“လွပ္၍လြင့္ေသာ” ၀တၳဳကို ေရးသားသူ စာေရးဆရာမ စံပယ္ျဖဴႏုက ခုလို ၀မ္းနည္းစြာ ရင္ဖြင့္ထားပါတယ္
*အေၾကာင္းအက်ဳိး အျဖစ္အပ်က္ကို ဆင္ျခင္ၾကည့္တဲ့အခါ
ၿပီးခဲ႔တဲ႔ ျဖစ္ရပ္ကို ျပန္ေတြးတဲ့အခါ ကြၽန္မ စိတ္ထဲ ဆင္ျခင္မိတာေလးေတြ ႐ွိခဲ့ပါတယ္ ပထမ မေျပာေတာ့ဘူး ေနခဲ့ေပမယ့္ ကိုယ္ ျမင္မိ ခံစားမိတာေလးေတြေတာ့ ျပန္ၿပီး မွ်ေဝခ်င္တာကိုး
၁) ဘဝမွာ ကိုယ္က ဘယ္ေလာက္ပဲ ကိုယ့္လမ္းကိုယ္ ေအးေအးခ်မ္းခ်မ္း ေလွ်ာက္ခ်င္ဦးေတာ့ သံသရာမွာ သယ္ေဆာင္ခဲ့တဲ့ အကုသိုလ္ကံဟာ တစ္ေန႔ေတာ့ အက်ဳိးေပးလာတတ္တယ္ဆိုတာ ဆင္ျခင္မိပါတယ္ ကြၽန္မမွာ ပါလာခဲ့တဲ့ အေၾကာင္းက ႀကီးေပသကိုးေလ အမ်ားေ႐ွ႕ေမွာက္မွာ တစ္စုံတစ္ေယာက္ကို အ႐ွက္ရနာက်င္ေစတာမ်ဳိး ကြၽန္မ တစ္ဘဝမွာ သို႔မဟုတ္ ဘဝတခ်ဳိ႕မွာ လုပ္ခဲ့ပါလိမ့္မယ္ အခု အဲဒီအေႂကြးကို ကြၽန္မ ဆပ္ရပါတယ္ ေနာင္ အေႂကြးသစ္ တတ္ႏိုင္သမွ် မယူဖို႔လည္း သတိကပ္မိပါတယ္
၂) ကြၽန္မကို ယုံၾကည္ခ်စ္ခင္တဲ့ စာဖတ္သူေတြ၊ မိတ္ေဆြေတြအမ်ားႀကီး ႐ွိေနပါလားဆိုတာ အံအားတသင့္ သိခြင့္ရပါတယ္ ကြၽန္မကို လူေတာင္ မျမင္ဖူး မသိဖူးပါဘဲ ကြၽန္မ လုပ္ခဲ့တဲ့ အလုပ္ေတြကေနပဲ ေတြးဆယုံၾကည္ခဲ့ၾကသူေတြလည္း အမ်ားႀကီးပါပဲ ငါ့မွာ ဒီလို ယုံၾကည္သူေတြ ႐ွိေနပါလားဆိုတဲ့ စိတ္ခြန္အားကို သူတို႔ ေပးခဲ့တာပါ ဒီခြန္အားဟာ ကြၽန္မလို စိတ္ငယ္တတ္သူတစ္ေယာက္ လဲၿပိဳေစမယ့္ေဘးက ကယ္တင္ခဲ့ပါတယ္ ထေရာ္မာေၾကာင့္ လုံးလုံးလ်ားလ်ား မေပါ့ပါး မေပ်ာ္ရႊင္ေသးတာကလြဲရင္ ကြၽန္မ နာလန္ထူလာခဲ့ပါတယ္ တကယ့္မိတ္ေဆြနဲ႔ မိတ္ေဆြထင္ရသူေတြကို ကြဲျပားျမင္ခြင့္ရခဲ့တာလည္း အဆိုးထဲက အေကာင္းပဲလို႔ ေတြးပါတယ္
