ျမန္မာႏိုင္ငံ သတင္းစာဆရာမ်ား အသင္းကေန ပထမဆုံးအႀကိမ္ ဦးစီး က်င္းပတဲ့ Star Awards ဆုေပးပြဲႀကီးမွာ “ငယ္ကြၽန္”႐ုပ္ရွင္နဲ႔ သ႐ုပ္ေဆာင္ လူမင္းက “Actor In A Supporting Role Award” ဆု ရရွိခဲ့ပါတယ္။ အဆိုပါ ဆုရရွိတဲ့အေပၚ လူမင္းက မေမွ်ာ္လင့္ထားဘဲ ရတဲ့အတြက္ အံ့ၾသ ဝမ္းသာျဖစ္မိတယ္လို႔ ဆိုပါတယ္။

“ခံစားခ်က္ကေတာ့ ကိုယ္တို႔ေလာကကို ခ်ီးျမႇင့္တဲ့ ဆုတဆု တိုးလာတာ ကိုယ္တို႔ အေနနဲ႔ ႀကိဳဆိုတယ္။ အဲ့တာေၾကာင့္ အားေပးတဲ့ အေနနဲ႔ ဒီပြဲကို တက္တာပါ။ ဆုရမယ္လို႔ ေမွ်ာ္လည္း ေမွ်ာ္လင့္မထားပါဘူး။ မေမွ်ာ္လင့္ပဲရသြားေတာ့ အံ့လည္း အံံ့ၾသတယ္။ ဝမ္းလည္းဝမ္းသာပါတယ္။ ငယ္ကြၽန္ကို အကယ္ဒမီမွာ ကတည္းက ေျပာၾကတယ္။ ဆုကိုလည္း ေမ့ထားတာ။ ကိုယ္ ဒီကားမွာ အခန္းေတာ့ နည္းတယ္။ ပါရသေလာက္ေလးမွာ ထိထိမိမိ လုပ္ရတဲ့ အကြက္ေလးေတြ ပါတယ္”

“တြဲဖက္သ႐ုပ္ေဆာင္ စိုးျမတ္သူဇာကလည္း အရမ္း ေကာင္းပါတယ္။ Star Awards က အကယ္ဒမီမွာလို ခ်ီးျမႇင့္ဖူးျခင္း မရွိတဲ့ ဆုေတြ ခ်ီးျမႇင့္တာ အရမ္းေကာင္းပါတယ္။ မ်ိဳးဆက္သစ္ေတြအတြက္ ေပးတဲ့ဆုေတြ ဆိုလည္း အရမ္းေကာင္းတယ္။ သူတို႔လိုပဲ ကိုယ္တို႔လည္း အဲ့လို ျဖတ္သန္းခဲ့ရတာ။ မ်ိဳးဆက္သစ္ေတြကိုေပးတဲ့ ဆုေတြေတာ့ အရမ္းေကာင္းပါတယ္”လို႔ လူမင္းက ေျပာပါတယ္။

အကယ္ဒမီ ေပးပြဲနဲ႔ Star Awards ဆုေပးပြဲတို႔ရဲ႕ ကြာျခားခ်က္ေတြနဲ႔ အကယ္ဒမီ ဂယက္ထတာဟာ ပရိသတ္ ေမွ်ာ္လင့္ခ်က္နဲ႔ မကိုက္ညီခဲ့တာရယ္၊ မႏွစ္က ဂယက္အရွိန္နဲ႔ေၾကာင့္ ဒီႏွစ္ ဂယက္ ပိုႀကီးသြားတာ ထင္တယ္လို႔ လူမင္းက ေျပာပါတယ္။

“အကယ္ဒမီပြဲနဲ႔ Star Awards ယွဥ္ေျပာလို႔ေတာ့ မရဘူးေပါ့။ အကယ္ဒမီကလည္း အကယ္ဒမီေပးတဲ့ စည္းမ်ဥ္း စည္းကမ္းနဲ႔ သူလုပ္လာတဲ့ အစဥ္အလာနဲ႔ သူ႔ပုံစံနဲ႔ ေ႐ြးခ်ယ္ၿပီးေပးသလို Star Awards ကလည္း သူရဲ႕မူ၊ သူ႔ရဲ႕ေ႐ြးခ်ယ္မႈေတြနဲ႔ ေပးတာဆိုေတာ့။ အကယ္ဒမီကေတာ့ ႏွစ္ၾကာၿပီ။ Star Awards က အခုမွေပးတာဆိုေတာ့ သူလည္း သူ႔ဆုကို ပိုၿပီး ခိုင္မာေအာင္ အႏုပညာရွင္ေတြ၊ ပရိသတ္ေတြကိုလည္း ပိုၿပီး ယုံၾကည္မႈရွိေအာင္ သူ႔ရဲ႕ တန္ဖိုး ျမင့္တက္လာေအာင္ သူလည္း အမ်ားႀကီး ႀကိဳးစားရဦးမွာ ျဖစ္သလို အကယ္ဒမီကလည္း အစဥ္အလာကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားၾကရမွာပါပဲ”

