အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္က က်န္းမာေရးအရေရာ၊ တျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္္ပါ အျမဲလိုလိုေျပာင္းလဲမႈေတြျဖစ္ေနပါတယ္။ ေရာဂါတစ္ခုခုျဖစ္လာရင္လည္း သတိျပဳစရာ အေျပာင္းအလဲေလးေတြ၊ လကၡဏာေလးေတြ ေဖာ္ျပတတ္ပါတယ္။ ဒါကို သတိထားမိရင္ ေရာဂါၾကီးၾကီီးမားမားမျဖစ္ခင္ ကာကြယ္ကုသနိုင္မွာ ျဖစ္ျပီး ဒီတိုင္းပဲေနလိုက္မယ္ဆိုရင္ေတာ့ အေျခအေနေတြ ဆိုးသြားနိုင္ပါတယ္။ ဒီေတာ့ အေျခအေနေတြမဆိုးသြားေအာင္ တားဆီးကာကြယ္နိုင္ဖို႕အတြက္ အမ်ိဳးသမီးတို႕အတြက္ သတိထားဖြယ္အေျခအေနေလးေတြကိုေဖာ္ျပလိုက္ပါတယ္။

(၁) ဗိုက္မွာအဆီရွိတာမ်ိဳးမဟုတ္ဘဲ ၀မ္းဗိုက္ေဖာင္းေနတာ
မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္ အမ်ိဳးသမီးေရာဂါေတြရဲ႕ေရွ႕ေျပးလကၡဏာ(၈)မ်ိဳး 1

မိန္းကေလးေတြဓမၼတာလာခါနီးအခ်ိန္မွာ ၀မ္းဗိုက္ကအနည္းငယ္ေဖာင္းလာတတ္ျပီး ျပီးသြားရင္ နဂိုအတိုင္းျပန္ျဖစ္သြားပါတယ္။ အဲ့ဒီလိုမျဖစ္ဘဲ ၂ ပတ္ေလာက္ၾကာတဲ့အထိ ၀မ္းဗိုက္ကေဖာင္းေနတုန္းပဲဆိုရင္ေတာ့ ခႏၶာကိုယ္ထဲမွာ ေဟာ္မုန္းမညီမွ်မႈေတြျဖစ္ေနတာေၾကာင့္ျဖစ္နိုင္ျပီး ရင္သားကင္ဆာ၊ သားဥအိမ္ကင္ဆာတို႕ရဲ႕ အစျပဳလကၡဏာျဖစ္နိုင္ပါတယ္။

(၂) ေမးေစ့မွာ၀က္ျခံေပါက္တာ
မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္ အမ်ိဳးသမီးေရာဂါေတြရဲ႕ေရွ႕ေျပးလကၡဏာ(၈)မ်ိဳး 2

ဓမၼတာမလာခင္ ၂ ပတ္ေလာက္အလိုမွာ ခႏၶာကိုယ္မွာ Estrogen နဲ႕ Progesterone ပမာဏျမင့္တက္လာတာေၾကာင့္ ၀က္ျခံေတြထြက္လာတတ္ပါတယ္။ အဲ့ဒီ၀က္ျခံေတြက ပါးျပင္၊နဖူးနဲ႕ ေမးေစ့ေတြမွာ ထြက္တတ္ျပီး ဓမၼတာလာျပီးတဲ့အခ်ိန္မွာ ျပန္ေပ်ာက္သြားတတ္ပါတယ္။ တကယ္လို႕ ေမးေစ့ေနရာမွာပဲ ၀က္ျခံေတြထြက္တတ္ျပီး လြယ္လြယ္နဲ႕မေပ်ာက္ဘဲ ၀က္ျခံကမျပတ္သေလာက္ကိုျဖစ္ေနတယ္ဆိုရင္ေတာ့ ေဟာ္မုန္းနဲ႕ပတ္သက္လို႕ ျပႆနာရွိေနနိုင္တာေၾကာင့္ ဆရာ၀န္နဲ႕ေသခ်ာျပသစစ္ေဆးဖို႕လိုပါတယ္။

(၃) ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာတင္ပါးဆံုနားတ၀ိုက္နာက်င္တာ

