နာတာရွည္ေက်ာက္ကပ္ေရာဂါ ဆိုတာကေတာ့ ေက်ာက္ကပ္ေတြ ပ်က္စီးၿပီးေတာ့ လုပ္ေဆာင္ႏိုင္စြမ္းေတြ က်ဆင္းလာကာ မက်န္းမမာျဖစ္ေစတဲ့ အေျခအေနတစ္ခုပါ။ ေက်ာက္ကပ္ရဲ႕ အဓိကလုပ္ငန္းကေတာ့ ေသြးထဲက စြန္႔ပစ္ပစၥည္းေတြကို ဆီးအျဖစ္မေျပာင္းလဲခင္မွာ စစ္ထုတ္ေပးဖို႔ပဲ ျဖစ္ပါတယ္။

          ဒါ့အျပင္ ေက်ာက္ကပ္က -

•        ေသြးေပါင္ခ်ိန္ကို ထိန္းညႇိရာမွာ ကူညီေပးပါတယ္

•        ခႏၶာကိုယ္ထဲမွာ ဓာတုပစၥည္းေတြ ပမာဏ မွန္မွန္ကန္ကန္ရွိေစျခင္းအားျဖင့္ ႏွလံုးနဲ႔ ၾကြက္သားေတြ ပံုမွန္လုပ္ေဆာင္ႏိုင္ေအာင္ ကူညီေပးပါတယ္။

•        အ႐ိုးေတြ က်န္းမာေစဖို႔အတြက္ ဗီတာမင္ D ကို ထုတ္လုပ္ေပးတယ္။

•        ေသြးနီဆဲလ္ေတြ ထုတ္လုပ္တာကို လႈံ႕ေဆာ္ေပးတဲ့ erythropoietin လို႔ေခၚတဲ့အရာကို ထုတ္လုပ္ေပးပါတယ္။

          နာတာရွည္ေက်ာက္ကပ္ ပ်က္စီးလာတဲ့အခါမွာ ေရရွည္မွာ ေက်ာက္ကပ္က ဒီလုပ္ငန္းေတြကို လုပ္ေဆာင္ႏိုင္စြမ္းေတြ က်ဆင္းလာပါတယ္။ အမ်ားအားျဖင့္ေတာ့ ဆီးခ်ိဳ၊ ေသြးတိုး စတဲ့ ေရာဂါေတြေၾကာင့္ ေက်ာက္ကပ္ ပ်က္စီးတာ မ်ားပါတယ္။ ေက်ာက္ကပ္ေရာဂါ ပိုဆိုးလာရင္ ေသြးထဲမွာ စြန္႔ပစ္ပစၥည္းေတြ အရမ္းမ်ားလာၿပီးေတာ့ ေနမေကာင္းျဖစ္လာမယ္။ ၿပီးေတာ့ ေသြးတိုး၊ ေသြးအားနည္း၊ အ႐ိုးေတြအားနည္း၊ အာဟာရဆိုင္ရာျပႆနာေတြနဲ႔ အာ႐ံုေၾကာပ်က္စီးတာလို္မ်ိဳး ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာမယ္။ နာတာရွည္ေက်ာက္ကပ္ေရာဂါ ရွိတဲ့လူေတြမွာ ေသြးလွည့္ပတ္မႈ အေျပာင္းအလဲေတြေၾကာင့္ ႏွလံုးတိုက္ခိုက္ခံရႏိုင္ေခ်လည္း ပိုမ်ားလာပါတယ္။ ဒီျပႆနာေတြက ခ်က္ခ်င္းႀကီးျဖစ္တာမ်ိဳး မဟုတ္ဘဲနဲ႔ အခ်ိန္အေတာ္ၾကာမွာ ျဖည္းျဖည္းခ်င္းစီ ျဖစ္လာတာပါ။ ေက်ာက္ကပ္ေရာဂါကို ေစာေစာသိၿပီးေတာ့ ေစာေစာကုသႏိုင္ရင္ေတာ့ ပိုမဆိုးေအာင္ ထိန္းထားႏိုင္ပါတယ္။

          ဒီေတာ့ ကိုယ့္မွာ ဒီအခ်က္ေတြရွိေနရင္ ေက်ာက္ကပ္ စစ္ေဆးၿပီးေတာ့ လိုအပ္ပါက ကုသမႈခံယူဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

