ျမန္မာ့ေဘာလုံးကုိ ကမၻာ့ဖလားျပဳိင္ပြဲအထိ ဝင္ျပဳိင္ခြင့္ရေအာင္ ၾကဳိးပမ္းေပးခဲ့ၿပီး ေဘာလုံးပရိသတ္ေတြရဲ႕ အားေပးခ်င္းကိုလည္း အျပည့္အဝ အားေပးေထာက္ခံကုိ ရ႐ွိထားခဲ့တဲ့ ျမန္မာ့လက္ေရြးစင္ ေဘာလုံးကစားသမားေဟာင္း ေက်ာ္မင္းဦးကေတာ့ လက္႐ွိအခ်ိန္မွာ ဒဏ္ရာေၾကာင့္ ေဘာလုံးကစားျခင္းကုိ ရပ္လုိက္ရၿပီလုိ႔ ေၾကျငာခဲ့ေပမယ့္လည္း ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္ရဲ႕ ကူညီမႈေတြေၾကာင့္ ေဆးျပန္လည္ကုသခံယူေတာ့မွာျဖစ္ၿပီး ဘာလုံးကုိလည္း ျပန္ကစားေတာ့မယ္လုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ ေဘာလုံးကစားဖုိ႔မ႐ွိေသးတဲ့ အခ်ိန္ သ႐ုပ္ေဆာင္ပုိင္းအတြက္ လာကမ္းလွမ္းရင္လည္း လုပ္ျဖစ္မယ္လုိ႔ We Media ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေက်ာ္မင္းဦးက “ကြၽန္ေတာ္က သၾကၤန္တြင္းဆုိရင္ လက္ေရြးစင္ပြဲေတြ႐ွိလုိ႔ ျပန္လုိ႔မရဘူးဆုိရင္မျပန္ဘူး။ က်န္တဲ့ႏွစ္ေတြကေတာ့ အိမ္မွာပဲ ေနတာမ်ားတယ္။ ရြာမွာပဲ ေလ်ွာက္သြားၿပီး ဟုိပတ္ဒီပတ္ေပါ့။ ကြၽန္ေတာ္က ရြာဘက္မွာဆုိရင္ ညခင္းေတြ ထြက္လုိ႔ရတယ္ ညခင္းေတြ ေရလုိက္ပက္တာ ညတစ္နာရီ ႏွစ္နာရီဆုိရင္ သူတုိ႔က အိပ္ၿပီေလ အိပ္ၿပီဆုိရင္ ေဆာင္ျခဳံတာေတြပါ အကုန္ပတ္ အဲ့တာမ်ိဳးေတြကုိ သတိရတယ္ သူုယ္ခ်င္းေတြကုိ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြက သ႐ုပ္ေဆာင္တဲ့ အပုိင္းကုိ လုပ္ေစခ်င္ၾကတာနဲ႔ပတ္သက္ၿပီး “သ႐ုပ္ေဆာင္ဘက္ကုိက အရမ္းႀကီးေတာ့ အားမသန္ဘူး ကြၽန္ေတာ္က ေဘာလုံးကစားေနတာ ျဖစ္တဲ့အတြက္ ေဘာလုံးကန္တဲ့အခ်ိန္အားရင္ေတာ့ သူတုိ႔ ကမ္းလွမ္းတဲ့ အခ်ိန္နဲ႔ တုိက္ဆုိင္ရင္ေတာ့ လုပ္ရင္လုပ္ျဖစ္မွာေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

လက္႐ွိအခ်ိန္မွာ ရည္းစား႐ွိလုိ႔လားလုိ႔ ေမးျမန္းလုိက္ရာ “အဲ့ေမးခြန္းေျဖရအခက္ဆုံးပဲ ခ်စ္သူကေတာ့ မ႐ွိပါဘူး။ ႐ွိေစခ်င္တဲ့ ေကာင္မေလးပုံစံက အရပ္႐ွည္႐ွည္ Body အခ်ိဳးအစားမုိက္တယ္ ႐ုပ္ေလးကလည္း အသင့္အတင့္ေပါ့ေနာ္။ စိတ္ဓာတ္ေကာင္းရင္ ရပါၿပီ။”လုိ႔ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာ့ဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဝင်ပြိုင်ခွင့်ရအောင် ကြိုးပမ်းပေးခဲ့ပြီး ဘောလုံးပရိသတ်တွေရဲ့ အားပေးချင်းကိုလည်း အပြည့်အဝ အားပေးထောက်ခံကို ရရှိထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ကျော်မင်းဦးကတော့ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကို ရပ်လိုက်ရပြီလို့ ကြေငြာခဲ့ပေမယ့်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ကူညီမှုတွေကြောင့် ဆေးပြန်လည်ကုသခံယူတော့မှာဖြစ်ပြီး ဘာလုံးကိုလည်း ပြန်ကစားတော့မယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဘောလုံးကစားဖို့မရှိသေးတဲ့ အချိန် သရုပ်ဆောင်ပိုင်းအတွက် လာကမ်းလှမ်းရင်လည်း လုပ်ဖြစ်မယ်လို့ We Media ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကျော်မင်းဦးက “ကျွန်တော်က သြင်္ကန်တွင်းဆိုရင် လက်ရွေးစင်ပွဲတွေရှိလို့ ပြန်လို့မရဘူးဆိုရင်မပြန်ဘူး။ ကျန်တဲ့နှစ်တွေကတော့ အိမ်မှာပဲ နေတာများတယ်။ ရွာမှာပဲ လျှောက်သွားပြီး ဟိုပတ်ဒီပတ်ပေါ့။ ကျွန်တော်က ရွာဘက်မှာဆိုရင် ညခင်းတွေ ထွက်လို့ရတယ် ညခင်းတွေ ရေလိုက်ပက်တာ ညတစ်နာရီ နှစ်နာရီဆိုရင် သူတို့က အိပ်ပြီလေ အိပ်ပြီဆိုရင် ဆောင်ခြုံတာတွေပါ အကုန်ပတ် အဲ့တာမျိုးတွေကို သတိရတယ် သူုယ်ချင်းတွေကို။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေက သရုပ်ဆောင်တဲ့ အပိုင်းကို လုပ်စေချင်ကြတာနဲ့ပတ်သက်ပြီး “သရုပ်ဆောင်ဘက်ကိုက အရမ်းကြီးတော့ အားမသန်ဘူး ကျွန်တော်က ဘောလုံးကစားနေတာ ဖြစ်တဲ့အတွက် ဘောလုံးကန်တဲ့အချိန်အားရင်တော့ သူတို့ ကမ်းလှမ်းတဲ့ အချိန်နဲ့ တိုက်ဆိုင်ရင်တော့ လုပ်ရင်လုပ်ဖြစ်မှာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရည်းစားရှိလို့လားလို့ မေးမြန်းလိုက်ရာ “အဲ့မေးခွန်းဖြေရအခက်ဆုံးပဲ ချစ်သူကတော့ မရှိပါဘူး။ ရှိစေချင်တဲ့ ကောင်မလေးပုံစံက အရပ်ရှည်ရှည် Body အချိုးအစားမိုက်တယ် ရုပ်လေးကလည်း အသင့်အတင့်ပေါ့နော်။ စိတ်ဓာတ်ကောင်းရင် ရပါပြီ။”လို့ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top