လမ္းျမန္ျမန္ေလွ်ာက္တဲ့အခါ၊ ေျပးတဲ့အခါ ၊ ေလ့က်င့္ခန္းလုပ္တဲ့အခါေတြမွာ တင္ပါးဆံုနားတ၀ိုက္မွာ နာက်င္မႈကိုခံစားရတယ္ဆိုရင္ သားအိမ္အတြင္းပိုင္းအလႊာမွာ တစ္ခုခုျဖစ္ေနတာေၾကာင့္ျဖစ္နိုင္ပါတယ္။ အဲ့ဒါက စစခ်င္းမွာ သိပ္မသိသာေပမယ့္ ေနာက္ပိုင္းမွာ ဒီတိုင္းမတ္တပ္ၾကာၾကာရပ္ရင္ေတာင္ တင္ပါးဆံုနားတ၀ိုက္မွာ နာက်င္လာတဲ့အထိျဖစ္ေစျပီး သားအိိမ္နဲ႕ပတ္သက္တဲ့ေရာဂါေတြျဖစ္ေစနိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီလိုနာက်င္မႈမ်ိဳးျဖစ္ေနရင္ ေပါ့ဆမေနဘဲ ဆရာ၀န္နဲ႕ျပသစစ္ေဆးလိုက္ပါေနာ္။

(၄) ေနာက္ေက်ာနဲ႕ေျခေထာက္နာက်င္တာ

ဓမၼတာလာစဥ္မွာ ၀မ္းဗိုက္နဲ႕ေနာက္ေက်ာနာက်င္တာမ်ိဳးက ပံုမွန္ျဖစ္ေနက်အေျခအေနလို႕ေျပာလို႕ရပါတယ္။ ဒါေပမယ့္ ေနာက္ေက်ာဘက္ခါးနားတ၀ိုက္နာက်င္တာက အရမ္းျပင္းထန္ေနျပီး နာက်င္မႈက ေျခေထာက္ေတြအထိပ်ံ႕ေနမယ္ဆိုရင္ေတာ့ ဒါဟာ သားအိမ္မွာ ျပႆနာတစ္ခုခုရွိေနပါျပီ။ ဒါေၾကာင့္ ဒီေလာက္နာက်င္တဲ့အထိမေနဘဲ ဆရာ၀န္နဲ႕ အျမန္ျပဖို႕ တိုက္တြန္္းခ်င္ပါတယ္။

(၅) ဓမၼတာလာစဥ္ ေသြးခဲေတြအမ်ားၾကီးဆင္းတာ

မိန္းကေလးေတြ ဓမၼတာလာတဲ့ျဖစ္စဥ္မွာ တစ္ေယာက္နဲ႕တစ္ေယာက္အေျခအေနေတြ မတူကြဲျပားမႈေလးေတြရွိၾကပါတယ္။ အေရာင္မတူတာ၊ ပမာဏအနည္းအမ်ားကြဲျပားတာ… စသျဖင့္။ အဲ့ဒီအထဲမွာမွ ဓမၼတာေသြးေရာင္အရမ္းရင့္ေနျပီး ေသြးခဲေတြဆင္းတာအရမ္းမ်ားေနမယ္ဆိုရင္ေတာ့ သားအိမ္ထဲမွာ အသားလံုးျဖစ္ေနတာမ်ိဳး ျဖစ္နိုင္လို႕ ေသခ်ာေပါက္စစ္ေဆးမႈလုပ္ဖို႕လိုေနပါျပီ။

(၆) ကိုယ္အၾကိဳက္ဆံုးအစားအေသာက္ကိုေတာင္ရင္မခုန္ေတာ့တာ

လူတစ္ေယာက္က အသက္အရြယ္အရပဲျဖစ္ျဖစ္၊ အေျခအေနအရပဲျဖစ္ျဖစ္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အၾကိဳက္ေတြ၊ အက်င့္စရိုက္ေတြေျပာင္းလဲနိုင္ပါတယ္။ ဒါေပမယ့္ ပ်ိဳေမတို႕အေနနဲ႕ ရုတ္တရက္ၾကီး အစားစားခ်င္စိတ္ေတြေပ်ာက္ေနျပီး ကိုယ္အၾကိဳက္ဆံုးအစားအစာကိုေတာင္ အရင္လိုမက္မက္ေမာေမာမရွိေတာ့တာမ်ိဳးေတြျဖစ္ေနရင္ေတာ့ သားအိမ္ကင္ဆာအစျပဳခ်င္တာျဖစ္နိုင္တာေၾကာင့္ အျမန္ဆံုးစစ္ေဆးကုသရမွာပါ။

