တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕မွာ လင္းပိုင္ေတြကိုဖမ္းဆီးၿပီး ေရာင္းခ်ေနတဲ့သတင္းအရ ငါးလုပ္ငန္းဦးစီးဌာနနဲ႔ စည္ပင္သာယာေရးေကာ္မတီတို႔က ဧၿပီလ ၁၀ ရက္ေန႔မွာ ၀ယ္ယူသူကို ေခၚယူေတြ႔ဆံု ေမးျမန္းခဲ့ပါတယ္။

ၿမိတ္ၿမိဳ႕နယ္ငါးဦးစီးဌာန တာ၀န္ရွိသူတဦးက “လက္၀ယ္ေတြ႔ရွိသူမွာ အဓိက အျပစ္ရွိပါတယ္။ ဒါေပမယ့္ လက္ဆုပ္လက္ကိုင္ မျပႏိုင္ဘူး။ ၀ယ္ယူက အရင္တုန္းက ၀ယ္ထားတဲ့ပံုေတြကို လူမႈကြန္ရက္မွာ တင္ထားခဲ့တယ္လို႔ ေျပာပါတယ္။ အခုသူတို႔ မ၀ယ္ထားဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္က်ေနာ္တို႔ ေျမျပင္ကြင္းဆင္းၿပီး စစ္ေဆးဦးမွာပါ။ လာေရာက္ ေရာင္းခ်သြားတဲ့ တံငါသည္ေတြကိုလည္း မမွတ္မိဘူးလို႔ေျပာေတာ့ ဆက္လက္စံုစမ္းဖို႔ ခက္ေနတယ္”လို႔ ေျပာပါတယ္။



ပင္လယ္ျပင္မွာ တားျမစ္ထားတဲ့ ငါးမ်ိဳးစိတ္ေတြကိုဖမ္းဆီးၿပီး ၿမိတ္ဆိပ္ကမ္းမွာ မၾကာခဏ လာေရာက္ေရာင္းခ်ေနတဲ့ တံငါသည္ေတြရွိသလို ၀ယ္ယူေနသူေတြလည္းရိွေနတာ ျဖစ္ပါတယ္။

ငါးေတြကို၀ယ္ၿပီး တဆင့္ျပန္လည္ေရာင္းခ်ေနသူ ေဒၚလွေအးက “က်မတို႔မသိဘဲ လြန္ခဲ့တဲ့တလက ၀ယ္လိုက္မိတယ္ လာေရာင္းတဲ့ တံငါသည္ေတြကိုလည္း မေမးလိုက္မိဘူး။ ဘယ္ေလွကျဖစ္မယ္ မသိပါဘူး။ အခုက်မတို႔ မ၀ယ္တာ တလေလာက္ ရွိပါၿပီ”လို႔ ဆိုပါတယ္။

ငါးလုပ္ငန္းဦးစီးဌာနက တားျမစ္ထားတဲ့ ေရေန သတၱ၀ါေတြထဲမွာ ပင္လယ္လိပ္၊ လင္းပိုင္၊ ငါးမန္း၊ေရ၀က္၊ေ၀လငါးနဲ႔ သႏၱာေက်ာက္ခက္ေတြ ပါ၀င္ၿပီး အဆိုပါေရေန သတၱ၀ါေတြကို ဖမ္းဆီးေရာင္းခ်ပါက ေထာင္ဒဏ္ ၁၀ ႏွစ္အထိ က်ခံရႏိုင္တယ္လို႔ သိရပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


တနင်္သာရီတိုင်း မြိတ်မြို့မှာ လင်းပိုင်တွေကိုဖမ်းဆီးပြီး ရောင်းချနေတဲ့သတင်းအရ ငါးလုပ်ငန်းဦးစီးဌာနနဲ့ စည်ပင်သာယာရေးကော်မတီတို့က ဧပြီလ ၁၀ ရက်နေ့မှာ ဝယ်ယူသူကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မြိတ်မြို့နယ်ငါးဦးစီးဌာန တာဝန်ရှိသူတဦးက “လက်ဝယ်တွေ့ရှိသူမှာ အဓိက အပြစ်ရှိပါတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး။ ဝယ်ယူက အရင်တုန်းက ဝယ်ထားတဲ့ပုံတွေကို လူမှုကွန်ရက်မှာ တင်ထားခဲ့တယ်လို့ ပြောပါတယ်။ အခုသူတို့ မဝယ်ထားဘူးလို့ ပြောပါတယ်။ ဒါပေမယ့်ကျနော်တို့ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးဦးမှာပါ။ လာရောက် ရောင်းချသွားတဲ့ တံငါသည်တွေကိုလည်း မမှတ်မိဘူးလို့ပြောတော့ ဆက်လက်စုံစမ်းဖို့ ခက်နေတယ်”လို့ ပြောပါတယ်။

ပင်လယ်ပြင်မှာ တားမြစ်ထားတဲ့ ငါးမျိုးစိတ်တွေကိုဖမ်းဆီးပြီး မြိတ်ဆိပ်ကမ်းမှာ မကြာခဏ လာရောက်ရောင်းချနေတဲ့ တံငါသည်တွေရှိသလို ဝယ်ယူနေသူတွေလည်းရှိနေတာ ဖြစ်ပါတယ်။

ငါးတွေကိုဝယ်ပြီး တဆင့်ပြန်လည်ရောင်းချနေသူ ဒေါ်လှအေးက “ကျမတို့မသိဘဲ လွန်ခဲ့တဲ့တလက ဝယ်လိုက်မိတယ် လာရောင်းတဲ့ တံငါသည်တွေကိုလည်း မမေးလိုက်မိဘူး။ ဘယ်လှေကဖြစ်မယ် မသိပါဘူး။ အခုကျမတို့ မဝယ်တာ တလလောက် ရှိပါပြီ”လို့ ဆိုပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားတဲ့ ရေနေ သတ္တဝါတွေထဲမှာ ပင်လယ်လိပ်၊ လင်းပိုင်၊ ငါးမန်း၊ရေဝက်၊ဝေလငါးနဲ့ သန္တာကျောက်ခက်တွေ ပါဝင်ပြီး အဆိုပါရေနေ သတ္တဝါတွေကို ဖမ်းဆီးရောင်းချပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top