•        ဆီးခ်ိဳေရာဂါ

•        ေသြးတုိး

•        အဝလြန္သူ

•        ေဆးလိပ္ေသာက္သူ

•        အသက္ ၅၀ ေက်ာ္လာရင္

•        မိသားစုမွာ ေက်ာက္ကပ္ေရာဂါ၊ ဆီးခ်ိဳ၊ ေသြးတိုး စတာေတြရွိရင္

•        ေျခေထာက္ေတြေရာင္ေနရင္

          ေက်ာက္ကပ္ေရာဂါကို စစ္ႏိုင္တဲ့ ႐ိုးရွင္းတဲ့ စစ္ေဆးနည္း ၃ ခုကေတာ့ ေသြးေပါင္ခ်ိန္ျခင္း၊ ဆီးစစ္ျခင္းနဲ႔ ေသြးတြင္း ေက်ာက္ကပ္အဆိပ္ဓာတ္ (creatinine) စစ္ေဆးျခင္းတို႔ ျဖစ္ပါတယ္။ ေက်ာက္ကပ္ေရာဂါကို ေစာေစာသိၿပီ ဆိုရင္ေတာ့ ပိုမဆိုးသြားေအာင္ ပံုမွန္ကုသမႈ ခံယူသင့္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe 

#Unicode Version#
 နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာကတော့ ကျောက်ကပ်တွေ ပျက်စီးပြီးတော့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာကာ မကျန်းမမာဖြစ်စေတဲ့ အခြေအနေတစ်ခုပါ။ ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းကတော့ သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို ဆီးအဖြစ်မပြောင်းလဲခင်မှာ စစ်ထုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

          ဒါ့အပြင် ကျောက်ကပ်က -

•        သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကူညီပေးပါတယ်

•        ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေ ပမာဏ မှန်မှန်ကန်ကန်ရှိစေခြင်းအားဖြင့် နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

•        အရိုးတွေ ကျန်းမာစေဖို့အတွက် ဗီတာမင် D ကို ထုတ်လုပ်ပေးတယ်။

•        သွေးနီဆဲလ်တွေ ထုတ်လုပ်တာကို လှုံ့ဆော်ပေးတဲ့ erythropoietin လို့ခေါ်တဲ့အရာကို ထုတ်လုပ်ပေးပါတယ်။

          နာတာရှည်ကျောက်ကပ် ပျက်စီးလာတဲ့အခါမှာ ရေရှည်မှာ ကျောက်ကပ်က ဒီလုပ်ငန်းတွေကို လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ အများအားဖြင့်တော့ ဆီးချို၊ သွေးတိုး စတဲ့ ရောဂါတွေကြောင့် ကျောက်ကပ် ပျက်စီးတာ များပါတယ်။ ကျောက်ကပ်ရောဂါ ပိုဆိုးလာရင် သွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ အရမ်းများလာပြီးတော့ နေမကောင်းဖြစ်လာမယ်။ ပြီးတော့ သွေးတိုး၊ သွေးအားနည်း၊ အရိုးတွေအားနည်း၊ အာဟာရဆိုင်ရာပြဿနာတွေနဲ့ အာရုံကြောပျက်စီးတာလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမယ်။ နာတာရှည်ကျောက်ကပ်ရောဂါ ရှိတဲ့လူတွေမှာ သွေးလှည့်ပတ်မှု အပြောင်းအလဲတွေကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ချေလည်း ပိုများလာပါတယ်။ ဒီပြဿနာတွေက ချက်ချင်းကြီးဖြစ်တာမျိုး မဟုတ်ဘဲနဲ့ အချိန်အတော်ကြာမှာ ဖြည်းဖြည်းချင်းစီ ဖြစ်လာတာပါ။ ကျောက်ကပ်ရောဂါကို စောစောသိပြီးတော့ စောစောကုသနိုင်ရင်တော့ ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။

          ဒီတော့ ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကျောက်ကပ် စစ်ဆေးပြီးတော့ လိုအပ်ပါက ကုသမှုခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

•        ဆီးချိုရောဂါ

•        သွေးတိုး

•        အဝလွန်သူ

•        ဆေးလိပ်သောက်သူ

•        အသက် ၅၀ ကျော်လာရင်

•        မိသားစုမှာ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ သွေးတိုး စတာတွေရှိရင်

•        ခြေထောက်တွေရောင်နေရင်

          ကျောက်ကပ်ရောဂါကို စစ်နိုင်တဲ့ ရိုးရှင်းတဲ့ စစ်ဆေးနည်း ၃ ခုကတော့ သွေးပေါင်ချိန်ခြင်း၊ ဆီးစစ်ခြင်းနဲ့ သွေးတွင်း ကျောက်ကပ်အဆိပ်ဓာတ် (creatinine) စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါကို စောစောသိပြီ ဆိုရင်တော့ ပိုမဆိုးသွားအောင် ပုံမှန်ကုသမှု ခံယူသင့်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top