စစ္ကိုင္းတိုင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္တြင္ ဧၿပီလ ၆ ရက္ေန႔ ညေနပိုင္းက တိုက္ခတ္ခဲ့တဲ့ မိုးသက္ေလျပင္းေၾကာင့္ ေက်းရြာအုပ္စု ၉ အုပ္စု၊ ေက်းရြာ ၂၁ ရြာက လူေနအိမ္ ၇၀ ေက်ာ္နဲ႔ သာသနိက အေဆာက္အဦအခ်ိဳ႕ ေလေဘးသင့္ခဲ့တယ္လို႔ သိရပါတယ္။

ေလေဘးသင့္ အိမ္ေျခ ၇၀ ေက်ာ္မွာ အမိုးလန္ ၆၈ အိမ္အျပင္ စာသင္ေက်ာင္း ၂ ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း၊ ဇရပ္ ၁ ေဆာင္၊ ႏြားတဲ ၃ လံုးတို႔လည္း အမိုးလန္ခဲ့ၿပီး လူေနအိမ္ ၃ လံုး လံုးဝၿပိဳက်ပ်က္စီးသြားခဲ့ပါတယ္။

“ဘုမၼဇင္းအုပ္စု၊ အုမၼအုပ္စု၊ ခံုႀကီး စတဲ့ ဘအုပ္စု ၉ အုပ္စုက ေက်းရြာေပါင္း ၂၁ ရြာမွာ တိုက္ခဲ့တာေပါ့။ ခ်င္းတြင္းျမစ္ေဘးနဲ႔ ကနီၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္အပိုင္း က်တာေပါ့။ ဒီႏွစ္အတြက္ေတာ့ ပထမဆံုးပဲ။ မနက္ျဖန္ေတာ့ ဌာနဆိုင္ရာေတြနဲ႔သြားၿပီး ေထာက္ပံ့ေပးဖို႔ ရွိပါတယ္” လို႔ ကနီၿမိဳ႕နယ္ ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။



ေလေဘးေၾကာင့္ လူနဲ႔ တိရိစၦာန္ အေသအေပ်ာက္ေတာ့ မရွိဘူးလို႔ ဆိုပါတယ္။ လတ္တေလာမွာ ကနီတခုပဲ သတင္းရရွိေသးၿပီး က်န္တဲ့ ေလျပင္းက်ႏိုင္တဲ့ ၿမိဳ႕ေတြကိုလည္း စံုစမ္းေနဆဲျဖစ္ပါတယ္။

“ကနီကေတာ့ စာရင္းရၿပီ။ က်န္တဲ့ ဆာလင္းႀကီး၊ ယင္းမာကင္၊ ပုလဲ၊ ေရဦး၊ ခင္ဦး ဖက္ေတြလည္း ေမးထားဆဲပါ။ ဒီႏွစ္အတြက္ေတာ့ အႀကိမ္ ၂၀ ေလာက္ရွိသြားၿပီ။ အိမ္ ေျခအားျဖင့္ ၆၀၀ ဝန္းက်င္ေလာက္ရွိေတာ့မယ္။ ပံုမွန္အတိုင္း ေထာက္ပံ့ေပးေနပါတယ္”လို႔ စစ္ကိုင္းတိုင္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာန ညႊန္ၾကားေရးမႉး ဦးစဝီလီဖရန္႔က ေျပာပါတယ္။



၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ကေန ဒီေန႔အထိ မိုးသက္ေလျပင္းတိုက္ခတ္လို႔ ေနအိမ္ ၆၀၀ ဝန္းက်င္ ေလေဘးသင့္ခဲ့ၿပီး အိမ္ ၂၀ နီးပါး လံုးဝၿပိဳက်ပ်က္စီးခဲ့ကာ မိုးႀကိဳးေၾကာင့္ ၁ ဦးေသဆံုးခဲ့ပါေသးတယ္။

အမိုးလန္ပ်က္စီးတဲ့ အိမ္ေတြကိုေတာ့ အနည္းဆံုး ၁ ေသာင္းက်ပ္ကေန ၇ ေသာင္းက်ပ္ထိ ပ်က္စီးမႈအေပၚ မူတည္ကာ ေထာက္ပံ့ေနသလို ၿပိဳက်အိမ္ေတြကိုေတာ့ ၁ အိမ္ ၁ သိန္းႏႈန္းနဲ႔ ကယ္ဆယ္ေရးပစၥည္းေတြလည္း ေထာက္ပံ့ေပးပါတယ္။

