မေကြးၿမိဳ႕တြင္ လက္ ဖက္ရည္ဆုိင္ ၀န္ထမ္းမ်ားေန ေသာ အိမ္၌ အခ်ိန္ၾကာျမင့္စြာ ဖုန္းအားသြင္းထားသျဖင့္ အပူ လြန္ကဲကာ မီးကူးစက္ေလာင္ ကြၽမ္းခဲ့ေၾကာင္း မေကြးတုိင္းေဒသ ႀကီး မီးသတ္ဦးစီးဌာန တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

မေကြးၿမိဳ႕ ေအာင္ေစတနာ (ခ)ရပ္ကြက္ (၁)လမ္းရွိ လက္ဖက္ရည္ဆုိင္ ၀န္ထမ္းမ်ားေနသည့္ အိမ္၌ ဧၿပီ ၂၈ ရက္ ညေန ၅ နာရီခဲြခန္႔က ၂၅ မိနစ္ခန္႔ၾကာ မီးေလာင္သျဖင့္ သြပ္မိုးထရံကာ၊ပ်ဥ္ခင္းႏွစ္ထပ္အိမ္တစ္လုံး သြပ္ မိုးအုတ္ကာ RC ႏွစ္ထပ္အိမ္ အမုိးႏွင့္အကာ အနည္းငယ္ မီး ေလာင္ကြၽမ္းခဲ့သည္။

ထုိ႔အျပင္ မီးစက္တစ္လုံး၊ အိမ္သုံးမီတာႏွစ္လုံးႏွင့္ Kluger အမ်ဳိးအစား အျဖဴေရာင္ယာဥ္၏ ေနာက္ပိုင္းႏွင့္ ထိုင္ခုံမ်ား မီး ေလာင္ကြၽမ္းၿပီး ၀က္ငယ္ ကိုး ေကာင္ ေသဆုံးေၾကာင္း၊ လူမ်ားထိခိုက္ဒဏ္ရာရျခင္းႏွင့္ ေသဆုံးျခင္းမရွိေၾကာင္း တာ၀န္ရွိသူ တစ္ဦးကေျပာသည္။

မီးေလာင္မႈေၾကာင့္ ပ်က္စီး ဆုံး႐ႈံးမႈတန္ဖိုး က်ပ္သိန္း ၃၀ ခန္႔ ရွိေၾကာင္း ၎ကေျပာသည္။

မီးေလာင္ရာသို႔ မေကြးတုိင္းမီးသတ္ဦးစီးဌာန မီးသတ္တပ္ဖဲြ႕၀င္မ်ားႏွင့္ မင္းဘူးၿမိဳ႕နယ္မွ မီးသတ္တပ္ဖဲြ႕၀င္မ်ားက မီးသတ္ယာဥ္ ၂၃ စီးျဖင့္ ၀ိုင္း၀န္းၿငႇိမ္းသတ္ ရာ ညေန ၆ နာရီခန္႔တြင္ လုံး၀ ၿငိႇမ္းသတ္ႏုိင္ခဲ့ေၾကာင္း ဆုိသည္။

‘‘အပူခ်ိန္စံခ်ိန္တင္တဲ့အထဲ မွာ မေကြးလည္းပါတယ္။ ဖုန္း ေတြက အလုိလိုေနရင္းေတာင္ ပူေနတာ။ အပူခ်ိန္ေတြ ျမင့္တက္ ေနလို႔ ေဆာင္ရန္ ေရွာင္ရန္ေတြ၊ သတိေပးတားျမစ္တာေတြထဲမွာ ဖုန္းေတြကို အၾကာႀကီး အားမ သြင္းမိေစဖို႔နဲ႔ ဖုန္းအား သြင္းမယ္ ဆိုရင္ ဂ႐ုတစုိက္ေစာင့္ၾကည့္ဖို႔ လုိအပ္တယ္ဆိုတာကိုပါ ထည့္ သြင္းထားရေတာ့မယ္’’ ဟု မေကြးၿမိဳ႕ေန ကိုျမင့္ေဇာ္က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မီးစတင္ေလာင္ကြၽမ္းသည့္ အိမ္ ပိုင္ရွင္ကုိ မေကြးနယ္ေျမရဲစခန္း က မီးေပါ့ဆမႈျဖင့္ အေရးယူထား ေၾကာင္း နယ္ေျမရဲကင္းတာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily

#Unicode Version#
မကွေးမြို့တွင် လက် ဖက်ရည်ဆိုင် ဝန်ထမ်းများနေ သော အိမ်၌ အချိန်ကြာမြင့်စွာ ဖုန်းအားသွင်းထားသဖြင့် အပူ လွန်ကဲကာ မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မကွေးတိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မကွေးမြို့ အောင်စေတနာ (ခ)ရပ်ကွက် (၁)လမ်းရှိ လက်ဖက်ရည်ဆိုင် ဝန်ထမ်းများနေသည့် အိမ်၌ ဧပြီ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က ၂၅ မိနစ်ခန့်ကြာ မီးလောင်သဖြင့် သွပ်မိုးထရံကာ၊ပျဉ်ခင်းနှစ်ထပ်အိမ်တစ်လုံး သွပ် မိုးအုတ်ကာ RC နှစ်ထပ်အိမ် အမိုးနှင့်အကာ အနည်းငယ် မီး လောင်ကျွမ်းခဲ့သည်။

ထို့အပြင် မီးစက်တစ်လုံး၊ အိမ်သုံးမီတာနှစ်လုံးနှင့် Kluger အမျိုးအစား အဖြူရောင်ယာဉ်၏ နောက်ပိုင်းနှင့် ထိုင်ခုံများ မီး လောင်ကျွမ်းပြီး ဝက်ငယ် ကိုး ကောင် သေဆုံးကြောင်း၊ လူများထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းမရှိကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိကြောင်း ၎င်းကပြောသည်။

မီးလောင်ရာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များနှင့် မင်းဘူးမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ရာ ညနေ ၆ နာရီခန့်တွင် လုံး၀ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆိုသည်။

‘‘အပူချိန်စံချိန်တင်တဲ့အထဲ မှာ မကွေးလည်းပါတယ်။ ဖုန်း တွေက အလိုလိုနေရင်းတောင် ပူနေတာ။ အပူချိန်တွေ မြင့်တက် နေလို့ ဆောင်ရန် ရှောင်ရန်တွေ၊ သတိပေးတားမြစ်တာတွေထဲမှာ ဖုန်းတွေကို အကြာကြီး အားမ သွင်းမိစေဖို့နဲ့ ဖုန်းအား သွင်းမယ် ဆိုရင် ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုတာကိုပါ ထည့် သွင်းထားရတော့မယ်’’ ဟု မကွေးမြို့နေ ကိုမြင့်ဇော်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် အိမ် ပိုင်ရှင်ကို မကွေးနယ်မြေရဲစခန်း က မီးပေါ့ဆမှုဖြင့် အရေးယူထား ကြောင်း နယ်မြေရဲကင်းတာဝန်ရှိ သူတစ်ဦးက ပြောသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top