၃) ႐ွင္းလင္းသင့္ေၾကာင္း အၾကံေပးခဲ့သူေတြကို ေက်းဇူးတင္သလို အမွန္တရားဟာ ဆိတ္ဆိတ္မေနတာမို႔ အလုပ္သာ ပုံမွန္ ဆက္လုပ္ေနဖို႔ အၾကံေပးခဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္ ဒီတစ္ခ်က္ကေတာ့ ႐ွင္းတာလည္း မဟုတ္ ေျပာျပခ်င္႐ုံပါ ဝတၳဳထဲက ေမာင္ေလး အသတ္ခံရတဲ့ မၾကည္ျပာဟာ ကြၽန္မကိုယ္တိုင္ျဖစ္ေၾကာင္း စာဖတ္သူေတြကိုေတာင္ မေျပာခဲ့ပါဘူး ေျပာလိုက္ရင္ စာအုပ္ကို ပိုစိတ္ဝင္စားမွာ သိတာေတာင္ မေျပာခဲ့ပါဘူး
အနာကို ေဖာက္ခ်႐ုံက လြဲၿပီး အက်ဳိးအျမတ္ကို ေမွ်ာ္ၿပီး ဖန္တီးတာမဟုတ္လို႔ပါ ေနာက္တစ္ခုက ကြၽန္မကိုယ္တိုင္ ထားတဲ့က်င့္ဝတ္ပါ ကေလာင္နဲ႔ေတာ့ မုန္းသူကို ဘယ္ေတာ့မွ အျပစ္မေပးဘူးဆိုတဲ့မူ ကြၽန္မမွာ ႐ွိပါတယ္ သူဟာ ေမာင္ေလးကို သတ္ခဲ့ေပမယ့္လည္း တရား႐ုံးက လြတ္ေျမာက္ခြင့္ေပးထားတဲ့အတြက္ သံသယအက်ဳိးကို သူ ခံစားခြင့္႐ွိပါတယ္ ဒါေၾကာင့္ပဲ နာမည္ေတြ ၿမိဳ႕ေတြကို ကြၽန္မ လႊဲေရးပါတယ္
အေဖအမႈကို သမီးက စုံစမ္းတာ ဘာလို႔ သုံးရသလဲဆိုရင္ မၾကည္ျပာေနရာက ေရးႏိုင္စြမ္း ကြၽန္မမွာ မ႐ွိလို႔ပါ (မေရးခဲ့တာေတာင္ အခါခါ ငိုရတဲ့အထိ ပင္ပန္းခဲ့ပါတယ္) အခုခ်ိန္အထိ အေဖအတြက္ ကာကြယ္ေပးဖို႔ အဆင္သင့္႐ွိေနမယ့္ သူ႔သမီးရဲ႕ပုံရိပ္ကို ယူၿပီး ခင္ၿငိမ္းခ်မ္းကို ဖန္တီးခဲ့တာပါ မ်က္ျမင္သက္ေသမ်ားကအစ တကယ္႐ွိခဲ့သူေတြပါ မေျပာရဲလို႔ ထုတ္မေျပာခဲ့၊ သတ္ခ်ိန္မွာ ျမင္ေတြ႕ခဲ့တဲ့ မ်က္ျမင္သက္ေသကအစ အျပင္မွာ ႐ွိပါတယ္
ဗန္းေမာ္ၿမိဳ႕ကေန ဆက္သြားရေသးတဲ့ ၁၇ မိုင္အနီးက ေတာဟာ ဝတၳဳထဲက သစ္စုေတာပါပဲ ေမာင္ေလးကို သနားစိတ္နဲ႔ ႐ုံးခ်ိန္း ႐ွိတိုင္း စက္ဘီးေလးေတြနဲ႔ တရား႐ုံးအထိ ေဝးေဝးလံလံ လာေပးခဲ့ၾကသူေတြကို အျမဲအမွတ္ရပါတယ္ မၾကည္ျပာေနရာကေန ေရးရင္ ဘာအသံမွ မထြက္ႏိုင္တဲ့ စာတစ္ပုဒ္ကို ခင္ၿငိမ္းခ်မ္းေနရာက ေရးမိတာကေတာ့ စာလည္း ဖတ္မထားပါဘဲ အထင္နဲ႔တင္ ဆဲဆိုခံရဖို႔ ဖန္လာတဲ့ ကြၽန္မကံၾကမၼာပါပဲ သက္ေသေတြ ေနထိုင္ရာ ရြာေတြတစ္ေလွ်ာက္ ခင္ၿငိမ္းခ်မ္း စုံစမ္းတာကို အေျခခံယူၿပီး ဇာတ္ကို တည္ခဲ့တာဟာ သတင္းအယ္ဒီတာဘဝက လာတဲ့ ကြၽန္မရဲ႕ အာ႐ုံက်မႈတစ္ခုပါ
