လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမျဖစ္ရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ ေတာင္းခံသည့္ ဘတ္ဂ်က္ကုိ ခြင့္ျပဳေပးရန္ လုိအပ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွဒုတိယဝန္ႀကီးေဒါက္တာထြန္းႏိုင္ကေျပာသည္။

“လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမျဖစ္ဖုိ႔ စီမံေဆာင္ရြက္မလဲဆုိရင္ လ်ွပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ႏွစ္စဥ္တင္ျပ ေတာင္းခံ တဲ့ ဘတ္ဂ်က္ပမာဏမ်ားအားလုံးကုိ ခြင့္ျပဳေပးဖုိ႔လည္းလုိအပ္တယ္ဆုိတာလည္း တင္ျပလုိပါတယ္” ဟု ေဒါက္တာထြန္းႏိုင္ကေျပာသည္။

ယေန႔နံနက္တြင္ ျပန္လည္က်င္းပသည့္ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ (၁၂)ႀကိမ္ေျမာက္အစည္းအေဝး ပထမေန႔တြင္ ေက်ာက္တံတားျမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေနမ်ဳိးထက္၏ ေမးခြန္းႏွင့္စပ္လ်ွဥ္း၍ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ားသည္ မီးရ႐ွိမွသာလ်ွင္ စီးပြားေရးလည္းတုိးတက္၍ လူမႈစီးပြားဖူလုံမည္ျဖစ္ျပီး မီးျပတ္ေတာက္မႈကုိ လုံးဝ မလုိလားေသာေၾကာင့္ ျပည္သူေတြရဲ႕ဆႏၵ၊ ျပည္သူေတြ မီးမွန္မႈကုိ ရ႐ွိေအာင္ ဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၀ ေႏြရာသီတြင္ ေရအားလွ်ပ္စစ္၊ ေရအားလ်ွပ္စစ္ျဖင့္မီးမရလ်ွင္ အျခားနည္းႏွင့္ တစ္ႏွစ္အတြင္း အရန္ပမာဏအထိေရာက္ေအာင္ မည္သုိ႔ ေဆာင္ရြက္ထားသည္ကုိ သိလုိျခင္း ဆက္စပ္ေမးခြန္းအေပၚ ဝန္ႀကီးကျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေနမ်ဳိးထက္က ၂၀၁၉ခုႏွစ္၊ ေႏြရာသီကာလျဖစ္ေသာ မတ္လ၊ ဧၿပီလႏွင့္ ေမလ တုိ႔တြင္ ျမန္မာႏုိင္ငံ၌ လ်ွပ္စစ္သုံးစြဲမႈမဂၢါဝပ္ မည္မွ်႐ွိမည္ကုိ လ်ွပ္စစ္စြမ္းအင္ဝန္ႀကီး ဌာနအေနျဖင့္ ခန္႔မွန္းတြက္ခ်က္ ထားမႈအေျခအေနႏွင့္ လွ်ပ္စစ္ျပတ္ေတာက္မႈမျဖစ္ေစရန္ မည္သုိ႔စီစဥ္ေဆာင္ရြက္ထားသည္ကုိ သိလုိျခင္း ေမးခြန္းကုိ ေမးျမန္းခ့ဲ့ျခင္းျဖစ္သည္။

“လ်ွပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းက႑ဟာ အခုေရတြင္းတူး၊အခုေရၾကည္ေသာက္လုိ႔မရတဲ့ ကိစၥရပ္မ်ဳိးျဖစ္ပါတယ္။ ေရအားလွ်ပ္စစ္ဓာတ္အား စက္႐ုံမ်ားကုိ တည္ဆာက္မယ္ဆုိရင္ စီမံကိန္းခ်ၿပီး တည္ေဆာက္တာနဲ႔ ၇ႏွစ္၊ ၈ႏွစ္ၾကာေအာင္ တည္ေဆာက္ရတာျဖစ္ပါတယ္” ဟု ေဒါက္တာထြန္းႏိုင္ကေျပာသည္။

ထုိသုိ႔ ၇ႏွစ္၊ ၈ႏွစ္ၾကာေအာင္တည္ေဆာက္သည့္အခ်ိန္တြင္ တစ္ႏွစ္တာတြင္ ထုိုကာလသတ္မွတ္လုပ္ငန္းမ်ားကုိ ေဆာင္ရြက္ရန္အတြက္လိုအပ္သည့္ ဘတ္ဂ်က္ကုိခြင့္မျပဳျခင္းႏွင့္တစ္ၿပိဳင္နက္ ၎စီမံကိန္း၏ ၿပီးစီးရမည့္ ကာလမွာ ေနာက္တစ္ႏွစ္သုိ႔ အလုိအေလ်ာက္ ေရြ႔သြားျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

စီမံကိန္းကာလ ၈ႏွစ္အတြင္းတြင္ တစ္ႏွစ္သာေျခေခ်ာ္၊ လက္ေခ်ာ္ျဖစ္႐ုံမက သုံးႏွစ္၊ ေလးႏွစ္ဆက္တိုက္ျဖစ္ေပၚလ်ွင္ ဝန္ႀကီးဌာန၏ လ်ွပ္စစ္ဓာတ္အား စီမံကိန္းေဆာင္ရြက္ ၿပီးစီးမႈသည္ ျပတ္ပ်ယ္သြားႏိုင္ေၾကာင္း ေဒါက္တာထြန္းႏုိင္က ေျပာသည္။