(၇) ဆံပင္ေတြအေၾကာင္းမဲ့ကြ်တ္ေနတာ
မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္ အမ်ိဳးသမီးေရာဂါေတြရဲ႕ေရွ႕ေျပးလကၡဏာ(၈)မ်ိဳး 3

ဆံပင္ကြ်တ္တာကလည္း အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိနိုင္သလို Testosterone ေဟာ္မုန္းပမာဏ နည္းေနျခင္းေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ပံုမွန္အေျခအေနဆို ေခါင္းေလွ်ာ္တဲ့အခါ၊ ေခါင္းျဖီးတဲ့အခါ ဆံပင္ ၅၀ ကေန ၁၀၀ ေလာက္ကြ်တ္တတ္ျပီး အဲ့လိုမဟုတ္ဘဲ ဆံပင္ေတြ အကြက္လိုက္၊ အေထြးလိုက္ကြ်တ္တာမ်ိဳးျဖစ္ေနရင္ေတာ့ ခႏၶာကိုယ္ထဲက ေဟာ္မုနး္ထုတ္လုပ္မႈကေမာက္ကမျဖစ္ေနတာေၾကာင့္ပါ။ ဒါက စစခ်င္းမွာ သိပ္မဆိုးဘူးလို႕ထင္ရေပမယ့္ ေနာက္ပိုင္းခႏၶာကိုယ္ထဲက တျခားအစိတ္အပိုင္းေတြကိုပါ ဒုကၡေပးတဲ့အထိျဖစ္လာနိုင္ပါတယ္။

(၈) ပူလြယ္ေအးလြယ္ျဖစ္ေနတာ

ပ်ိဳေမတို႕အေနနဲ႕ ပံုမွန္အခန္းအပူခ်ိန္မွာ ေနရတာသက္ေတာင့္သက္သာမျဖစ္ဘဲ အရမ္းပူေန၊ အရမ္းေအးေနတတ္တာမ်ိဳး၊ အခုပဲပူလိုက္၊ အခုပဲေအးလိုက္ ျဖစ္ေနတာမ်ိဳးဆိုရင္ ဒါက အျပင္အပူခ်ိန္္နဲ႕မဆိုင္ဘဲ ခႏၶာကိုယ္အတြင္းက ေဟာ္မုန္္းေတြေၾကာင့္ျဖစ္ေနတာပါ။ အထူးသျဖင့္ Estrogen ေဟာ္မုန္းပမာဏမညီမွ်ျခင္းေၾကာင့္ျဖစ္ျပီး ဒီလိုျဖစ္တာ ၾကာလာရင္ သေႏၶေအာင္နိုင္ေခ်ႏႈန္းက်ဆင္းလာျပီး ကေလးမရေတာ့တာအထိျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးမၾကာခဏျဖစ္ေနတယ္ဆိိုရင္လည္း ဆရာ၀န္နဲ႕ေသခ်ာျပျပီး စစ္ေဆးပါေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:MAY THAZINHTOO
#Unicode Version#
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးအရရော၊ တခြားအကြောင်းအမျိုးမျိုးကြောင့််ပါ အမြဲလိုလိုပြောင်းလဲမှုတွေဖြစ်နေပါတယ်။ ရောဂါတစ်ခုခုဖြစ်လာရင်လည်း သတိပြုစရာ အပြောင်းအလဲလေးတွေ၊ လက္ခဏာလေးတွေ ဖော်ပြတတ်ပါတယ်။ ဒါကို သတိထားမိရင် ရောဂါကြီးကြီးမားမားမဖြစ်ခင် ကာကွယ်ကုသနိုင်မှာ ဖြစ်ပြီး ဒီတိုင်းပဲနေလိုက်မယ်ဆိုရင်တော့ အခြေအနေတွေ ဆိုးသွားနိုင်ပါတယ်။ ဒီတော့ အခြေအနေတွေမဆိုးသွားအောင် တားဆီးကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးတို့အတွက် သတိထားဖွယ်အခြေအနေလေးတွေကိုဖော်ပြလိုက်ပါတယ်။