“အကယ္ဒမီက ေခါက္႐ိုးက်ိဳးသင့္တဲ့ အပိုင္းေတြမွာ ေခါက္႐ိုးက်ိဳးေနတာ ရွိသလို ေျပာင္းလဲသင့္တဲ့ အရာေတြလည္း ေျပာင္းလဲဖို႔ သိေပမယ့္ ေျပာင္းလဲဖို႔ ခက္တဲ့ အေနအထားအခ်ိဳ႕ကို ကိုယ္ ကိုယ္တိုင္သိေပမယ့္ ကိုယ္တိုင္ ဥကၠ႒ လုပ္ခဲ့တာဆိုေတာ့ အဲ့လို အေျခအေနမ်ိဳးေတြလည္း သူတို႔မွာ ရွိပါတယ္။ အဓိကကေတာ့ ပရိသတ္ ေမွ်ာ္လင့္ခ်က္နဲ႔ မကိုက္ညီခဲ့တာရယ္၊ မႏွစ္က ထခဲ့တဲ့ ဂယက္အရွိန္ေၾကာင့္ ဒီႏွစ္ဂယက္ ပိုႀကီးသြားတယ္လို႔ ကိုယ္ကေတာ့ ခံစားမိတယ္”လို႔ လူမင္းက ေျပာပါတယ္။

“အေျပာင္းအလဲနဲ႔ ဂယက္ေတြကလည္း အခိုက္အတန႔္လို႔ပဲ ျမင္ပါတယ္။ ဒါေတြကို ေက်ာ္လႊားသြားၿပီးရင္ ေကာင္းတဲ့ဘက္ကို ေဆာင္မယ္လို႔ ယုံၾကည္တယ္”လို႔ လူမင္းက ဆိုပါတယ္။

၃ ထပ္ကြမ္း အကယ္ဒမီဆုရွင္ သ႐ုပ္ေဆာင္ လူမင္းဟာ၂၀၁၃ ခုႏွစ္၊ ဇြန္လက စတင္ကာ ၂၀၁၇ ခုႏွစ္အထိ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠ႒အျဖစ္ ၄ ႏွစ္ေက်ာ္ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လူမင္းက ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူကာ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဧရာဝတီ

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကနေ ပထမဆုံးအကြိမ် ဦးစီး ကျင်းပတဲ့ Star Awards ဆုပေးပွဲကြီးမှာ “ငယ်ကျွန်”ရုပ်ရှင်နဲ့ သရုပ်ဆောင် လူမင်းက “Actor In A Supporting Role Award” ဆု ရရှိခဲ့ပါတယ်။ အဆိုပါ ဆုရရှိတဲ့အပေါ် လူမင်းက မမျှော်လင့်ထားဘဲ ရတဲ့အတွက် အံ့သြ ဝမ်းသာဖြစ်မိတယ်လို့ ဆိုပါတယ်။

“ခံစားချက်ကတော့ ကိုယ်တို့လောကကို ချီးမြှင့်တဲ့ ဆုတဆု တိုးလာတာ ကိုယ်တို့ အနေနဲ့ ကြိုဆိုတယ်။ အဲ့တာကြောင့် အားပေးတဲ့ အနေနဲ့ ဒီပွဲကို တက်တာပါ။ ဆုရမယ်လို့ မျှော်လည်း မျှော်လင့်မထားပါဘူး။ မမျှော်လင့်ပဲရသွားတော့ အံ့လည်း အံံ့သြတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ငယ်ကျွန်ကို အကယ်ဒမီမှာ ကတည်းက ပြောကြတယ်။ ဆုကိုလည်း မေ့ထားတာ။ ကိုယ် ဒီကားမှာ အခန်းတော့ နည်းတယ်။ ပါရသလောက်လေးမှာ ထိထိမိမိ လုပ်ရတဲ့ အကွက်လေးတွေ ပါတယ်”