ဝတၳဳ ငါးအုပ္မွာ ေလးအုပ္က တစ္ခုခုကို စုံစမ္း႐ွာေဖြေနတာခ်ည္းပါပဲ ဒါကို စာဖတ္သူေတြ ရိပ္မိပါတယ္ ပုဂၢလခံစားခ်က္နဲ႔ ေရးခဲ့တာရယ္ မခံစားႏိုင္လို႔ တည္းျဖတ္ခ်ိန္ နည္းခဲ့တာေၾကာင့္ရယ္ ဒီစာအုပ္ဟာ ကြၽန္မ ေရးခဲ့သမွ်ထဲ လိုအပ္ခ်က္ေတြ အမ်ားဆုံးျဖစ္ခဲ့ရတာကိုလည္း စာဖတ္သူကို ဒီေနရာက ဝန္ခံခ်င္ပါတယ္
၄) ကြၽန္မဘဝမွာ တစ္ပါးသူရဲ႕အႏုပညာလက္ရာကို ဆင့္ပြားခံစားၿပီး ဖန္တီးခဲ့ဖူးတာဟာ ‘ေ႐ွးေ႐ွးတုန္းက ကံ့ေကာ္ပြင့္ေတြ’ ပဲ ႐ွိခဲ့တာပါ Jhumpha Laihiri ရဲ႕ ဝတၳဳတို Hell Heaven ကို Inspiration ယူခဲ့ေၾကာင္း ဝန္ခံစာ ထည့္ခဲ့ပါတယ္ ေနာင္ ဖန္တီးျဖစ္ရင္လည္း ဝန္ခံမွာပါပဲ ’ေျမာက္ဖ်ားက အလြမ္းရာသီ’ က စလုိ႔ ‘အလြမ္းဆိုင္’ အထိ စာဖတ္သူေတြ ေပးတဲ့ ေနရာေလးတစ္ခု ကြၽန္မ ရခဲ့ၿပီးၿပီမို႔ ကိုယ့္နာမည္ကိုယ္ ျပန္ဖ်က္ဆီးဖို႔ စိတ္ကူးမ႐ွိပါဘူး
ေနာက္တစ္ခုက စာမေရးေပမယ့္ စာေရးေနသူေတြထက္ နယ္ပယ္အသီးသီးမွာ သိသူတတ္သူေတြ ႐ွိေနတယ္ဆိုတာ ကြၽန္မ သိပါတယ္ ႏိုင္ငံရပ္ျခားက ႐ုပ္႐ွင္ ဂီတကို ေနာေက်သူ မ်ားတယ္ ဝတၳဳေတြကိုလည္း ႏုိင္ငံျခား ဘာသာကေန တိုက္႐ိုက္ ဖတ္ေနၾကတယ္ နည္းပညာ အသိပညာ တိုးတက္လာေနတဲ့ေခတ္မွာ တခုခုကုိ ကူးယူခဲ႔ရင္ တစ္ေန႔မသိ တစ္ေန႔ သိၾကမွာပဲ ဒါေၾကာင့္ ဆင့္ပြား ခံစားေရးသားခ်က္ကုိေတာင္ ကြ်န္မက ၾကိဳတင္ ဝန္ခံခဲ့သူပါ
၅) မိခင္ေမတၱာကို ပိုၿပီး နားလည္သြားပါတယ္ ကြၽန္မဟာ သမီးကို ေမြးၿပီးတဲ့ ႐ွစ္လ ကိုးလအတြင္း ကံေကာင္းမႈေတြ ဆက္တိုက္ရပါတယ္ ငါးအုပ္ေျမာက္ အလြမ္းဆိုင္ဟာ ထင္မွတ္မထားေလာက္ေအာင္ အသိအမွတ္ျပဳခံရတယ္ ပါေလရာအယ္နီနဲ႔ ဆုထပ္ရတယ္ ဒါဟာ သမီးကံေၾကာင့္လို႔ ကြၽန္မ ေတြးခဲ့တယ္ ကံဆိုးမႈ ၾကံဳလာေတာ့ ေၾသာ္ ငါ့အတိတ္ကံလို႔ ေတြးျပန္ပါတယ္ ဒါကို စစခ်င္း မရိပ္မိပါဘူး အေတာ္ေလး ၾကာေတာ့မွ ရိပ္မိပါတယ္ နာလန္ျပန္ထူတာ ျမန္တဲ့အထဲမွာ သမီး ႐ွိေနျခင္းရဲ႕ ေက်းဇူးလည္း ပါပါတယ္
