မတ္လ ၃၁ ရက္ေန႔ မေန႔ညက ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ ဂ်ပန္ဖိုက္တာ ခန္ဟစဲဂါဝါနဲ႔ ေအာင္လအန္ဆန္းတို႔ရဲ႕ ပြဲေကာင္းႀကီးကိုေတာ့ အားလုံးၾကည့္ရႈ႕မိၾကမယ္ထင္ပါတယ္။

ၿပိဳင္ပြဲတိုင္းကို အခ်ိန္အတိုတြင္း ထိုးသတ္ေလ့ရွိတဲ့ ေအာင္လအန္ဆန္းကေတာ့ မေန႔က ပြဲမွာလည္း ဒုတိယအခ်ီနဲ႔အလဲထိုးႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။

ဒုတိယအႀကိမ္ တိုက်ိဳၿမိဳ႕ၿပိဳင္ပြဲမွာေတာ့ အေကာင္းဆုံးျပင္ဆင္မႈေတြနဲ႔အတူ အေစာဆုံး အဆုံးသတ္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါ ၿပိဳင္ပြဲႀကီးကို ျပည္တြင္းျပည္ပၾကည့္ရႈ႕သူမ်ားစြာရွိခဲ့ၿပီး ေအာင္လအန္ဆန္းရဲ႕ ႏိုင္ပြဲကို ခ်ီးၾကဴးဂုဏ္ျပဳျခင္းေတြျပဳလုပ္ေပးခဲ့ၾကတာေတြ႕ရပါတယ္။

ပြဲစစျခင္းကတည္းက တိုက္စစ္ဖြင့္ ထိုးသတ္ခဲ့တဲ့ ေအာင္လအန္ဆန္းရဲ႕ ထိုးကြက္ေတြက ၿပိဳင္ဘက္ဖိုက္တာ ခန္ဟစဲဂါဝါကို အထိနာေစခဲ့ၿပီး …..

ဒုတိယအခ်ီၿပီးဆုံးရန္ စကၠန႔္ပိုင္းအလိုမွာပဲ ညာလက္သီးအားျပင္းျပင္းျဖင့္ အလဲထိုးအဆုံးသတ္ခဲ့ၿပီး ၾကည့္ရႈ႕သူေတြကို ေက်နပ္ေစခဲ့တာေတြ႕ရပါတယ္။

အျပင္စား ေျခကန္ခ်က္ေတြေၾကာင့္ ေျခေထာက္နဲ႔ နံေတြျပင္းျပင္းထန္ထန္ထိခိုက္ခဲ့ၿပီး ပြဲအၿပီးမွာေတာ့ ေဆး႐ုံေပၚထပ္မံေရာက္ရွိခဲ့ေၾကာင္း သိရပါတယ္။

ေဆးစစ္ခ်က္ေတြအၿပီး ေအာင္လအန္ဆန္းရဲ႕ ေျခကန္ခ်က္ေတြေၾကာင့္ နံ႐ိုးအခ်ိဳ႕ႀကိဳးပဲ့ခဲ့ၿပီး အခ်ိန္အေတာ္ၾကာအနားယူရဖို႔ရွိေနေၾကာင္ သိရပါတယ္။

ပထမအႀကိမ္ေတြ႕ဆုံမႈမွာ ထိခိုက္ဒဏ္ရာျပင္းျပင္းနဲ႔ ေဆး႐ုံေပၚအခ်ိန္အေတာ္ၾကာအနားယူခဲ့ရတဲ့ ခန္ဟစဲဂါဝါတစ္ေယာက္ လက္ရွိမွာလည္း နံ႐ိုးႀကိဳးဒဏ္ျဖင့္ ထပ္မံအနားယူေနရလွ်က္ရွိပါတယ္။

ဆိုးဆိုး႐ြား႐ြားအထိျဖစ္ပြားခဲ့တဲ့ ဂ်ပန္ဖိုက္တာ ခန္ဟစဲဂါဝါရဲ႕ ပုံရိပ္အခ်ိဳ႕ကို ခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:mmlivenews
#Unicode Version#
မတ်လ ၃၁ ရက်နေ့ မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။

ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။

ပွဲစစခြင်းကတည်းက တိုက်စစ်ဖွင့် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ထိုးကွက်တွေက ပြိုင်ဘက်ဖိုက်တာ ခန်ဟစဲဂါဝါကို အထိနာစေခဲ့ပြီး …..

ဒုတိယအချီပြီးဆုံးရန် စက္ကန့်ပိုင်းအလိုမှာပဲ ညာလက်သီးအားပြင်းပြင်းဖြင့် အလဲထိုးအဆုံးသတ်ခဲ့ပြီး ကြည့်ရှု့သူတွေကို ကျေနပ်စေခဲ့တာတွေ့ရပါတယ်။

အပြင်စား ခြေကန်ချက်တွေကြောင့် ခြေထောက်နဲ့ နံတွေပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆေးရုံပေါ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဆေးစစ်ချက်တွေအပြီး အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေကြောင့် နံရိုးအချို့ကြိုးပဲ့ခဲ့ပြီး အချိန်အတော်ကြာအနားယူရဖို့ရှိနေကြောင် သိရပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းနဲ့ ဆေးရုံပေါ်အချိန်အတော်ကြာအနားယူခဲ့ရတဲ့ ခန်ဟစဲဂါဝါတစ်ယောက် လက်ရှိမှာလည်း နံရိုးကြိုးဒဏ်ဖြင့် ထပ်မံအနားယူနေရလျှက်ရှိပါတယ်။

ဆိုးဆိုးရွားရွားအထိဖြစ်ပွားခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:mmlivenews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top