ထိုင္းႏိုင္ငံ၊ ဖူးခက္မွာ ျမန္မာအမ်ိဳးသားတဦးဟာ ဧၿပီ ၁၇ ရက္ေန႔ညပိုင္းက ထိုးသြင္း ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာ ေတြ႔ခဲ့ရၿပီး ရဲေတြက လူသတ္တရားခံကို ရွာေဖြေနၾကပါတယ္။

ဒီအျဖစ္အပ်က္ဟာ သာေလာင္ခ႐ုိင္ထဲက အလုပ္သမားစခန္းတခုမွာ ျဖစ္ခဲ့ၿပီး အေၾကာင္းၾကားခ်က္အရ ည ၁၁ နာရီခြဲေလာက္မွာ ရဲေတြနဲ႔ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႔ေတြ ေရာက္ရွိလာခ်ိန္မွာေတာ့ ေသြးအိုင္ထဲမွာ လဲက်ေနတာ ေတြ႔ရွိခဲ့ၾကရတာပါ။

အဆိုပါ အမ်ိဳးသားဟာ အသက္ ၃၀ ၀န္းက်င္ေလာက္ျဖစ္ကာ သူ႔ရဲ႕ရင္ဘတ္မွာေတာ့ ထိုးသြင္းဒဏ္ရာ ဒဏ္ခ်က္ေတြ ေတြ႔ရွိခဲ့ရတယ္လို႔ The Thaiger သတင္းမွာ ေဖာ္ျပပါတယ္။

အေလာင္းေဘးမွာေတာ့ အရက္ပုလင္းခြံအလြတ္ေတြကို စစ္ေဆးေတြ႔ရွိခဲ့ရၿပီး လတ္တေလာမွာေတာ့ သူ႔ကို သာေလာင္ခ႐ုိင္ေဆး႐ုံဆီ ပို႔ေဆာင္စစ္ေဆးတာေတြ ျပဳလုပ္ေနပါတယ္။



အလုပ္သမားစခန္းအနီးနားမွာ ေနထိုင္သူေတြရဲ႕ ေျပာၾကားခ်က္အရ အဆိုပါ ျမန္မာအမ်ိဳးသားဟာ သူငယ္ခ်င္းေတြနဲ႔အတူ အရက္ေသာက္ခဲ့တာလုိ႔ ဆိုပါတယ္။

အတူ အရက္ေသာက္ခဲ့တဲ့ သူေတြထဲက တေယာက္ကေတာ့ သူဟာ သူငယ္ ခ်င္းျဖစ္သူကို မသတ္ခဲ့ဘူးလို႔ ရဲေတြကို ၀န္ခံထြက္ဆိုထားၿပီး ေလာေလာဆယ္မွာေတာ့ ရဲေတြက လူသတ္တရားခံကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မြန်မာအမျိုးသားတဦးဟာ ဧပြီ ၁၇ ရက်နေ့ညပိုင်းက ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရပြီး ရဲတွေက လူသတ်တရားခံကို ရှာဖွေနေကြပါတယ်။

ဒီအဖြစ်အပျက်ဟာ သာလောင်ခရိုင်ထဲက အလုပ်သမားစခန်းတခုမှာ ဖြစ်ခဲ့ပြီး အကြောင်းကြားချက်အရ ည ၁၁ နာရီခွဲလောက်မှာ ရဲတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာတော့ သွေးအိုင်ထဲမှာ လဲကျနေတာ တွေ့ရှိခဲ့ကြရတာပါ။

အဆိုပါ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်လောက်ဖြစ်ကာ သူ့ရဲ့ရင်ဘတ်မှာတော့ ထိုးသွင်းဒဏ်ရာ ဒဏ်ချက်တွေ တွေ့ရှိခဲ့ရတယ်လို့ The Thaiger သတင်းမှာ ဖော်ပြပါတယ်။

အလောင်းဘေးမှာတော့ အရက်ပုလင်းခွံအလွတ်တွေကို စစ်ဆေးတွေ့ရှိခဲ့ရပြီး လတ်တလောမှာတော့ သူ့ကို သာလောင်ခရိုင်ဆေးရုံဆီ ပို့ဆောင်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

အလုပ်သမားစခန်းအနီးနားမှာ နေထိုင်သူတွေရဲ့ ပြောကြားချက်အရ အဆိုပါ မြန်မာအမျိုးသားဟာ သူငယ်ချင်းတွေနဲ့အတူ အရက်သောက်ခဲ့တာလို့ ဆိုပါတယ်။

အတူ အရက်သောက်ခဲ့တဲ့ သူတွေထဲက တယောက်ကတော့ သူဟာ သူငယ် ချင်းဖြစ်သူကို မသတ်ခဲ့ဘူးလို့ ရဲတွေကို ဝန်ခံထွက်ဆိုထားပြီး လောလောဆယ်မှာတော့ ရဲတွေက လူသတ်တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top