၆) စကားေျပ အသုံးနဲ႔ ေျပာရင္ ကြၽန္မက အေျပာစကားေျပ အားသန္သူမဟုတ္ပါ ‘သူ ဝမ္းသာေနသည္’ ဆိုတာအစား ‘သူ႔မ်က္ႏွာ ဝင္းကနဲ ျဖစ္သြား၏။ မ်က္လုံးအစုံလည္း ေတာက္ပလ်က္။’လို႔ ေရးလိုက္ရတာကို ပိုႏွစ္လိုပါတယ္ ကြၽန္မဘဝကိုလည္း အေျပာစကားေျပနဲ႔ သ႐ုပ္မေဖာ္ပါ အျပစကားေျပနဲ႔သာ ဆက္ေရးသြားပါမယ္ အခ်ိန္ရယ္ အလုပ္ရယ္ဟာ ကြၽန္မ ေရးမယ့္ ဘဝစာအုပ္ရဲ႕ ေခါင္းစဥ္ပါပဲ
ေလာေလာဆယ္ေတာ့ ရယူမိတဲ့တရားကိုလည္း ဆင္ျခင္ေနပါတယ္ သားသမင္ ျဖစ္ခဲ့ရတဲ့ဘဝမွာ ဒီသားသမင္ ေသေစေတာ့ရယ္လို႔ မရည္ရြယ္ပါဘဲ ျမားခ်က္ စတင္လႊတ္ခဲ့သူေရာ လမ္းပိတ္ေစ ပုံလဲေစေတာ့လို႔ မရည္ရြယ္ပါဘဲ ေတာေခ်ာက္ခဲ့သူေတြကိုေရာ စိတ္ထဲ ဘယ္လိုမွ မေနေတာ့ပါဘူး (ေမာင္ေလးကို လူ႔ပါးစပ္ဖ်ားမွာ ထပ္ေသေစတဲ့အတြက္ေတာ့ ဒီစာအုပ္ ေရးခဲ့မိတာ ကြၽန္မ အေတာ္ ေနာင္တရပါတယ္၊ သူ ခြင့္လႊတ္မယ္လည္း ေမွ်ာ္လင့္ပါရဲ႕)
ကြၽန္မတို႔ဟာ ကိုယ္ ျပဳခဲ့တဲ့ ကုသိုလ္ကံ အကုသိုလ္ကံကို ထမ္းပိုးၿပီး ကိုယ့္လမ္းကိုယ္ ေလွ်ာက္ၾကရတာပါ ေနာက္ဆုံးထြက္သက္အထိ လုံတဲ့ လိပ္ျပာနဲ႔ အသက္႐ွင္သြားဖို႔သာ လိုရင္းလို႔ ကြၽန္မယူဆပါတယ္ ကြၽန္မကေတာ့ ဒီျဖစ္ရပ္အတြက္ အျမဲ လိပ္ျပာလုံမွာပါပဲ
ခ်စ္ခင္သူအေပါင္းကိုသာ ကြၽန္မ မ်က္ႏွာမူပါတယ္ ဒဏ္ရာရေနခ်ိန္မွာ ႏြယ္ျမက္သစ္ပင္ျဖစ္ခဲ့သူအေပါင္းကို အျမဲေက်းဇူးတင္ အမွတ္ရေနမွာပါ 🙂
*မယုံသူေတြ ယုံေစဖို႔ ကြၽန္မ ဒီစာ ေရးတာ မဟုတ္ပါ၊ ယုံုၾကည္ခ်စ္ခင္ခဲ့သူေတြ၊ စာဖတ္သူေတြအတြက္သာပါ*
ဖိုးသူေတာ္(www.phothutaw.com)
Credit:maharmedianews
#Unicode Version#
“လှပ်၍လွင့်သော” ဝတ္ထုကို ရေးသားသူ စာရေးဆရာမ စံပယ်ဖြူနုက ခုလို ဝမ်းနည်းစွာ ရင်ဖွင့်ထားပါတယ်
