ယာဥ္ေနာက္လိုက္က ယာဥ္ေမာင္းကို ဓားျဖင့္ထိုးသတ္မႈ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ၿပီး သက္ဆိုင္ရာက နာရီပိုင္းအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္။

ျဖစ္စဥ္မွာ ဧၿပီ ၇ ရက္ မြန္းလြဲ ၂နာရီခန္႔တြင္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၆၁) ရပ္ကြက္၊ စက္မႈဇုန္လမ္းရွိ YBS-9 ဂိတ္တြင္ လူတစ္ဦးဓားျဖင့္ အထိုးခံရေၾကာင္း သတင္းအရ သက္ဆိုင္ရာက သြားေရာက္ စစ္ေဆးခဲ့သည္။

ထိုသို႔ သြားေရာက္ စစ္ေဆးခဲ့ရာ ေက်ာက္တန္းၿမိဳ႕မုန္႔ဖို႔မန္ေျပလမ္း ေန ကိုကိုေအာင္(ခ)ႂကြက္ၿမီး (၃၂ ႏွစ္)သည္ YBS-9 ဂိတ္ရွိ ဂိတ္တဲကြပ္ပစ္ေပၚတြင္ ဝဲဘက္နံ႐ိုးေအာက္ထိုးသြင္း ဒဏ္ရာတစ္ခ်က္၊ ယာရင္အုံထိုးသြင္း ဒဏ္ရာတစ္ခ်က္၊ယာပုခုံးအေပၚ ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ယာေက်ာ ေနာက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ ရရွိ္ ေသဆုံးေနသည္ကို သက္ဆိုင္ရာက ေတြ႕ရွိခဲ့သည္။

သက္ဆိုင္ရာက ဂိတ္မႉးဦးခင္ေဇာ္ကို စုံစမ္းခ်က္အရ ေသဆုံးသူသည္ YBS-4 မီနီဘတ္စ္ ယာဥ္ေမာင္းႏွင္သူ ျဖစ္ၿပီး သာေကတၿမိဳ႕နယ္ေန ယာဥ္ေနာက္လိုက္ ေက်ာ္ကိုကိုလႈိင္း(ခ)ေတာက္တက္(၂၅ႏွစ္)ႏွင့္ စကားမ်ားရန္ျဖစ္ခဲ့ၾကသည္ဟု ဆိုသည္။

ကားဆီျဖည့္ရာတြင္ ဆီမျပည့္သည့္ကိစၥ စကားမ်ားခဲ့ၾကျခင္းျဖစ္သည္။ထိုသို႔စကားမ်ားရန္ျဖစ္စဥ္ ေက်ာ္ကိုကိုလႈိင္း(ခ) ေတာက္တက္က ကိုကိုေအာင္ကို ဓားျဖင့္ထိုးၿပီးထြက္ေျပးသြားခဲ့သည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္းက(ပ)၆၆၇/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂အရ အမႈဖြင့္စုံစမ္းခဲ့ရာ ျပစ္မႈက်ဴးလြန္သူကို ဧၿပီ ၇ ရက္ည ၈ နာရီတြင္ ဖမ္းဆီးရမိခဲ့သည္။

သက္ဆိုင္ရာ၏ ဆက္လက္စုံစမ္းခ်က္မ်ားအရ မတ္ ၂၃ ရက္မွစတင္ကာ ဆီျဖည့္သည့္အခါတိုင္း ဆီမျပည့္ေၾကာင္း၊ ဆီခိုးေၾကာင္း ေသဆုံးသူက ေက်ာ္ကိုကိုလႈိင္း(ခ) ေတာက္တက္ကို မၾကာခဏေျပာဆိုခဲ့မႈ အေပၚ ေဒါသအေလ်ာက္ ျပဳမူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Myanmar Times

#Unicode Version# ျဖင့္ဖတ္ပါ ။

ယာဉ်နောက်လိုက်က ယာဉ်မောင်းကို ဓားဖြင့်ထိုးသတ်မှု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် မွန်းလွဲ ၂နာရီခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁) ရပ်ကွက်၊ စက်မှုဇုန်လမ်းရှိ YBS-9 ဂိတ်တွင် လူတစ်ဦးဓားဖြင့် အထိုးခံရကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက် စစ်ဆေးခဲ့ရာ ကျောက်တန်းမြို့မုန့်ဖို့မန်ပြေလမ်း နေ ကိုကိုအောင်(ခ)ကြွက်မြီး (၃၂ နှစ်)သည် YBS-9 ဂိတ်ရှိ ဂိတ်တဲကွပ်ပစ်ပေါ်တွင် ဝဲဘက်နံရိုးအောက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာရင်အုံထိုးသွင်း ဒဏ်ရာတစ်ချက်၊ယာပုခုံးအပေါ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာကျော နောက် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ ရရှိ သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာက ဂိတ်မှူးဦးခင်ဇော်ကို စုံစမ်းချက်အရ သေဆုံးသူသည် YBS-4 မီနီဘတ်စ် ယာဉ်မောင်းနှင်သူ ဖြစ်ပြီး သာကေတမြို့နယ်နေ ယာဉ်နောက်လိုက် ကျော်ကိုကိုလှိုင်း(ခ)တောက်တက်(၂၅နှစ်)နှင့် စကားများရန်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ကားဆီဖြည့်ရာတွင် ဆီမပြည့်သည့်ကိစ္စ စကားများခဲ့ကြခြင်းဖြစ်သည်။ထိုသို့စကားများရန်ဖြစ်စဉ် ကျော်ကိုကိုလှိုင်း(ခ) တောက်တက်က ကိုကိုအောင်ကို ဓားဖြင့်ထိုးပြီးထွက်ပြေးသွားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၆၆၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူကို ဧပြီ ၇ ရက်ည ၈ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။

သက်ဆိုင်ရာ၏ ဆက်လက်စုံစမ်းချက်များအရ မတ် ၂၃ ရက်မှစတင်ကာ ဆီဖြည့်သည့်အခါတိုင်း ဆီမပြည့်ကြောင်း၊ ဆီခိုးကြောင်း သေဆုံးသူက ကျော်ကိုကိုလှိုင်း(ခ) တောက်တက်ကို မကြာခဏပြောဆိုခဲ့မှု အပေါ် ဒေါသအလျောက် ပြုမူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Myanmar Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top