်ပေးစေလိုပါတယ်။ မိဘများက ပြန်လည် မြင်တွေ့ချင်တယ်လို့ဆိုပါတယ်။
ဖုန်း 09 793824081/ 09 791461334/ 0949254204
ဖိုးသူတော်(www.phothutaw.com)
Credit:Myanmar Live
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top