*အကြောင်းအကျိုး အဖြစ်အပျက်ကို ဆင်ခြင်ကြည့်တဲ့အခါ
ပြီးခဲ့တဲ့ ဖြစ်ရပ်ကို ပြန်တွေးတဲ့အခါ ကျွန်မ စိတ်ထဲ ဆင်ခြင်မိတာလေးတွေ ရှိခဲ့ပါတယ် ပထမ မပြောတော့ဘူး နေခဲ့ပေမယ့် ကိုယ် မြင်မိ ခံစားမိတာလေးတွေတော့ ပြန်ပြီး မျှဝေချင်တာကိုး
၁) ဘဝမှာ ကိုယ်က ဘယ်လောက်ပဲ ကိုယ့်လမ်းကိုယ် အေးအေးချမ်းချမ်း လျှောက်ချင်ဦးတော့ သံသရာမှာ သယ်ဆောင်ခဲ့တဲ့ အကုသိုလ်ကံဟာ တစ်နေ့တော့ အကျိုးပေးလာတတ်တယ်ဆိုတာ ဆင်ခြင်မိပါတယ် ကျွန်မမှာ ပါလာခဲ့တဲ့ အကြောင်းက ကြီးပေသကိုးလေ အများရှေ့မှောက်မှာ တစ်စုံတစ်ယောက်ကို အရှက်ရနာကျင်စေတာမျိုး ကျွန်မ တစ်ဘဝမှာ သို့မဟုတ် ဘဝတချို့မှာ လုပ်ခဲ့ပါလိမ့်မယ် အခု အဲဒီအကြွေးကို ကျွန်မ ဆပ်ရပါတယ် နောင် အကြွေးသစ် တတ်နိုင်သမျှ မယူဖို့လည်း သတိကပ်မိပါတယ်
၂) ကျွန်မကို ယုံကြည်ချစ်ခင်တဲ့ စာဖတ်သူတွေ၊ မိတ်ဆွေတွေအများကြီး ရှိနေပါလားဆိုတာ အံအားတသင့် သိခွင့်ရပါတယ် ကျွန်မကို လူတောင် မမြင်ဖူး မသိဖူးပါဘဲ ကျွန်မ လုပ်ခဲ့တဲ့ အလုပ်တွေကနေပဲ တွေးဆယုံကြည်ခဲ့ကြသူတွေလည်း အများကြီးပါပဲ ငါ့မှာ ဒီလို ယုံကြည်သူတွေ ရှိနေပါလားဆိုတဲ့ စိတ်ခွန်အားကို သူတို့ ပေးခဲ့တာပါ ဒီခွန်အားဟာ ကျွန်မလို စိတ်ငယ်တတ်သူတစ်ယောက် လဲပြိုစေမယ့်ဘေးက ကယ်တင်ခဲ့ပါတယ် ထရော်မာကြောင့် လုံးလုံးလျားလျား မပေါ့ပါး မပျော်ရွှင်သေးတာကလွဲရင် ကျွန်မ နာလန်ထူလာခဲ့ပါတယ် တကယ့်မိတ်ဆွေနဲ့ မိတ်ဆွေထင်ရသူတွေကို ကွဲပြားမြင်ခွင့်ရခဲ့တာလည်း အဆိုးထဲက အကောင်းပဲလို့ တွေးပါတယ်
၃) ရှင်းလင်းသင့်ကြောင်း အကြံပေးခဲ့သူတွေကို ကျေးဇူးတင်သလို အမှန်တရားဟာ ဆိတ်ဆိတ်မနေတာမို့ အလုပ်သာ ပုံမှန် ဆက်လုပ်နေဖို့ အကြံပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ဒီတစ်ချက်ကတော့ ရှင်းတာလည်း မဟုတ် ပြောပြချင်ရုံပါ ဝတ္ထုထဲက မောင်လေး အသတ်ခံရတဲ့ မကြည်ပြာဟာ ကျွန်မကိုယ်တိုင်ဖြစ်ကြောင်း စာဖတ်သူတွေကိုတောင် မပြောခဲ့ပါဘူး ပြောလိုက်ရင် စာအုပ်ကို ပိုစိတ်ဝင်စားမှာ သိတာတောင် မပြောခဲ့ပါဘူး
