သီရိလကၤာႏိုင္ငံ အေရွ႕ဘက္ျခမ္းမွာ ပုန္းခိုေနထိုင္တဲ့ အစၥလာမစ္ စစ္ေသြးေႂကြးတစ္ဦးက အခုဗုံးခြဲတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစိုးရအာဏာပိုင္ေတြက သတင္းထုတ္ျပန္ထားပါတယ္။

သီရိလကၤာရဲတပ္ဖြဲ႔ေတြဟာ သံသယရွိသူတရားခံ ပုန္းေအာင္းေနတဲ့ေနရာကို ၀င္ေရာက္စီးနင္းဖို႔ ႀကိဳးပမ္းစဥ္မွာ အခုဗုံးခြဲတိုက္ခိုက္မႈ ျဖစ္ပြားသြားခဲ့တာပါ။

ေသဆုံးသူ ၁၅ ဦးမွာ ေျခာက္ဦးက ကေလးငယ္ေလးေတြျဖစ္ၿပီး ဗုံးေဖာက္ခြဲမႈက်ဴးလြန္သူ သံသယတရားခံ႕မိသားစု၀င္ေတြလို႔ ယူဆရတဲ့ အမ်ိဳးသမီးသုံးဦးလည္း ေသဆုံးသူေတြထဲမွာ ပါ၀င္သြားခဲ့ပါတယ္။

ပတ္၀န္းက်င္မွာ ေနထိုင္သူေတြရဲ႕ေျပာၾကားခ်က္အရ ေပါက္ကြဲသံႀကီးတစ္ခုကို ၾကားလိုက္ရအၿပီးမွာ ေနာက္ဆက္တြဲ ေသနတ္သံေတြကို နာရီအတန္ၾကာ အဆက္မျပတ္ ၾကားေနခဲ့ရတယ္လို႔ သိရွိရပါတယ္။

ဒီကေန႔ ဗုံးခြဲတိုက္ခိုက္မႈဟာ လြန္ခဲ့တဲ့တနဂၤေႏြေန႔က ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း သုံးခုနဲ႔ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ႀကီးသုံးခုကို အၾကမ္းဖက္ တိုက္ခိုက္ခဲ့တဲ့ျဖစ္စဥ္ကို ေခါင္းေဆာင္ခဲ့သူရဲ႕ ဇာတိၿမိဳ႕အနီးမွာရွိတဲ့ ဆိန္းသာမာ႐ူသူ ဆိုတဲ့ေဒသမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဒီဗုံေပါက္ကြဲမႈ ျဖစ္ပြားေနခ်ိန္နဲ႔ တစ္ထပ္တည္းမွာပဲ သူ႔အနီးအနားက ၿမိဳ႕တစ္ၿမိဳ႕မွာ သီရိလကၤာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက ဒ႐ုန္းတစ္စီးနဲ႔အတူ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြကို ရွာေဖြသိမ္းဆည္းရမိခဲ့ပါတယ္။

လက္ရွိမွာေတာ့ သီရိလကၤာအစိုးရက တစ္ႏိုင္ငံလုံးကို ဗုံးနဲ႔ပတ္သက္တဲ့ အျမင့္မားဆုံး အေရးေပၚ တပ္လွန႔္မႈတစ္ရပ္ ေဆာင္႐ြက္လိုက္ၿပီလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ပုန်းခိုနေထိုင်တဲ့ အစ္စလာမစ် စစ်သွေးကြွေးတစ်ဦးက အခုဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

သီရိလင်္ကာရဲတပ်ဖွဲ့တွေဟာ သံသယရှိသူတရားခံ ပုန်းအောင်းနေတဲ့နေရာကို ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းစဉ်မှာ အခုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသွားခဲ့တာပါ။

သေဆုံးသူ ၁၅ ဦးမှာ ခြောက်ဦးက ကလေးငယ်လေးတွေဖြစ်ပြီး ဗုံးဖောက်ခွဲမှုကျူးလွန်သူ သံသယတရားခံ့မိသားစုဝင်တွေလို့ ယူဆရတဲ့ အမျိုးသမီးသုံးဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်သွားခဲ့ပါတယ်။

ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ပြောကြားချက်အရ ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရအပြီးမှာ နောက်ဆက်တွဲ သေနတ်သံတွေကို နာရီအတန်ကြာ အဆက်မပြတ် ကြားနေခဲ့ရတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ ဗုံးခွဲတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့တနင်္ဂနွေနေ့က ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးခုနဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးသုံးခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို ခေါင်းဆောင်ခဲ့သူရဲ့ ဇာတိမြို့အနီးမှာရှိတဲ့ ဆိန်းသာမာရူသူ ဆိုတဲ့ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဗုံပေါက်ကွဲမှု ဖြစ်ပွားနေချိန်နဲ့ တစ်ထပ်တည်းမှာပဲ သူ့အနီးအနားက မြို့တစ်မြို့မှာ သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းတစ်စီးနဲ့အတူ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိမှာတော့ သီရိလင်္ကာအစိုးရက တစ်နိုင်ငံလုံးကို ဗုံးနဲ့ပတ်သက်တဲ့ အမြင့်မားဆုံး အရေးပေါ် တပ်လှန့်မှုတစ်ရပ် ဆောင်ရွက်လိုက်ပြီလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top