(၁) ဗိုက်မှာအဆီရှိတာမျိုးမဟုတ်ဘဲ ဝမ်းဗိုက်ဖောင်းနေတာ
မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အမျိုးသမီးရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာ(၈)မျိုး 1

မိန်းကလေးတွေဓမ္မတာလာခါနီးအချိန်မှာ ဝမ်းဗိုက်ကအနည်းငယ်ဖောင်းလာတတ်ပြီး ပြီးသွားရင် နဂိုအတိုင်းပြန်ဖြစ်သွားပါတယ်။ အဲ့ဒီလိုမဖြစ်ဘဲ ၂ ပတ်လောက်ကြာတဲ့အထိ ဝမ်းဗိုက်ကဖောင်းနေတုန်းပဲဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းမညီမျှမှုတွေဖြစ်နေတာကြောင့်ဖြစ်နိုင်ပြီး ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာတို့ရဲ့ အစပြုလက္ခဏာဖြစ်နိုင်ပါတယ်။

(၂) မေးစေ့မှာဝက်ခြံပေါက်တာ
မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အမျိုးသမီးရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာ(၈)မျိုး 2

ဓမ္မတာမလာခင် ၂ ပတ်လောက်အလိုမှာ ခန္ဓာကိုယ်မှာ Estrogen နဲ့ Progesterone ပမာဏမြင့်တက်လာတာကြောင့် ဝက်ခြံတွေထွက်လာတတ်ပါတယ်။ အဲ့ဒီဝက်ခြံတွေက ပါးပြင်၊နဖူးနဲ့ မေးစေ့တွေမှာ ထွက်တတ်ပြီး ဓမ္မတာလာပြီးတဲ့အချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။ တကယ်လို့ မေးစေ့နေရာမှာပဲ ဝက်ခြံတွေထွက်တတ်ပြီး လွယ်လွယ်နဲ့မပျောက်ဘဲ ဝက်ခြံကမပြတ်သလောက်ကိုဖြစ်နေတယ်ဆိုရင်တော့ ဟော်မုန်းနဲ့ပတ်သက်လို့ ပြဿနာရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့လိုပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာတင်ပါးဆုံနားတဝိုက်နာကျင်တာ

လမ်းမြန်မြန်လျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါတွေမှာ တင်ပါးဆုံနားတဝိုက်မှာ နာကျင်မှုကိုခံစားရတယ်ဆိုရင် သားအိမ်အတွင်းပိုင်းအလွှာမှာ တစ်ခုခုဖြစ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့ဒါက စစချင်းမှာ သိပ်မသိသာပေမယ့် နောက်ပိုင်းမှာ ဒီတိုင်းမတ်တပ်ကြာကြာရပ်ရင်တောင် တင်ပါးဆုံနားတဝိုက်မှာ နာကျင်လာတဲ့အထိဖြစ်စေပြီး သားအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုနာကျင်မှုမျိုးဖြစ်နေရင် ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ပြသစစ်ဆေးလိုက်ပါနော်။

(၄) နောက်ကျောနဲ့ခြေထောက်နာကျင်တာ

ဓမ္မတာလာစဉ်မှာ ဝမ်းဗိုက်နဲ့နောက်ကျောနာကျင်တာမျိုးက ပုံမှန်ဖြစ်နေကျအခြေအနေလို့ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်ကျောဘက်ခါးနားတဝိုက်နာကျင်တာက အရမ်းပြင်းထန်နေပြီး နာကျင်မှုက ခြေထောက်တွေအထိပျံ့နေမယ်ဆိုရင်တော့ ဒါဟာ သားအိမ်မှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဒါကြောင့် ဒီလောက်နာကျင်တဲ့အထိမနေဘဲ ဆရာဝန်နဲ့ အမြန်ပြဖို့ တိုက်တွန်းချင်ပါတယ်။