အနာကို ဖောက်ချရုံက လွဲပြီး အကျိုးအမြတ်ကို မျှော်ပြီး ဖန်တီးတာမဟုတ်လို့ပါ နောက်တစ်ခုက ကျွန်မကိုယ်တိုင် ထားတဲ့ကျင့်ဝတ်ပါ ကလောင်နဲ့တော့ မုန်းသူကို ဘယ်တော့မှ အပြစ်မပေးဘူးဆိုတဲ့မူ ကျွန်မမှာ ရှိပါတယ် သူဟာ မောင်လေးကို သတ်ခဲ့ပေမယ့်လည်း တရားရုံးက လွတ်မြောက်ခွင့်ပေးထားတဲ့အတွက် သံသယအကျိုးကို သူ ခံစားခွင့်ရှိပါတယ် ဒါကြောင့်ပဲ နာမည်တွေ မြို့တွေကို ကျွန်မ လွှဲရေးပါတယ်
အဖေအမှုကို သမီးက စုံစမ်းတာ ဘာလို့ သုံးရသလဲဆိုရင် မကြည်ပြာနေရာက ရေးနိုင်စွမ်း ကျွန်မမှာ မရှိလို့ပါ (မရေးခဲ့တာတောင် အခါခါ ငိုရတဲ့အထိ ပင်ပန်းခဲ့ပါတယ်) အခုချိန်အထိ အဖေအတွက် ကာကွယ်ပေးဖို့ အဆင်သင့်ရှိနေမယ့် သူ့သမီးရဲ့ပုံရိပ်ကို ယူပြီး ခင်ငြိမ်းချမ်းကို ဖန်တီးခဲ့တာပါ မျက်မြင်သက်သေများကအစ တကယ်ရှိခဲ့သူတွေပါ မပြောရဲလို့ ထုတ်မပြောခဲ့၊ သတ်ချိန်မှာ မြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေကအစ အပြင်မှာ ရှိပါတယ်
ဗန်းမော်မြို့ကနေ ဆက်သွားရသေးတဲ့ ၁၇ မိုင်အနီးက တောဟာ ဝတ္ထုထဲက သစ်စုတောပါပဲ မောင်လေးကို သနားစိတ်နဲ့ ရုံးချိန်း ရှိတိုင်း စက်ဘီးလေးတွေနဲ့ တရားရုံးအထိ ဝေးဝေးလံလံ လာပေးခဲ့ကြသူတွေကို အမြဲအမှတ်ရပါတယ် မကြည်ပြာနေရာကနေ ရေးရင် ဘာအသံမှ မထွက်နိုင်တဲ့ စာတစ်ပုဒ်ကို ခင်ငြိမ်းချမ်းနေရာက ရေးမိတာကတော့ စာလည်း ဖတ်မထားပါဘဲ အထင်နဲ့တင် ဆဲဆိုခံရဖို့ ဖန်လာတဲ့ ကျွန်မကံကြမ္မာပါပဲ သက်သေတွေ နေထိုင်ရာ ရွာတွေတစ်လျှောက် ခင်ငြိမ်းချမ်း စုံစမ်းတာကို အခြေခံယူပြီး ဇာတ်ကို တည်ခဲ့တာဟာ သတင်းအယ်ဒီတာဘဝက လာတဲ့ ကျွန်မရဲ့ အာရုံကျမှုတစ်ခုပါ
