ရခိုင္ျပည္နယ္၊ ဘူးသီး​ေတာင္​ၿမိဳ႕နယ္​​ေတာင္​ပိုင္​းမွာ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္  ရခိုင္​တိုင္းရင္းသားေက်းရြာေတြနဲ႔ ဘဂၤါလီ ​ေက်း႐ြာေတြအပါအ၀င္ ေက်းရြာ ၂၀ ​ေက်ာ္​ရွိ လူဦး​ေရ ၁၂၀၀၀ ေလာက္ ​ေနရပ္​စြန္​႔ခြာ ထြက္​​ေျပး​ေနရတယ္လို႔  ဘူးသီး​ေတာင္​ၿမိဳ႕နယ္​ ျပည္​သူ႔ လႊတ္​​ေတာ္​ကိုယ္​စားလွယ္​ ဦး​ေအာင္​​ေသာင္​း​ေ႐ႊက​ ေျပာပါတယ္​။

မတ္​လ ၃၀ရက္နဲ႔  ၃၁ ရက္​​ မနက္​ ၉ နာရီစၿပီး ​ေက်း႐ြာေတြအနီးကို လက္​နက္​ႀကီးေတြ က်​ေရာက္​​ေပါက္​ကြဲတဲ့အတြက္ရြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတာလို႔ ဆိုပါတယ္။

“​ေက်း႐ြာေပါင္​း ၂၀ ​ေက်ာ္​​ေလာက္ ​ထြက္​​ေျပး​ေနၾကရတယ္​။ ဘူး​သီး​ေတာ​င္​​ေတာင္​ပိုင္​း ​ေက်း႐ြာအားလံုးလို႔​ ေျပာလို႔ရတယ္။​ ရခိုင္​​ေက်း႐ြာ၊ ဘဂၤလီ​ေက်း႐ြာ အားလံုးပါတယ္​။ ​ေက်း႐ြာ အုပ္​စု​ေတြက ၆ အုပ္​စု ႐ြာ​ေပါင္​း ၂၀ ​ေက်ာ္၊​ လူဦး​ေရ ၁၂၀၀၀ ​ေက်ာ္​ရွိမယ္​။ ထြက္​​ေျပး​ေနတဲ့ ႐ြာသူသား​ေတြက ဒုကၡသည္​စခန္​းကို ၀င္​သူရွိတယ္​။ စခန္​းမ၀င္​ဘဲ ဘူးသီ​းေတာင္​ၿမိဳ႕​က နီးစပ္​ရာ​ ေဆြမ်ိဳး​ေတြထံမွာ​ ေနထိုင္​ၾကတာရွိတယ္​”လို​႔ လႊတ္​​ေတာ္​ကိုယ္​စားလွယ္​ ဦး​ေအာင္​​ေသာင္​း​ေ႐ႊက​ ေျပာပါတယ္​။

ထြက္​​ေျပး​ေနၾကရတဲ့ ​ေက်း႐ြာ​ေတြက​ေတာ့ စံဂိုး​ေထာင္၊ ဥယ်ာဥ္​သာ၊ ခ်ရွား​ေတာင္၊ ႏြား႐ုံ​ေတာင္၊ ဆင္​​ေသျပင္​၊ ထိပ္​တူး​ေပါက္​၊ ဖံုညိဳလိပ္​၊ သရက္​ျပင္​၊ ကံျပင္​၊ ကြမ္​း​ေတာင္၊ ေ​တာင္​႐ြာ၊ ေခါင္​းတိုက္၊ အာဘူ႐ြာ၊ အလယ္​​ေခ်ာင္​း၊ စပါးထား၊ စည္​​ေတာင္၊ ​ေတာင္​​ေခ်႐ြာ၊ သိုင္​းတဘုတ္​၊ ​ေက်ာက္​ျပင္​ဆိပ္​၊ ေရခ်မ္​းျပင္​၊ ကင္​း​ေတာင္​၊ ​ေက်ာက္​ရံ  စတဲ့ ေက်းရြာေတြ ျဖစ္​ပါတယ္​။

ဆင္​​ေသျပင္မွာေတာ့  အိမ္​​ေထာင္​စု ၃၀၀ ​ေက်ာ္​ လူဦး​ေရ ၁၈၀၀ ​ေက်ာ္​ထြက္​​ေျပးသြားတယ္လို႔ ဆင္​​ေသျပင္​ဘဂၤလီ​ေက်း႐ြာတာ၀န္​ခံ မာမတ္​အီလီယက္​ ကေျပာပါတယ္။