(၅) ဓမ္မတာလာစဉ် သွေးခဲတွေအများကြီးဆင်းတာ

မိန်းကလေးတွေ ဓမ္မတာလာတဲ့ဖြစ်စဉ်မှာ တစ်ယောက်နဲ့တစ်ယောက်အခြေအနေတွေ မတူကွဲပြားမှုလေးတွေရှိကြပါတယ်။ အရောင်မတူတာ၊ ပမာဏအနည်းအများကွဲပြားတာ… စသဖြင့်။ အဲ့ဒီအထဲမှာမှ ဓမ္မတာသွေးရောင်အရမ်းရင့်နေပြီး သွေးခဲတွေဆင်းတာအရမ်းများနေမယ်ဆိုရင်တော့ သားအိမ်ထဲမှာ အသားလုံးဖြစ်နေတာမျိုး ဖြစ်နိုင်လို့ သေချာပေါက်စစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။

(၆) ကိုယ်အကြိုက်ဆုံးအစားအသောက်ကိုတောင်ရင်မခုန်တော့တာ

လူတစ်ယောက်က အသက်အရွယ်အရပဲဖြစ်ဖြစ်၊ အခြေအနေအရပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် အကြိုက်တွေ၊ အကျင့်စရိုက်တွေပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ပျိုမေတို့အနေနဲ့ ရုတ်တရက်ကြီး အစားစားချင်စိတ်တွေပျောက်နေပြီး ကိုယ်အကြိုက်ဆုံးအစားအစာကိုတောင် အရင်လိုမက်မက်မောမောမရှိတော့တာမျိုးတွေဖြစ်နေရင်တော့ သားအိမ်ကင်ဆာအစပြုချင်တာဖြစ်နိုင်တာကြောင့် အမြန်ဆုံးစစ်ဆေးကုသရမှာပါ။

(၇) ဆံပင်တွေအကြောင်းမဲ့ကျွတ်နေတာ
မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အမျိုးသမီးရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာ(၈)မျိုး 3

ဆံပင်ကျွတ်တာကလည်း အကြောင်းရင်းအမျိုးမျိုးရှိနိုင်သလို Testosterone ဟော်မုန်းပမာဏ နည်းနေခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပုံမှန်အခြေအနေဆို ခေါင်းလျှော်တဲ့အခါ၊ ခေါင်းဖြီးတဲ့အခါ ဆံပင် ၅၀ ကနေ ၁၀၀ လောက်ကျွတ်တတ်ပြီး အဲ့လိုမဟုတ်ဘဲ ဆံပင်တွေ အကွက်လိုက်၊ အထွေးလိုက်ကျွတ်တာမျိုးဖြစ်နေရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းထုတ်လုပ်မှုကမောက်ကမဖြစ်နေတာကြောင့်ပါ။ ဒါက စစချင်းမှာ သိပ်မဆိုးဘူးလို့ထင်ရပေမယ့် နောက်ပိုင်းခန္ဓာကိုယ်ထဲက တခြားအစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးတဲ့အထိဖြစ်လာနိုင်ပါတယ်။

(၈) ပူလွယ်အေးလွယ်ဖြစ်နေတာ

ပျိုမေတို့အနေနဲ့ ပုံမှန်အခန်းအပူချိန်မှာ နေရတာသက်တောင့်သက်သာမဖြစ်ဘဲ အရမ်းပူနေ၊ အရမ်းအေးနေတတ်တာမျိုး၊ အခုပဲပူလိုက်၊ အခုပဲအေးလိုက် ဖြစ်နေတာမျိုးဆိုရင် ဒါက အပြင်အပူချိန်နဲ့မဆိုင်ဘဲ ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေကြောင့်ဖြစ်နေတာပါ။ အထူးသဖြင့် Estrogen ဟော်မုန်းပမာဏမညီမျှခြင်းကြောင့်ဖြစ်ပြီး ဒီလိုဖြစ်တာ ကြာလာရင် သန္ဓေအောင်နိုင်ချေနှုန်းကျဆင်းလာပြီး ကလေးမရတော့တာအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးမကြာခဏဖြစ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့သေချာပြပြီး စစ်ဆေးပါနော်။

ဖိုးသူတော်(www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top