“တွဲဖက်သရုပ်ဆောင် စိုးမြတ်သူဇာကလည်း အရမ်း ကောင်းပါတယ်။ Star Awards က အကယ်ဒမီမှာလို ချီးမြှင့်ဖူးခြင်း မရှိတဲ့ ဆုတွေ ချီးမြှင့်တာ အရမ်းကောင်းပါတယ်။ မျိုးဆက်သစ်တွေအတွက် ပေးတဲ့ဆုတွေ ဆိုလည်း အရမ်းကောင်းတယ်။ သူတို့လိုပဲ ကိုယ်တို့လည်း အဲ့လို ဖြတ်သန်းခဲ့ရတာ။ မျိုးဆက်သစ်တွေကိုပေးတဲ့ ဆုတွေတော့ အရမ်းကောင်းပါတယ်”လို့ လူမင်းက ပြောပါတယ်။

အကယ်ဒမီ ပေးပွဲနဲ့ Star Awards ဆုပေးပွဲတို့ရဲ့ ကွာခြားချက်တွေနဲ့ အကယ်ဒမီ ဂယက်ထတာဟာ ပရိသတ် မျှော်လင့်ချက်နဲ့ မကိုက်ညီခဲ့တာရယ်၊ မနှစ်က ဂယက်အရှိန်နဲ့ကြောင့် ဒီနှစ် ဂယက် ပိုကြီးသွားတာ ထင်တယ်လို့ လူမင်းက ပြောပါတယ်။

“အကယ်ဒမီပွဲနဲ့ Star Awards ယှဉ်ပြောလို့တော့ မရဘူးပေါ့။ အကယ်ဒမီကလည်း အကယ်ဒမီပေးတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ သူလုပ်လာတဲ့ အစဉ်အလာနဲ့ သူ့ပုံစံနဲ့ ရွေးချယ်ပြီးပေးသလို Star Awards ကလည်း သူရဲ့မူ၊ သူ့ရဲ့ရွေးချယ်မှုတွေနဲ့ ပေးတာဆိုတော့။ အကယ်ဒမီကတော့ နှစ်ကြာပြီ။ Star Awards က အခုမှပေးတာဆိုတော့ သူလည်း သူ့ဆုကို ပိုပြီး ခိုင်မာအောင် အနုပညာရှင်တွေ၊ ပရိသတ်တွေကိုလည်း ပိုပြီး ယုံကြည်မှုရှိအောင် သူ့ရဲ့ တန်ဖိုး မြင့်တက်လာအောင် သူလည်း အများကြီး ကြိုးစားရဦးမှာ ဖြစ်သလို အကယ်ဒမီကလည်း အစဉ်အလာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြရမှာပါပဲ”

“အကယ်ဒမီက ခေါက်ရိုးကျိုးသင့်တဲ့ အပိုင်းတွေမှာ ခေါက်ရိုးကျိုးနေတာ ရှိသလို ပြောင်းလဲသင့်တဲ့ အရာတွေလည်း ပြောင်းလဲဖို့ သိပေမယ့် ပြောင်းလဲဖို့ ခက်တဲ့ အနေအထားအချို့ကို ကိုယ် ကိုယ်တိုင်သိပေမယ့် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ခဲ့တာဆိုတော့ အဲ့လို အခြေအနေမျိုးတွေလည်း သူတို့မှာ ရှိပါတယ်။ အဓိကကတော့ ပရိသတ် မျှော်လင့်ချက်နဲ့ မကိုက်ညီခဲ့တာရယ်၊ မနှစ်က ထခဲ့တဲ့ ဂယက်အရှိန်ကြောင့် ဒီနှစ်ဂယက် ပိုကြီးသွားတယ်လို့ ကိုယ်ကတော့ ခံစားမိတယ်”လို့ လူမင်းက ပြောပါတယ်။

“အပြောင်းအလဲနဲ့ ဂယက်တွေကလည်း အခိုက်အတန့်လို့ပဲ မြင်ပါတယ်။ ဒါတွေကို ကျော်လွှားသွားပြီးရင် ကောင်းတဲ့ဘက်ကို ဆောင်မယ်လို့ ယုံကြည်တယ်”လို့ လူမင်းက ဆိုပါတယ်။

၃ ထပ်ကွမ်း အကယ်ဒမီဆုရှင် သရုပ်ဆောင် လူမင်းဟာ၂၀၁၃ ခုနှစ်၊ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူကာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top