“႐ြာ​ေတြမွာ ​ေယာက်္ားေတြသာ က်န္​ပါတယ္​။ အမ်ိဳးသမီး​ေတြ က​ေလး​ေတြ သက္​ႀကီး႐ြယ္​အို​ေတြ အားလံုးထြက္​​ေျပးသြားၾကပါၿပီ။ ထိပ္​တူး​ေပါက္​မွာက ႐ြာမွာ ဘယ္​သူမွ မက်န္​​ေတာ့ပါ။ အိမ္​​ေထာင္​စု ၄၀၀ ​ေက်ာ္​၊ လူဦး​ေရ ၄၀၀၀ ​ေက်ာ္​ ​ေလာက္​ထြက္​​ေျပးသြားၾကပါၿပီ။ လက္​နက္​ႀကီးက်လို႔ ဒဏ္​ရာရသူ​ေတြကေတာ့ ဆင္​​ေသျပင္​မွာ တ​ဦး အဘူး႐ြာမွာ ၃ ဦးနဲ႔ ​ေက်ာက္​ရံမွာ မိုင္​းထိၿပီး​ေသတာ တ​ဦးရွိပါတယ္​။ မေန႔ကလည္း စပါးထား​ေက်း႐ြာဘက္​က လက္​နက္​ႀကီးသံ​ေတြ ၾကား​ေနရပါတယ္​။ ထြက္​​ေျပးသြားသူ​ေတြက​ေတာ့ ဘူးသီး​ေတာင္​​ ေျမာက္​ပိုင္​းက ဘဂၤါလီ​ေက်း႐ြာ​ေတြျဖစ္​တဲ့ ​ေဆးအိုးက်နဲ႔ ဒိုးတန္​း အျပင္​ ဖံုညိဳလိပ္​၊ နႏြင္းတူး​စတဲ့ ေက်း႐ြာ​ေတြမွာ ေနထိုင္​​ေနၾကပါတယ္​။ အ​ေထြ​ေထြအုပ္​ခ်ဳပ္​​ေရးနဲ႔ လူကယ္​ျပန္​က လာ​ေရာက္​ကူညီ​ေထာက္​ပံ့ထားတာရွိပါတယ္​” လို႔​ ေျပာပါတယ္​။

ဘဂၤါလီစစ္​​ေဘး​ေရွာင္​ဒုကၡသည္​ေတြက​ေတာ့ ဖံုညိဳလိပ္​​ေက်း႐ြာဒုကၡသည္​စခန္​း၊ နႏြင္​းတူး ေက်း႐ြာ​ဒုကၡသည္​စခန္​း၊ ဘူးသီး​ေတာင္​​ေျမာက္​ပိုင္​းက ဆပ္​အိုးက်၊ ဒိုးတန္​းစတဲ့ ​ေက်း႐ြာ​ေတြမွာ​ ေနထိုင္ေနၾကပါတယ္​။

ရခိုင္​စစ္​​ေဘး​ေရွာင္​ဒုကၡသည္​ေတြက​ေတာ့ ေသကံခြဆံု​ေက်း႐ြာ ဘုန္​းႀကီး​ေက်ာင္​း ဒုကၡသည္​စခန္​း၊ ဘူးသီး​ေတာင္​ၿမိဳ႕​ေပၚရွိ ရန္​​ေအာင္​​ေျမဘုန္​း​ႀကီး​ေက်ာင္​း စစ္​​ေဘး​ေရွာင္​ဒုကၡသည္​ စခန္​းနဲ႔ ​ေ႐ႊက်င္​ဘုန္​​းေတာ္​ႀကီး​ေက်ာင္​း ဒုကၡသည္​စခန္​းတို႔အျပင္​ ၿမိဳ႕​ေပၚနီးစပ္​ရာ​ေဆြမိ်ဳးေတြထံ သြားေရာက္ ခိုလံႈေနၾကပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်  ရခိုင်တိုင်းရင်းသားကျေးရွာတွေနဲ့ ဘင်္ဂါလီ ကျေးရွာတွေအပါအဝင် ကျေးရွာ ၂၀ ကျော်ရှိ လူဦးရေ ၁၂၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့  ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

