မိတ္ကပ္ပညာရွင္အျဖစ္ ရပ္တည္ခဲ့ျပီး Transgender တေယာက္ဆိုေပမယ့္လည္း ဆြဲေဆာင္မႈရွိတာေၾကာင့္ ပရိသတ္ေတြ ဝန္းရံျခင္းခံရတဲ့ မထက္တေယာက္ကေတာ့ သူ႔အေနနဲ႔ မိန္းကေလးတေယာက္နဲ႔ တူေအာင္ ဘယ္လိုၾကိဳးစားခဲ့ရလည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။ မထက္ကေတာ့ လက္ရွိခ်ိန္မွာေတာ့ အင္တာေနရွင္နယ္ ဆန္ဆန္ စတိုင္လ္ေတြေၾကာင့္လည္း လူေတြၾကားမွာေရပန္းစားေနတာ ျဖစ္ပါတယ္။

မထက္ ကေတာ့ Cele YatKwat နဲ႔ အင္တာဗ်ဴးတြင္ မိန္းကေလးတေယာက္နဲ႔ တူေအာင္ ဘယ္လိုၾကိဳးစားခဲ့ရလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “အမတို႔လိုလူေတြကလည္း မိန္းကေလးနဲ႔ တူတယ္ဆိုတာ ရွားတယ္။ တကယ့္ဘဝေပးေကာင္းတဲ့သူေတြပဲ တူၾကတာပါ။ အမတို႔အတင္းၾကီးကုိ ၾကိဳးစားအားထုတ္ခဲ့ရတာပါ။ ေနာက္ျပီး ခြဲစိတ္မႈလုပ္ရင္လည္း အမာရြက္ေတြရွိတယ္။ အဲ့ၾကားထဲမွာ အမကေတာ့ အရမ္းၾကိဳးစားလို႔လား မသိပါဘူး။ ၾကည့္ေကာင္းလာတယ္။

တကယ္တမ္းေတာ့ အမပံုေတြ ျမင္ဖူးမွာပဲေလ။ လွမွမလွတာ။ အမက ေမးေစနဲ႔ ႏွာေခါင္းျပင္ထားတယ္။ ဒီေလာက္ပဲရွိတယ္။ ဒါေပမယ့္ ၾကည့္ေကာင္းသြားတယ္ဆိုတာကေတာ့ ျပင္တတ္ဆင္တတ္လို႔ပါ။ မိန္းကေလးနဲ႔လည္း မတူပါဘူး။ နည္းနည္းၾကိဳးစားတဲ့ ဇြဲေလးရွိလို႔ပါ။ ဒီလိုၾကည့္ေကာင္းလာမယ္လို႔လည္း မထင္ထားပါဘူး။ အမ ႏႈတ္ခမ္းဆိုလည္း အရင္တုန္းက လီွးျဖတ္ခ်င္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ျပင္စရာမလိုပဲ ၾကည့္ေကာင္းသြားတာေပါ့”

“အမကိုယ္ အမလွတယ္လို႔ မထင္ထားပါဘူး။ ၾကည့္ေကာင္းေအာင္ ျပင္တတ္ဆင္တတ္တဲ့သူလို႔ပဲ ထင္ပါတယ္။ အမမွာ ထူးထူးျခားျခားဆိုလို႔မရွိပါဘူး။ မ်က္ႏွာဆိုလည္း အမ္းေနတယ္။ အမေဟာ္မုန္းေဆးမထိုးတာလည္း ၾကာျပီ။ ျပီးေတာ့ အိပ္ေရးေတြပ်က္တာလည္းမ်ားတယ္။ အိမ္မွာလာၾကည့္ေလ ပံုမွန္ဆိုဘာရုပ္မွ မေပါက္ဘူး။ အခုကျပင္တတ္လို႔ပါ”

