မိဘ နဲ႔ သားသမီးၾကားက နားလည္မႈ
မိဘက တစ္ခါတစ္ခါ ကိုယ့္ရဲ႕စိတ္ဖိစီးမႈကို သားသမီးအေပၚပံုခ်တတ္တယ္။
အဲဒီအခါ သားသမီးရဲ႕ စိတ္ခံစားခ်က္ကို ထိခိုက္သြားေစတယ္။ ကေလးေတြရဲ႕ ခံစားခ်က္ေတြထိခိုက္သလို၊ ဘ၀ရပ္တည္ပံု၊ အက်င့္စရိုက္ေတြပါေျပာင္းလဲသြားႏိုင္ၿပီး၊ ကိုယ့္ကိုယ့္ကို အဆံုးစီရင္တာေတြပါ ျဖစ္တတ္တယ္။
ကေလးဘက္ကက်ျပန္ေတာ့လည္း အျပစ္မရွိပဲ အမဲခံရတဲ့အခါ မိဘကို နားလည္ေပးလို႔မရျဖစ္သြားတတ္တာကိုး။ ဒီေတာ့ မိဘကဆင္ျခင္ဖို႔လိုတယ္။
ကေလးကလည္း မိဘရဲ႕ စိတ္ခံစားခ်က္ကို အကဲသိဖို႔လိုတာေပါ့။ မိဘဆူလိုက္လဲ သိပ္ခံစားမေနပဲ မိဘမွာ အခက္အခဲတစ္ခုခုရွိလို႔ေနလိမ့္မယ္လို႔ ခံယူလိုက္ပါမွ ခံစားရသက္သာမွာ။
ဒါေပမဲ့လည္း ကေလးဘက္က နားလည္ဖို႔ဆိုတာကလည္း အစကတည္းက ကေလးဆိုတာ ကေလးလိုပဲ ေတြးမယ္ဆိုတာကိုေတာ့ ထည့္မတြက္လို႔မရဘူးေပါ။
ဒါေၾကာင့္ မိဘသည္ သားသမီးကို ကိုင္တြယ္အုပ္ထိန္းတဲ့အခါ အေတာ္ေလးသတိထားပါ။ ကိုယ့္သားသမီးကို မဖ်က္ဆီးမိပါေစနဲ႔။
မိဘ နဲ႔ သားသမီးၾကား နားလည္မႈ၊ ခ်စ္ခင္ၾကင္နာမႈနဲ႔သာ အေပ်ာ္ေတြဖန္တီးႏိုင္ပါေစ။ အေပ်ာ္စစ္က မိသားစုထဲမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္သုစိတၱ (ေမာ္ကၽြန္း) ဆရာေတာ္
# Unicode Version # ျဖင့္ ဖတ္ပါ #
မိဘက တစ်ခါတစ်ခါ ကိုယ့်ရဲ့စိတ်ဖိစီးမှုကို သားသမီးအပေါ်ပုံချတတ်တယ်။
အဲဒီအခါ သားသမီးရဲ့ စိတ်ခံစားချက်ကို ထိခိုက်သွားစေတယ်။ ကလေးတွေရဲ့ ခံစားချက်တွေထိခိုက်သလို၊ ဘဝရပ်တည်ပုံ၊ အကျင့်စရိုက်တွေပါပြောင်းလဲသွားနိုင်ပြီး၊ ကိုယ့်ကိုယ့်ကို အဆုံးစီရင်တာတွေပါ ဖြစ်တတ်တယ်။
ကလေးဘက်ကကျပြန်တော့လည်း အပြစ်မရှိပဲ အမဲခံရတဲ့အခါ မိဘကို နားလည်ပေးလို့မရဖြစ်သွားတတ်တာကိုး။ ဒီတော့ မိဘကဆင်ခြင်ဖို့လိုတယ်။
ကလေးကလည်း မိဘရဲ့ စိတ်ခံစားချက်ကို အကဲသိဖို့လိုတာပေါ့။ မိဘဆူလိုက်လဲ သိပ်ခံစားမနေပဲ မိဘမှာ အခက်အခဲတစ်ခုခုရှိလို့နေလိမ့်မယ်လို့ ခံယူလိုက်ပါမှ ခံစားရသက်သာမှာ။
ဒါပေမဲ့လည်း ကလေးဘက်က နားလည်ဖို့ဆိုတာကလည်း အစကတည်းက ကလေးဆိုတာ ကလေးလိုပဲ တွေးမယ်ဆိုတာကိုတော့ ထည့်မတွက်လို့မရဘူးပေါ။
ဒါကြောင့် မိဘသည် သားသမီးကို ကိုင်တွယ်အုပ်ထိန်းတဲ့အခါ အတော်လေးသတိထားပါ။ ကိုယ့်သားသမီးကို မဖျက်ဆီးမိပါစေနဲ့။
မိဘ နဲ့ သားသမီးကြား နားလည်မှု၊ ချစ်ခင်ကြင်နာမှုနဲ့သာ အပျော်တွေဖန်တီးနိုင်ပါစေ။ အပျော်စစ်က မိသားစုထဲမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်