မတ်လ ၃၀ရက်နဲ့  ၃၁ ရက် မနက် ၉ နာရီစပြီး ကျေးရွာတွေအနီးကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့အတွက်ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။

“ကျေးရွာပေါင်း ၂၀ ကျော်လောက် ထွက်ပြေးနေကြရတယ်။ ဘူးသီးတောင်တောင်ပိုင်း ကျေးရွာအားလုံးလို့ ပြောလို့ရတယ်။ ရခိုင်ကျေးရွာ၊ ဘင်္ဂလီကျေးရွာ အားလုံးပါတယ်။ ကျေးရွာ အုပ်စုတွေက ၆ အုပ်စု ရွာပေါင်း ၂၀ ကျော်၊ လူဦးရေ ၁၂၀၀၀ ကျော်ရှိမယ်။ ထွက်ပြေးနေတဲ့ ရွာသူသားတွေက ဒုက္ခသည်စခန်းကို ဝင်သူရှိတယ်။ စခန်းမဝင်ဘဲ ဘူးသီးတောင်မြို့က နီးစပ်ရာ ဆွေမျိုးတွေထံမှာ နေထိုင်ကြတာရှိတယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေကတော့ စံဂိုးထောင်၊ ဥယျာဉ်သာ၊ ချရှားတောင်၊ နွားရုံတောင်၊ ဆင်သေပြင်၊ ထိပ်တူးပေါက်၊ ဖုံညိုလိပ်၊ သရက်ပြင်၊ ကံပြင်၊ ကွမ်းတောင်၊ တောင်ရွာ၊ ခေါင်းတိုက်၊ အာဘူရွာ၊ အလယ်ချောင်း၊ စပါးထား၊ စည်တောင်၊ တောင်ချေရွာ၊ သိုင်းတဘုတ်၊ ကျောက်ပြင်ဆိပ်၊ ရေချမ်းပြင်၊ ကင်းတောင်၊ ကျောက်ရံ  စတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

ဆင်သေပြင်မှာတော့  အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၁၈၀၀ ကျော်ထွက်ပြေးသွားတယ်လို့ ဆင်သေပြင်ဘင်္ဂလီကျေးရွာတာဝန်ခံ မာမတ်အီလီယက် ကပြောပါတယ်။

“ရွာတွေမှာ ယောကျ်ားတွေသာ ကျန်ပါတယ်။ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ အားလုံးထွက်ပြေးသွားကြပါပြီ။ ထိပ်တူးပေါက်မှာက ရွာမှာ ဘယ်သူမှ မကျန်တော့ပါ။ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော် လောက်ထွက်ပြေးသွားကြပါပြီ။ လက်နက်ကြီးကျလို့ ဒဏ်ရာရသူတွေကတော့ ဆင်သေပြင်မှာ တဦး အဘူးရွာမှာ ၃ ဦးနဲ့ ကျောက်ရံမှာ မိုင်းထိပြီးသေတာ တဦးရှိပါတယ်။ မနေ့ကလည်း စပါးထားကျေးရွာဘက်က လက်နက်ကြီးသံတွေ ကြားနေရပါတယ်။ ထွက်ပြေးသွားသူတွေကတော့ ဘူးသီးတောင် မြောက်ပိုင်းက ဘင်္ဂါလီကျေးရွာတွေဖြစ်တဲ့ ဆေးအိုးကျနဲ့ ဒိုးတန်း အပြင် ဖုံညိုလိပ်၊ နနွင်းတူးစတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြပါတယ်။ အထွေထွေအုပ်ချုပ်ရေးနဲ့ လူကယ်ပြန်က လာရောက်ကူညီထောက်ပံ့ထားတာရှိပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂါလီစစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ ဖုံညိုလိပ်ကျေးရွာဒုက္ခသည်စခန်း၊ နနွင်းတူး ကျေးရွာဒုက္ခသည်စခန်း၊ ဘူးသီးတောင်မြောက်ပိုင်းက ဆပ်အိုးကျ၊ ဒိုးတန်းစတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြပါတယ်။

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ သေကံခွဆုံကျေးရွာ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်း၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေဘုန်းကြီးကျောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းနဲ့ ရွှေကျင်ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတို့အပြင် မြို့ပေါ်နီးစပ်ရာဆွေမျိုးတွေထံ သွားရောက် ခိုလှုံနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top