ေက်ာက္ေတာ္တြင္ ရဲအခ်င္းခ်င္းပစ္ခတ္၍ ရဲအုပ္တစ္ဦးေသဆံုး ။ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ျမိဳ႕နယ္၊ ကန္ေစာက္ရဲစခန္းတြင္ ပူးေပါင္းတာ၀န္ယူေနေသာ တင္းမ စခန္းမွဴး ရဲအုပ္ ေမာင္ေမာင္ေလး ( ၃၇) ႏွစ္ကို တစ္ျခား အဆင့္ ရဲတပ္ဖြဲ႕၀င္ တစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ေသဆံုးသြားသည္ဟု သတင္းရရွိသည္။

ေက်ာက္ေတာ္ျမိဳ႕မ စခန္းသို႕ ဆက္သြယ္ရာ တာ၀န္က် ရဲအရာရွိ တစ္ဦးက “ ျဖစ္တာက ဧျပီ ၂ ရက္ ေန႕လယ္ေလာက္က ျဖစ္ပါတာပါ။ အခ်င္းခ်င္းျဖစ္ၾကတာပါ။ ေသဆံုးတာက ရဲအုပ္ ေမာင္ေမာင္ေလးပါ။ ျဖစ္စဥ္ အေသးစိတ္ေတာ့ မေျပာႏိုင္ဘူး။ စစ္ေဆးေနတုန္း ျဖစ္ပါတယ္” ဟု ဧျပီလ ၂ ရက္ေန႕ ညေနပိုင္းက ဆက္သြယ္စဥ္ နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကားသည္။

ရဲအုပ္ ေမာင္ေမာင္ေလးအား သတ္ျဖတ္သူမွာ အသက္ ၅၅ ႏွစ္အရြယ္ ရဲတပ္ၾကပ္ၾကီး ေက်ာ္ေအးစိန္ျဖစ္ေၾကာင္း သိရသည္။

“ အခု သူ႕ကို ေက်ာက္ေတာ္ျမိဳ႕မရဲစခန္းမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားပါတယ္။ အေလာင္းကေတာ့ ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္သူ႕ေဆးရံုက ရင္ခြဲရံုမွာထားပါတယ္။ ဘာေၾကာင့္၊ ဘယ္လိုေၾကာင့္ ျဖစ္တယ္ဆိုတာေတာ့ အတိအက် မသိရပါဘူး” ဟု ေျပာသည္။

ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္သူ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းအားဆက္သြယ္ရာ “ ရဲအုပ္ တစ္ဦးေသဆံုးတာမွန္ကန္ပါတယ္။ ကၽြန္ေတာ္စခန္းမွဴးကို ဆက္သြယ္ေတာ့ အခ်င္းခ်င္း ျဖစ္တယ္လို႕ ေျပာတာပါဘဲ” ဟု ေျပာဆိုသည္။

ေသဆံုးသူ ရဲအုပ္ ေမာင္ေမာင္ေလးမွာ ေက်ာက္ေတာ္ျမိဳ႕နယ္ တင္းမရဲစခန္းမွဴး ျဖစ္ျပီး လံုျခံဳေရး အေျခအေနေၾကာင့္ ၎တင္းမရဲစခန္းကို ရုပ္သိမ္းျပီး ကန္ေစာက္ရဲစခန္းႏွင့္ ပူးေပါင္းထားစဥ္ ယခုျပသနာ ေပၚေပါက္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။ယေန႕နံနက္က ျဖစ္စဥ္ အေသးစိတ္ကို သိရွိႏိုင္ရန္ ကန္ေစာက္စခန္းမွဴးသို႕ ဆက္သြယ္ရာ ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိပါ။

ယခုကဲ့သို႕ ရဲအရာရွိ တစ္ဦး ရခိုင္တြင္ သတ္ျဖတ္ခံရမႈမွာ ၁၅ ရက္အတြင္း ဒုတိယ အၾကိမ္ ျဖစ္ျပီး လြန္ခဲ့သည့္ မတ္လ ၂၃ ရက္ေန႕ကလည္း ေျမာက္ဦးျမိဳ႕နယ္ တိမ္ညိဳေက်းရြာ ရဲစခန္းက စခန္းမွဴး ေက်ာ္ေက်ာ္လွ ေသနတ္ျဖင့္ အနီးကပ္ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နိရဥၥရာ

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျောက်တော်တွင် ရဲအချင်းချင်းပစ်ခတ်၍ ရဲအုပ်တစ်ဦးသေဆုံး ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရဲစခန်းတွင် ပူးပေါင်းတာဝန်ယူနေသော တင်းမ စခန်းမှူး ရဲအုပ် မောင်မောင်လေး ( ၃၇) နှစ်ကို တစ်ခြား အဆင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့မ စခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက “ ဖြစ်တာက ဧပြီ ၂ ရက် နေ့လယ်လောက်က ဖြစ်ပါတာပါ။ အချင်းချင်းဖြစ်ကြတာပါ။ သေဆုံးတာက ရဲအုပ် မောင်မောင်လေးပါ။ ဖြစ်စဉ် အသေးစိတ်တော့ မပြောနိုင်ဘူး။ စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ဆက်သွယ်စဉ် နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရဲအုပ် မောင်မောင်လေးအား သတ်ဖြတ်သူမှာ အသက် ၅၅ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ကျော်အေးစိန်ဖြစ်ကြောင်း သိရသည်။

“ အခု သူ့ကို ကျောက်တော်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ အလောင်းကတော့ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံက ရင်ခွဲရုံမှာထားပါတယ်။ ဘာကြောင့်၊ ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအားဆက်သွယ်ရာ “ ရဲအုပ် တစ်ဦးသေဆုံးတာမှန်ကန်ပါတယ်။ ကျွန်တော်စခန်းမှူးကို ဆက်သွယ်တော့ အချင်းချင်း ဖြစ်တယ်လို့ ပြောတာပါဘဲ” ဟု ပြောဆိုသည်။

သေဆုံးသူ ရဲအုပ် မောင်မောင်လေးမှာ ကျောက်တော်မြို့နယ် တင်းမရဲစခန်းမှူး ဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့် ၎င်းတင်းမရဲစခန်းကို ရုပ်သိမ်းပြီး ကန်စောက်ရဲစခန်းနှင့် ပူးပေါင်းထားစဉ် ယခုပြသနာ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ယနေ့နံနက်က ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ကန်စောက်စခန်းမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ယခုကဲ့သို့ ရဲအရာရှိ တစ်ဦး ရခိုင်တွင် သတ်ဖြတ်ခံရမှုမှာ ၁၅ ရက်အတွင်း ဒုတိယ အကြိမ် ဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ ရဲစခန်းက စခန်းမှူး ကျော်ကျော်လှ သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:နိရဉ္စရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top