ဝတ္ထု ငါးအုပ်မှာ လေးအုပ်က တစ်ခုခုကို စုံစမ်းရှာဖွေနေတာချည်းပါပဲ ဒါကို စာဖတ်သူတွေ ရိပ်မိပါတယ် ပုဂ္ဂလခံစားချက်နဲ့ ရေးခဲ့တာရယ် မခံစားနိုင်လို့ တည်းဖြတ်ချိန် နည်းခဲ့တာကြောင့်ရယ် ဒီစာအုပ်ဟာ ကျွန်မ ရေးခဲ့သမျှထဲ လိုအပ်ချက်တွေ အများဆုံးဖြစ်ခဲ့ရတာကိုလည်း စာဖတ်သူကို ဒီနေရာက ဝန်ခံချင်ပါတယ်
၄) ကျွန်မဘဝမှာ တစ်ပါးသူရဲ့အနုပညာလက်ရာကို ဆင့်ပွားခံစားပြီး ဖန်တီးခဲ့ဖူးတာဟာ ‘ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ’ ပဲ ရှိခဲ့တာပါ Jhumpha Laihiri ရဲ့ ဝတ္ထုတို Hell Heaven ကို Inspiration ယူခဲ့ကြောင်း ဝန်ခံစာ ထည့်ခဲ့ပါတယ် နောင် ဖန်တီးဖြစ်ရင်လည်း ဝန်ခံမှာပါပဲ ’မြောက်ဖျားက အလွမ်းရာသီ’ က စလို့ ‘အလွမ်းဆိုင်’ အထိ စာဖတ်သူတွေ ပေးတဲ့ နေရာလေးတစ်ခု ကျွန်မ ရခဲ့ပြီးပြီမို့ ကိုယ့်နာမည်ကိုယ် ပြန်ဖျက်ဆီးဖို့ စိတ်ကူးမရှိပါဘူး
နောက်တစ်ခုက စာမရေးပေမယ့် စာရေးနေသူတွေထက် နယ်ပယ်အသီးသီးမှာ သိသူတတ်သူတွေ ရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ် နိုင်ငံရပ်ခြားက ရုပ်ရှင် ဂီတကို နောကျေသူ များတယ် ဝတ္ထုတွေကိုလည်း နိုင်ငံခြား ဘာသာကနေ တိုက်ရိုက် ဖတ်နေကြတယ် နည်းပညာ အသိပညာ တိုးတက်လာနေတဲ့ခေတ်မှာ တခုခုကို ကူးယူခဲ့ရင် တစ်နေ့မသိ တစ်နေ့ သိကြမှာပဲ ဒါကြောင့် ဆင့်ပွား ခံစားရေးသားချက်ကိုတောင် ကျွန်မက ကြိုတင် ဝန်ခံခဲ့သူပါ
၅) မိခင်မေတ္တာကို ပိုပြီး နားလည်သွားပါတယ် ကျွန်မဟာ သမီးကို မွေးပြီးတဲ့ ရှစ်လ ကိုးလအတွင်း ကံကောင်းမှုတွေ ဆက်တိုက်ရပါတယ် ငါးအုပ်မြောက် အလွမ်းဆိုင်ဟာ ထင်မှတ်မထားလောက်အောင် အသိအမှတ်ပြုခံရတယ် ပါလေရာအယ်နီနဲ့ ဆုထပ်ရတယ် ဒါဟာ သမီးကံကြောင့်လို့ ကျွန်မ တွေးခဲ့တယ် ကံဆိုးမှု ကြုံလာတော့ သြော် ငါ့အတိတ်ကံလို့ တွေးပြန်ပါတယ် ဒါကို စစချင်း မရိပ်မိပါဘူး အတော်လေး ကြာတော့မှ ရိပ်မိပါတယ် နာလန်ပြန်ထူတာ မြန်တဲ့အထဲမှာ သမီး ရှိနေခြင်းရဲ့ ကျေးဇူးလည်း ပါပါတယ်
