ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမဳိ႕နယ္၊ ႁပြန္တန္ဆာၿမဳိ႕အနီးက ေက်းရြာအုပ္စု ႏွစ္အုပ္စုက လူဦးေရ ၃၀၀၀ ေက်ာ္ေလာက္ ေသာက္သံုးေရရွားပါးမႈ အခက္အခဲနဲ႔ ႀကံဳေတြ႔ေနရတယ္လို႔ ေဒသခံ ရြာသားေတြက ေျပာပါတယ္။

ငါးႀကီးအိုင္ေက်းရြာနဲ႔ ဗန္းေမာ္ေတာ ေက်းရြာအုပ္စုေတြမွာ ေျမ ေအာက္ေရ အငန္ဓာတ္ မ်ားတာေၾကာင့္ စက္ေရတြင္းက ထြက္တဲ့ေရကို ေသာက္သံုးလို႔မရႏိုင္ဘဲ ကန္ေရကိုသာ အားထား အသံုးျပဳေနၾကတာပါ။

အဲဒီေက်းရြာေတြမွာ လက္ရွိ ေႏြရာသီကာလ ေသာက္သံုးေရကန္ေတြ ခန္းေျခာက္သြားလို႔ ငါးႀကီးအိုင္ ေတာင္ဘက္ရြာက ကန္ေရကိုသာ အဓိကအားထားၿပီး စက္ဘီး၊ ဆိုင္ကယ္၊ ေထာ္လာဂ်ီ စတာေတြနဲ႔ သယ္ယူေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံရြာသား ဦးမ်ိဳးျမင့္ေလးက “အရင္က ေဘးရြာေတြမွာလည္း ကန္ေတြရွိတယ္။ အဲ့ဒီရြာေတြက ေရကန္ေတြ ခန္းလာတာေၾကာင့္ ဒီရြာကကန္ကိုပဲ လာယူသံုးစြဲေနၾကရတယ္။ ေလးရြာေလာက္က ဝိုင္းအသံုးျပဳေနၾကေတာ့ ဒီကန္လည္း ဒီေႏြခံႏိုင္ပါ့မလားဆိုတာ စိုးရိမ္စိတ္ေတြ ျဖစ္ေနရတယ္” လုိ႔ ေျပာပါတယ္။

ရြာေလးရြာ ဝုိင္းဝန္းအသံုးျပဳေနတဲ့ ငါးႀကီးအိုင္ ေတာင္ဘက္ရြာက ေရကန္ဟာလည္း အရင္က ေရျပင္ တဧကအက်ယ္နဲ႔ အနက္ ေပ ၅၀ ေက်ာ္ရွိရာက ခုအခ်ိန္မွာေတာ့ ေရျပင္ ေပ ၅၀ အက်ယ္ေလာက္နဲ႔ အနက္ ၈ ေပေလာက္သာ က်န္ရွိပါတယ္။

ကန္ပိုင္ရွင္ ဦးေထြးက “အခုအသံုးျပဳတဲ့ကန္က အကာအရံေတြ သိပ္မေကာင္းေတာ့ ကၽြဲႏြားေတြက တိုးၿပီး ေရေသာက္ၾကတယ္။ ေရေသာက္တယ္ဆိုတာနဲ႔ မစင္ပါ တခါတည္း ပါၾကတာေလ။ တို႔ေတြကလည္း အၿမဲမေစာင့္ႏိုင္ေတာ့ ခုအသံုးျပဳေနတဲ့ကန္ ပ်က္သြားမွာကို အရမ္းစိုးရိမ္ေနရတယ္။ အကာအတြက္ အလႉရွင္ေတြရွိရင္ေတာ့ ေကာင္းတာေပါ့” လို႔ ေျပာပါတယ္။

အဲဒီေက်းရြာေတြဟာ အရင္က ေရရွားပါးဒဏ္ကို မခံရေပမယ့္ ေရႏြယ္ေခ်ာင္း တိမ္ေကာသြားတာေၾကာင့္ လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေလာက္ကစၿပီး ေရရွာပါးမႈဒဏ္ကို ရြာသားေတြ တျဖည္းျဖည္း ခံစားေနၾကရတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့အနီးက ကျေးရွာအုပ်စု နှစ်အုပ်စုက လူဦးရေ ၃၀၀၀ ကျော်လောက် သောက်သုံးရေရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ငါးကြီးအိုင်ကျေးရွာနဲ့ ဗန်းမော်တော ကျေးရွာအုပ်စုတွေမှာ မြေအောက်ရေ အငန်ဓာတ် များတာကြောင့် စက်ရေတွင်းက ထွက်တဲ့ရေကို သောက်သုံးလို့မရနိုင်ဘဲ ကန်ရေကိုသာ အားထား အသုံးပြုနေကြတာပါ။

အဲဒီကျေးရွာတွေမှာ လက်ရှိ နွေရာသီကာလ သောက်သုံးရေကန်တွေ ခန်းခြောက်သွားလို့ ငါးကြီးအိုင် တောင်ဘက်ရွာက ကန်ရေကိုသာ အဓိကအားထားပြီး စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီ စတာတွေနဲ့ သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသား ဦးမျိုးမြင့်လေးက “အရင်က ဘေးရွာတွေမှာလည်း ကန်တွေရှိတယ်။ အဲ့ဒီရွာတွေက ရေကန်တွေ ခန်းလာတာကြောင့် ဒီရွာကကန်ကိုပဲ လာယူသုံးစွဲနေကြရတယ်။ လေးရွာလောက်က ဝိုင်းအသုံးပြုနေကြတော့ ဒီကန်လည်း ဒီနွေခံနိုင်ပါ့မလားဆိုတာ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်” လို့ ပြောပါတယ်။

ရွာလေးရွာ ဝိုင်းဝန်းအသုံးပြုနေတဲ့ ငါးကြီးအိုင် တောင်ဘက်ရွာက ရေကန်ဟာလည်း အရင်က ရေပြင် တဧကအကျယ်နဲ့ အနက် ပေ ၅၀ ကျော်ရှိရာက ခုအချိန်မှာတော့ ရေပြင် ပေ ၅၀ အကျယ်လောက်နဲ့ အနက် ၈ ပေလောက်သာ ကျန်ရှိပါတယ်။

ကန်ပိုင်ရှင် ဦးထွေးက “အခုအသုံးပြုတဲ့ကန်က အကာအရံတွေ သိပ်မကောင်းတော့ ကျွဲနွားတွေက တိုးပြီး ရေသောက်ကြတယ်။ ရေသောက်တယ်ဆိုတာနဲ့ မစင်ပါ တခါတည်း ပါကြတာလေ။ တို့တွေကလည်း အမြဲမစောင့်နိုင်တော့ ခုအသုံးပြုနေတဲ့ကန် ပျက်သွားမှာကို အရမ်းစိုးရိမ်နေရတယ်။ အကာအတွက် အလှူရှင်တွေရှိရင်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။

အဲဒီကျေးရွာတွေဟာ အရင်က ရေရှားပါးဒဏ်ကို မခံရပေမယ့် ရေနွယ်ချောင်း တိမ်ကောသွားတာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကစပြီး ရေရှာပါးမှုဒဏ်ကို ရွာသားတွေ တဖြည်းဖြည်း ခံစားနေကြရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top