ႏိုင္ငံေတာ္က လူသားခ်င္းစာနာေထာက္ထားမႈနဲဲ႔ ၂၀၁၉ ခု၊ ဧၿပီ(၁၇)ရက္ မနက္ပိုင္းက ေထာင္က် အက်ဥ္းသားအခ်ိဳ႕ကို စိစစ္ကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ပါတယ္။

အဲဒီေနာက္ ဧၿပီ(၁၇)ရက္ ည (၁၀)နာရီနဲ႔ မိနစ္(၂၀)အခ်ိန္က ပဲခူးၿမိဳ႕ အမွတ္(၂)နယ္ေျမ ရဲစခန္းအပိ္ုင္ ကြၽန္းသာယာရပ္ကြက္ နယ္ေျမ(၈)ေက်ာင္းလမ္းမွာ အမ်ိဳးသားတစ္ဦးဟာ ထိုင္းႏိုင္ငံလုပ္ HONDA WAVE125 အမ်ိဳးအစား နက္ျပာေရာင္ (ေသာ့မပါေဆာ့ ကတ္ျဖဳတ္ထား) ဆိုင္ကယ္တစ္စီး တြန္းလာတာကို သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ေတြ႔ရွိ စစ္ေဆးခဲ့ပါတယ္။

ဒီအခါ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အင္းစိန္အက်ဥ္းေထာင္ စာရင္းမွာ ပါခ့ဲၿပီး မြန္ျပည္နယ္ေပါင္ၿမိဳ႕နယ္ ရင္းၿငိမ္ရဲဘက္စခန္းက လြတ္ေျမာက္လာတဲ့ ေအာင္ေက်ာ္ႏိုင္(ခ)ေက်ာ္ေလး(၅၁)ႏွစ္ သုဝဏၰၿမိဳ႕ ရန္ကုန္တိုင္းေဒသႀကီးေနသူ ျဖစ္ေၾကာင္း သိရပါတယ္။

က်ဴးလြန္သူဟာ အင္းစိန္ေထာင္မွာေဆးမႈနဲဲ႔ ေထာင္ဒဏ္(၅)ႏွစ္ ျပစ္ဒဏ္က်ခံထားတဲ့သူလို႔သိရပါတယ္။ အဲဒီလူဟာ ဆိ္ုင္ကယ္ ပိုင္ဆိုင္ေၾကာင္း အေထာက္အထားနဲ႔ တကြ ေျပာဆိုႏိုင္ျခင္း မ႐ွိခ့ဲတဲ့အတြက္ ပဲခူးအမွတ္(၂) နယ္ေျမရဲစခန္းက (ပ)၅၉၅/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ၃၈၀/က်င့္၅၄အရ အမႈဖြင့္အေရးယူ စစ္ေဆး ေဆာင္ရြက္ထား ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


နိုင်ငံတော်က လူသားချင်းစာနာထောက်ထားမှုနဲ့ ၂၀၁၉ ခု၊ ဧပြီ(၁၇)ရက် မနက်ပိုင်းက ထောင်ကျ အကျဉ်းသားအချို့ကို စိစစ်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ဧပြီ(၁၇)ရက် ည (၁၀)နာရီနဲ့ မိနစ်(၂၀)အချိန်က ပဲခူးမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် ကျွန်းသာယာရပ်ကွက် နယ်မြေ(၈)ကျောင်းလမ်းမှာ အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံလုပ် HONDA WAVE125 အမျိုးအစား နက်ပြာရောင် (သော့မပါဆော့ ကတ်ဖြုတ်ထား) ဆိုင်ကယ်တစ်စီး တွန်းလာတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွေ့ရှိ စစ်ဆေးခဲ့ပါတယ်။

ဒီအခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်အကျဉ်းထောင် စာရင်းမှာ ပါခဲ့ပြီး မွန်ပြည်နယ်ပေါင်မြို့နယ် ရင်းငြိမ်ရဲဘက်စခန်းက လွတ်မြောက်လာတဲ့ အောင်ကျော်နိုင်(ခ)ကျော်လေး(၅၁)နှစ် သုဝဏ္ဏမြို့ ရန်ကုန်တိုင်းဒေသကြီးနေသူ ဖြစ်ကြောင်း သိရပါတယ်။

ကျူးလွန်သူဟာ အင်းစိန်ထောင်မှာဆေးမှုနဲ့ ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ကျခံထားတဲ့သူလို့သိရပါတယ်။ အဲဒီလူဟာ ဆိုင်ကယ် ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ တကွ ပြောဆိုနိုင်ခြင်း မရှိခဲ့တဲ့အတွက် ပဲခူးအမှတ်(၂) နယ်မြေရဲစခန်းက (ပ)၅၉၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၃၈၀/ကျင့်၅၄အရ အမှုဖွင့်အရေးယူ စစ်ဆေး ဆောင်ရွက်ထား ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top