ပ်က္စီးယိုယြင္းလာတဲ့ သဘာဝပတ္ဝန္းက်င္ေၾကာင့္ ေဘးအႏၱရာယ္ႀကံဳေတြ႔ရမႈကလည္း ႏွစ္စဥ္ဆိုသလို တိုးလာေနပါတယ္။ ျပည္သူေတြအေနနဲ႔ ေဘးအႏၱရာယ္ဆိုင္ရာ အသိပညာေတြ တိုးပြားဖို႔ကိုရည္ရြယ္ၿပီး ေဘးအႏၱရယ္ ၁ မ်ိဳးကို ၁ လသတ္မွတ္ကာ လူသြားလူလာမ်ားတဲ့ ေနရာေတြမွာ လမ္းေဘးဆိုင္းဘုတ္ေတြကိုလည္း စိုက္ထူေပးေနတယ္လို႔ သိရပါတယ္။



ေဘးအႏၱရာယ္ျဖစ္ပြားမႈေတြထဲမွာ စစ္ကိုင္းတုိင္းအေနနဲ႔ မိုးႀကိဳးေဘးကလည္း အျဖစ္မ်ား လာတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာ ၂၁ ရွာက လူနေအိမ် ၇၀ ကျော်နဲ့ သာသနိက အဆောက်အဦအချို့ လေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။

လေဘေးသင့် အိမ်ခြေ ၇၀ ကျော်မှာ အမိုးလန် ၆၈ အိမ်အပြင် စာသင်ကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဇရပ် ၁ ဆောင်၊ နွားတဲ ၃ လုံးတို့လည်း အမိုးလန်ခဲ့ပြီး လူနေအိမ် ၃ လုံး လုံးဝပြိုကျပျက်စီးသွားခဲ့ပါတယ်။

“ဘုမ္မဇင်းအုပ်စု၊ အုမ္မအုပ်စု၊ ခုံကြီး စတဲ့ ဘအုပ်စု ၉ အုပ်စုက ကျေးရွာပေါင်း ၂၁ ရွာမှာ တိုက်ခဲ့တာပေါ့။ ချင်းတွင်းမြစ်ဘေးနဲ့ ကနီမြို့ရဲ့ အနောက်မြောက်ဘက်အပိုင်း ကျတာပေါ့။ ဒီနှစ်အတွက်တော့ ပထမဆုံးပဲ။ မနက်ဖြန်တော့ ဌာနဆိုင်ရာတွေနဲ့သွားပြီး ထောက်ပံ့ပေးဖို့ ရှိပါတယ်” လို့ ကနီမြို့နယ် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

လေဘေးကြောင့် လူနဲ့ တိရိစ္ဆာန် အသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။ လတ်တလောမှာ ကနီတခုပဲ သတင်းရရှိသေးပြီး ကျန်တဲ့ လေပြင်းကျနိုင်တဲ့ မြို့တွေကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။

“ကနီကတော့ စာရင်းရပြီ။ ကျန်တဲ့ ဆာလင်းကြီး၊ ယင်းမာကင်၊ ပုလဲ၊ ရေဦး၊ ခင်ဦး ဖက်တွေလည်း မေးထားဆဲပါ။ ဒီနှစ်အတွက်တော့ အကြိမ် ၂၀ လောက်ရှိသွားပြီ။ အိမ်ခြေအားဖြင့် ၆၀၀ ဝန်းကျင်လောက်ရှိတော့မယ်။ ပုံမှန်အတိုင်း ထောက်ပံ့ပေးနေပါတယ်”လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ ဒီနေ့အထိ မိုးသက်လေပြင်းတိုက်ခတ်လို့ နေအိမ် ၆၀၀ ဝန်းကျင် လေဘေးသင့်ခဲ့ပြီး အိမ် ၂၀ နီးပါး လုံးဝပြိုကျပျက်စီးခဲ့ကာ မိုးကြိုးကြောင့် ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

အမိုးလန်ပျက်စီးတဲ့ အိမ်တွေကိုတော့ အနည်းဆုံး ၁ သောင်းကျပ်ကနေ ၇ သောင်းကျပ်ထိ ပျက်စီးမှုအပေါ် မူတည်ကာ ထောက်ပံ့နေသလို ပြိုကျအိမ်တွေကိုတော့ ၁ အိမ် ၁ သိန်းနှုန်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့ပေးပါတယ်။

ပျက်စီးယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ဘေးအန္တရာယ်ကြုံတွေ့ရမှုကလည်း နှစ်စဉ်ဆိုသလို တိုးလာနေပါတယ်။ ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာတွေ တိုးပွားဖို့ကိုရည်ရွယ်ပြီး ဘေးအန္တရယ် ၁ မျိုးကို ၁ လသတ်မှတ်ကာ လူသွားလူလာများတဲ့ နေရာတွေမှာ လမ်းဘေးဆိုင်းဘုတ်တွေကိုလည်း စိုက်ထူပေးနေတယ်လို့ သိရပါတယ်။

ဘေးအန္တရာယ်ဖြစ်ပွားမှုတွေထဲမှာ စစ်ကိုင်းတိုင်းအနေနဲ့ မိုးကြိုးဘေးကလည်း အဖြစ်များ လာတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top