Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
မြန်မာနိုင်ငံရဲ့ ဂီတဖက်မှာ ဂန္တဝင်တယောက်ဖြစ်ခဲ့တဲ့ ဂီတဂုရုတေးရေး ဆရာ ကိုနေဝင်းကိုတော့ ဂီတကိုချစ်မြတ်နိုးသူတိုင်း သိကြမယ် ထင်ပါတယ်။ ကျနော်တို့တွေ နားထဲမှာစွဲခဲ့တဲ့ သီချင်းတော်တော်များများကို ပညာသားပါပါနဲ့ ရေးသားခဲ့တဲ့ ကိုနေဝင်းကတော့ လက်ရှိမှာ အသက်အရွယ်တခုကြောင့် အနုပညာဖက်ကို ထဲထဲဝင်ဝင်တော့ မလုပ်တော့ပေမယ့်လည်း ဂီတနဲ့တော့ အဆက်မပြတ်ခဲ့ပါဘူး။
လက်ရှိမှာတော့ ဂီတပညာရှင်ကြီး ကိုနေဝင်းကတော့ မြန်မာအိုင်လ်ဒေါလ် ပြိုင်ပွဲမှာ Winner မဖြစ်ခဲ့ပေမယ့်လည်း ရေပန်းစားလူကြိုက်များခဲ့တဲ့ ချမ်းမြေ့မောင်ချိုကိုတော့ ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ မြန်မာအိုင်လ်ဒေါလ် ပြိုင်ပွဲကို ဝင်ပြိုင်တဲ့အချိန်မှာ အခက်ခဲတွေ ကြုံခဲ့ရပေမယ့်လည်း သူ့ရဲ့အရည်ချင်းကြောင့် လက်ရှိမှာတော့ သူ့ကိုယ်ပိုင်သီချင်းတွေကလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ အောင်မြင်နေပြီ ဖြစ်ပါတယ်။
ဒီလိုတဖြည်းဖြည်းအောင်မြင်လာတဲ့ တက်တစ်စ လူငယ်အဆိုတော်လေး ချမ်းမြေ့မောင်ချိုကိုတော့ ဂီတဂုရုကြီး ကိုနေဝင်းက ချီးကျူးလိုက်တာကတော့ အနုပညာလမ်းခရီးမှာဆက်လက်လျှောက်လှမ်းဖို့ တော်တော်လေးကို ခွန်းအားဖြစ်သွားမှာ သေချာပါတယ်။ ကိုနေဝင်းကတော့ တက်သစ်စ လူငယ်တွေအပေါ်ကို သုံးသပ်ပေးပါဦးဆိုတဲ့ မေးခွန်းကို “ချမ်းမြေ့မောင်ချိုကို မှာချင်တဲ့ စကားတခုရှိတယ်။ သမီးရေ ဆက်ကြိုးစားပါ။ သမီးရဲ့ပညာက ကမ္ဘာကျော်နိုင်တယ်” ဆိုပြီးတော့ ချမ်းမြေ့မောင်ချိုကို မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုကတေ့ာ သူ့ရဲ့ ဂီတလမ်းခရီးမှာ တိုက်ခိုက်မှုတွေ ဝေဖန်မှုတွေ ရှိပေမယ့်လည်း ကြိုးစားမှုကြောင့် လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်ဖို့ လမ်းစပြုနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိုးကြိုးစားနေတဲ့အချိန်မှာ ကိုနေဝင်းရဲ့ ချီးကျူးစကားကို ကြားလိုက်ရတဲ့ ချမ်းမြေ့မောင်ချိုတယောက်ကတော့ တော်တော်လေးကို အားဖြစ်သွားမယ် ထင်ပါတယ်။  ပရိသတ်ကြီးထဲမှာရော ချမ်းမြေ့မောင်ချို ကိုအားပေးပြီးသူ့သီချင်းလေးတွေကို ကြိုက်တဲ့သူတွေ ရှိကြလား။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top