“ဆယ္လီတေယာက္ရဲ့ တင္ပါးကို ဆီလီကြန္ထည့္တာေတြ ျမင္ေတာ့ ထည့္ခ်င္တယ္။ လွလိုက္တာေပါ့။ ဒါေပမယ့္လည္း အမအသက္အရြယ္အရ အမက နည္းနည္းလည္း ၾကီးသြားျပီေပါ့ေနာ္။ ၾကီးသြားတဲ့ခ်ိန္မွာ အမအဲ့ဒါေတြ မလုပ္ခ်င္ေတာ့ဘူး။ နာတာေတာ့ အၾကာၾကီးမနာပါဘူး။ ငယ္လို႔ရွိရင္ လုပ္ျဖစ္မွာပါ။ အသက္ၾကီးသြားျပီဆိုေတာ့ မလုပ္ခ်င္ေတာ့ဘူး”  ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မိတ်ကပ်ပညာရှင်အဖြစ် ရပ်တည်ခဲ့ပြီး Transgender တယောက်ဆိုပေမယ့်လည်း ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်တွေ ဝန်းရံခြင်းခံရတဲ့ မထက်တယောက်ကတော့ သူ့အနေနဲ့ မိန်းကလေးတယောက်နဲ့ တူအောင် ဘယ်လိုကြိုးစားခဲ့ရလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။ မထက်ကတော့ လက်ရှိချိန်မှာတော့ အင်တာနေရှင်နယ် ဆန်ဆန် စတိုင်လ်တွေကြောင့်လည်း လူတွေကြားမှာရေပန်းစားနေတာ ဖြစ်ပါတယ်။

မထက် ကတော့ Cele YatKwat နဲ့ အင်တာဗျူးတွင် မိန်းကလေးတယောက်နဲ့ တူအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတဲ့ မေးခွန်းကိုတော့ “အမတို့လိုလူတွေကလည်း မိန်းကလေးနဲ့ တူတယ်ဆိုတာ ရှားတယ်။ တကယ့်ဘဝပေးကောင်းတဲ့သူတွေပဲ တူကြတာပါ။ အမတို့အတင်းကြီးကို ကြိုးစားအားထုတ်ခဲ့ရတာပါ။ နောက်ပြီး ခွဲစိတ်မှုလုပ်ရင်လည်း အမာရွက်တွေရှိတယ်။ အဲ့ကြားထဲမှာ အမကတော့ အရမ်းကြိုးစားလို့လား မသိပါဘူး။ ကြည့်ကောင်းလာတယ်။

တကယ်တမ်းတော့ အမပုံတွေ မြင်ဖူးမှာပဲလေ။ လှမှမလှတာ။ အမက မေးစေနဲ့ နှာခေါင်းပြင်ထားတယ်။ ဒီလောက်ပဲရှိတယ်။ ဒါပေမယ့် ကြည့်ကောင်းသွားတယ်ဆိုတာကတော့ ပြင်တတ်ဆင်တတ်လို့ပါ။ မိန်းကလေးနဲ့လည်း မတူပါဘူး။ နည်းနည်းကြိုးစားတဲ့ ဇွဲလေးရှိလို့ပါ။ ဒီလိုကြည့်ကောင်းလာမယ်လို့လည်း မထင်ထားပါဘူး။ အမ နှုတ်ခမ်းဆိုလည်း အရင်တုန်းက လှီးဖြတ်ချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ပြင်စရာမလိုပဲ ကြည့်ကောင်းသွားတာပေါ့”

“အမကိုယ် အမလှတယ်လို့ မထင်ထားပါဘူး။ ကြည့်ကောင်းအောင် ပြင်တတ်ဆင်တတ်တဲ့သူလို့ပဲ ထင်ပါတယ်။ အမမှာ ထူးထူးခြားခြားဆိုလို့မရှိပါဘူး။ မျက်နှာဆိုလည်း အမ်းနေတယ်။ အမဟော်မုန်းဆေးမထိုးတာလည်း ကြာပြီ။ ပြီးတော့ အိပ်ရေးတွေပျက်တာလည်းများတယ်။ အိမ်မှာလာကြည့်လေ ပုံမှန်ဆိုဘာရုပ်မှ မပေါက်ဘူး။ အခုကပြင်တတ်လို့ပါ”

“ဆယ်လီတယောက်ရဲ့ တင်ပါးကို ဆီလီကွန်ထည့်တာတွေ မြင်တော့ ထည့်ချင်တယ်။ လှလိုက်တာပေါ့။ ဒါပေမယ့်လည်း အမအသက်အရွယ်အရ အမက နည်းနည်းလည်း ကြီးသွားပြီပေါ့နော်။ ကြီးသွားတဲ့ချိန်မှာ အမအဲ့ဒါတွေ မလုပ်ချင်တော့ဘူး။ နာတာတော့ အကြာကြီးမနာပါဘူး။ ငယ်လို့ရှိရင် လုပ်ဖြစ်မှာပါ။ အသက်ကြီးသွားပြီဆိုတော့ မလုပ်ချင်တော့ဘူး”  ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top