“ထုိအခါက်ရင္ ဝန္ႀကီးဌာနက လ်ွပ္စစ္လုိအပ္ခ်က္ကုိ ျဖည့္ဆည္းေပးႏိုင္ျခင္း မ႐ွိဘူးလားဆုိတဲ့ ျပည္သူေတြက ေမးခြန္း ေတြကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကတစ္ဆင့္ ယခုကဲ့သုိ႔ေမးျမန္းလာမွာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ဝန္ႀကီးဌာနရဲ႕ plan ေတြအားလုံး ေအာင္ျမင္ဖုိ႔ဆုိတာဟာ ဝန္ႀကီးဌာနရဲ႕လုိအပ္ခ်က္အားလုံး ရ႐ွိမယ္ဆုိရင္ ထုိသို႔ေ ဆာင္ရြက္ေပးႏုိင္ဖုိ႔ကုိလည္း တစ္ႏွစ္တာတည္း ေဆာင္ရြက္လုိ႔မရဘဲနဲ႔ ျမန္မာႏိုင္ငံရဲ႕လ်ွပ္စစ္ အေျခအေနအရ ၅ႏွစ္၊ ၁၀ႏွစ္ ဆက္တိုက္ ႀကိဳးပမ္းေဆာင္ရြက္သြားမွ ေအာင္ျမင္မွာျဖစ္ပါေၾကာင္း တင္ျပအပ္ပါတယ္” ဟု ေဒါက္တာထြန္းႏိုင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Speaker

#Unicode Version# ျဖင့္ဖတ္ပါ ။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမဖြစ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တောင်းခံသည့် ဘတ်ဂျက်ကို ခွင့်ပြုပေးရန် လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြောသည်။

“လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမဖြစ်ဖို့ စီမံဆောင်ရွက်မလဲဆိုရင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက နှစ်စဉ်တင်ပြ တောင်းခံ တဲ့ ဘတ်ဂျက်ပမာဏများအားလုံးကို ခွင့်ပြုပေးဖို့လည်းလိုအပ်တယ်ဆိုတာလည်း တင်ပြလိုပါတယ်” ဟု ဒေါက်တာထွန်းနိုင်ကပြောသည်။

ယနေ့နံနက်တွင် ပြန်လည်ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်အစည်းအဝေး ပထမနေ့တွင် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ မေးခွန်းနှင့်စပ်လျှဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများသည် မီးရရှိမှသာလျှင် စီးပွားရေးလည်းတိုးတက်၍ လူမှုစီးပွားဖူလုံမည်ဖြစ်ပြီး မီးပြတ်တောက်မှုကို လုံးဝ မလိုလားသောကြောင့် ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေ မီးမှန်မှုကို ရရှိအောင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ နွေရာသီတွင် ရေအားလျှပ်စစ်၊ ရေအားလျှပ်စစ်ဖြင့်မီးမရလျှင် အခြားနည်းနှင့် တစ်နှစ်အတွင်း အရန်ပမာဏအထိရောက်အောင် မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်း ဆက်စပ်မေးခွန်းအပေါ် ဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ၂၀၁၉ခုနှစ်၊ နွေရာသီကာလဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလ တို့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် မည်မျှရှိမည်ကို လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ခန့်မှန်းတွက်ချက် ထားမှုအခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှုမဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကဏ္ဍဟာ အခုရေတွင်းတူး၊အခုရေကြည်သောက်လို့မရတဲ့ ကိစ္စရပ်မျိုးဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အား စက်ရုံများကို တည်ဆာက်မယ်ဆိုရင် စီမံကိန်းချပြီး တည်ဆောက်တာနဲ့ ၇နှစ်၊ ၈နှစ်ကြာအောင် တည်ဆောက်ရတာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်ကပြောသည်။

ထိုသို့ ၇နှစ်၊ ၈နှစ်ကြာအောင်တည်ဆောက်သည့်အချိန်တွင် တစ်နှစ်တာတွင် ထိုကာလသတ်မှတ်လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက်လိုအပ်သည့် ဘတ်ဂျက်ကိုခွင့်မပြုခြင်းနှင့်တစ်ပြိုင်နက် ၎င်းစီမံကိန်း၏ ပြီးစီးရမည့် ကာလမှာ နောက်တစ်နှစ်သို့ အလိုအလျောက် ရွေ့သွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စီမံကိန်းကာလ ၈နှစ်အတွင်းတွင် တစ်နှစ်သာခြေချော်၊ လက်ချော်ဖြစ်ရုံမက သုံးနှစ်၊ လေးနှစ်ဆက်တိုက်ဖြစ်ပေါ်လျှင် ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား စီမံကိန်းဆောင်ရွက် ပြီးစီးမှုသည် ပြတ်ပျယ်သွားနိုင်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောသည်။

“ထိုအခါကျရင် ဝန်ကြီးဌာနက လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘူးလားဆိုတဲ့ ပြည်သူတွေက မေးခွန်း တွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် ယခုကဲ့သို့မေးမြန်းလာမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဝန်ကြီးဌာနရဲ့ plan တွေအားလုံး အောင်မြင်ဖို့ဆိုတာဟာ ဝန်ကြီးဌာနရဲ့လိုအပ်ချက်အားလုံး ရရှိမယ်ဆိုရင် ထိုသို့ေ ဆာင်ရွက်ပေးနိုင်ဖို့ကိုလည်း တစ်နှစ်တာတည်း ဆောင်ရွက်လို့မရဘဲနဲ့ မြန်မာနိုင်ငံရဲ့လျှပ်စစ် အခြေအနေအရ ၅နှစ်၊ ၁၀နှစ် ဆက်တိုက် ကြိုးပမ်းဆောင်ရွက်သွားမှ အောင်မြင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Speaker
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top