၆) စကားပြေ အသုံးနဲ့ ပြောရင် ကျွန်မက အပြောစကားပြေ အားသန်သူမဟုတ်ပါ ‘သူ ဝမ်းသာနေသည်’ ဆိုတာအစား ‘သူ့မျက်နှာ ဝင်းကနဲ ဖြစ်သွား၏။ မျက်လုံးအစုံလည်း တောက်ပလျက်။’လို့ ရေးလိုက်ရတာကို ပိုနှစ်လိုပါတယ် ကျွန်မဘဝကိုလည်း အပြောစကားပြေနဲ့ သရုပ်မဖော်ပါ အပြစကားပြေနဲ့သာ ဆက်ရေးသွားပါမယ် အချိန်ရယ် အလုပ်ရယ်ဟာ ကျွန်မ ရေးမယ့် ဘဝစာအုပ်ရဲ့ ခေါင်းစဉ်ပါပဲ
လောလောဆယ်တော့ ရယူမိတဲ့တရားကိုလည်း ဆင်ခြင်နေပါတယ် သားသမင် ဖြစ်ခဲ့ရတဲ့ဘဝမှာ ဒီသားသမင် သေစေတော့ရယ်လို့ မရည်ရွယ်ပါဘဲ မြားချက် စတင်လွှတ်ခဲ့သူရော လမ်းပိတ်စေ ပုံလဲစေတော့လို့ မရည်ရွယ်ပါဘဲ တောချောက်ခဲ့သူတွေကိုရော စိတ်ထဲ ဘယ်လိုမှ မနေတော့ပါဘူး (မောင်လေးကို လူ့ပါးစပ်ဖျားမှာ ထပ်သေစေတဲ့အတွက်တော့ ဒီစာအုပ် ရေးခဲ့မိတာ ကျွန်မ အတော် နောင်တရပါတယ်၊ သူ ခွင့်လွှတ်မယ်လည်း မျှော်လင့်ပါရဲ့)
ကျွန်မတို့ဟာ ကိုယ် ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံကို ထမ်းပိုးပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြရတာပါ နောက်ဆုံးထွက်သက်အထိ လုံတဲ့ လိပ်ပြာနဲ့ အသက်ရှင်သွားဖို့သာ လိုရင်းလို့ ကျွန်မယူဆပါတယ် ကျွန်မကတော့ ဒီဖြစ်ရပ်အတွက် အမြဲ လိပ်ပြာလုံမှာပါပဲ
ချစ်ခင်သူအပေါင်းကိုသာ ကျွန်မ မျက်နှာမူပါတယ် ဒဏ်ရာရနေချိန်မှာ နွယ်မြက်သစ်ပင်ဖြစ်ခဲ့သူအပေါင်းကို အမြဲကျေးဇူးတင် အမှတ်ရနေမှာပါ 🙂
*မယုံသူတွေ ယုံစေဖို့ ကျွန်မ ဒီစာ ရေးတာ မဟုတ်ပါ၊ ယုံကြည်ချစ်ခင်ခဲ့သူတွေ၊ စာဖတ်သူတွေအတွက်သာပါ*
ဖိုးသူတော်(www.phothutaw.com)
Credit:maharmedianews