ကမာၻတစ္ဝွမ္းမွာ ေျမာက္ကိုရီးယားအေပၚစိတ္ဝင္စားမႈေတြဟာ ႏွစ္စဥ္ႏွစ္တိုင္းျမင့္တက္လို႔ေနပါတယ္။ ေျမာက္ကိုရီးယားရဲ႕ေခါင္းေဆာင္ေတြဟာ သူတို႔ႏိုင္ငံကိုျပင္ပရဲ႕လႊမ္းမိုးမႈေတြမခံရေအာင္ ကာကြယ္ထားၾကပါတယ္။

ဒါေၾကာင့္ကိုပဲ ေျမာက္ကိုရီးယားရဲ႕အေၾကာင္းဆိုရင္ပိုသိခ်င္လာေလေလျဖစ္လာရတာပါ။ အခုဒီေဆာင္းပါးမွာဆိုရင္ေတာ့ေျမာက္ကိုရီးယားႏိုင္ငံမွာပိတ္ပင္တားျမစ္ထားတဲ့အရာေတြကိုေဖာ္ျပသြားမွာျဖစ္ပါတယ္။

၁၆။အေနာက္ပိုင္းဖက္ရွင္

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအမ္ဟာဂ်င္းေဘာင္းဘီနဲ႔အျခားေသာအေနာက္ပိုင္းဖက္ရွင္ေတြကို တ႐ုတ္နဲ႔ထိစပ္ေနတဲ့ေဒသ ၂ ခုမွာဝတ္ဆင္ခြင့္ပိတ္ပင္ထားပါတယ္။ ျပံဳယန္းဟာ သူ႔အိမ္နီးခ်င္းႏိုင္ငံႀကီးဆီကလာတဲ့ အေနာက္ပိုင္းဖက္ရွင္ေတြလႊမ္းမိုးမႈမခံရေစဖို႔ရာအတြက္ အခုလိုႀကိဳးစားေနတာပဲျဖစ္ပါတယ္။

၁၅။ကိုကာကိုလာ



ေျမာက္ကိုရီးယားႏိုင္ငံမွာကိုကာကိုလာတံဆိပ္ေၾကာင့္ ကိုလာတစ္ပုလင္းဆိုတာကိုေတာ္႐ုံ မေတြ႕ႏိုင္ပါဘူး။ ဒါေပမဲ့လဲ တ႐ုတ္ႏိုင္ငံကထုတ္လုပ္တဲ့ ကိုကာကိုလာအလားတူ ကိုလာဘူးေတြေတာ့ရွိတယ္လို႔သိရပါတယ္။

၁၄။ဆံပင္စတိုင္

ကင္ဂ်ံဳအမ္ဟာ အမ်ိဳးသမီးေတြအတြက္ ဆံပင္ၫွပ္စတိုင္ ၁၈ ခုနဲ႔ အမ်ိဳးသားေတြအတြက္ဆို စတိုင္ ၁၅ ခုသာၫွပ္ဖို႔ခြင့္ျပဳထားပါတယ္။ ဘယ္ဆံပင္စတိုင္ကိုမွ ေဆးဆိုးလို႔မရပါဘူး။ ဒါေၾကာင့္ေျမာက္ကိုရီးယားႏိုင္ငံမွာဆံပင္ေဆးဆိုးဘူးဝယ္ဖို႔ဆိုတာစိန္ေခၚမႈတစ္ခုလိုပါပဲ။

၁၃။အမ်ိဳးသမီးလစဥ္သုံးပစၥည္း

ေျမာက္ကိုရီးယားမွာ ေခတ္မွီအမ်ိဳးသမီးလစဥ္သုံးပစၥည္းေတြမရွိပါဘူး။ အမ်ိဳးသမီးေတြဟာ ေရွးကအသုံးျပဳတဲ့ ျပန္သုံးလို႔ရတဲ့ႏူးညံ့တဲ့ပိတ္စကိုပဲအသုံးျပဳျကရပါတယ္။

၁၂။ကြန္ဒုံး

ေမြးဖြားမႈထိန္းခ်ဳပ္တဲ့ဘယ္လိုအမ်ိဳးအစားနည္းလမ္းမဆို ေျမာက္ကိုရီးယားမွာပိတ္ပင္ထားပါတယ္။ ဒါေၾကာင့္ ကြန္ဒုံးတစ္ခုရဖို႔ဆိုတာလဲ အင္မတန္ကိုခက္ခဲပါတယ္။

၁၁။အိမ္ျခံေျမအေဆာက္အအုံပိုင္ဆိုင္မႈမ်ား

ေျမာက္ကိုရီးယားအစိုးရဟာ အိမ္ျခံေျမ၊ပိုင္ဆိုင္မႈေတြအားလုံးနီးပါးကိုပိုင္ဆိုင္ဖို႔အခြင့္အေရးရွိပါတယ္။ ဒါေၾကာင့္ပဲ ေျမာက္ကိုရီးယားမွာ အိမ္ဝယ္ဖို႔ ေရာင္းဖို႔ဆိုတာသိပ္ကိုမလြယ္ကူလွပါဘူး။ ဒါမဲ့လဲ ေျမာက္ကိုရီးယားမွလူေတြဟာ နည္းလမ္းမ်ိဳးစုံကိုသုံးပီးလုပ္လာၾကတဲ့အတြက္ ပီးခဲ့တဲ့ႏွစ္ေလာက္ကစပီး ဥပေဒကိုနဲနဲအေလွ်ာ့ေပးခဲ့ပါတယ္။

၁၀။ဒီဇိုင္နာေဒါက္ဖိနပ္မ်ား

တ႐ုတ္ႏိုင္ငံထုတ္ ဒီဇိုင္နာေဒါက္ျမင့္ဖိနပ္မ်ားေရာင္းခ်ႏိုင္တဲ့ တ႐ုတ္နဲ႔နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ေဒသမွာ ဒီဇိုင္နာေဒါက္ျမင့္ဖိနပ္ေတြကိုစီးဖို႔ပိတ္ပင္ထားပါတယ္။

၉။ခရစၥမတ္သစ္ပင္

ေျမာက္ကိုရီးယားနိုင္ငံဟာ တရားဝင္ဘာသာမဲ့နိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ဘယ္လိုဘာ သာေရးလုပ္ေဆာင္မႈမ်ိဳးကိုမဆိုပိတ္ပင္ထားပီး အစိုးရရဲ႕ခြင့္ျပဳခ်က္ရွိမွသာ လုပ္ေဆာင္ခြင့္ေပးပါ တယ္။ ဒါေၾကာင့္ ခရစၥမတ္သစ္ပင္ေတြ၊ အလွဆင္တဲ့ပစၥည္းေတြကို ေျမာက္ကိုရီးယားမွာဝယ္ လို႔မရႏိုင္ပါဘူး။

၈။စတားဘတ္ခ္



ဘယ္ဘက္ကဓာတ္ပုံဟာ သင့္ကိုစိတ္ရႈပ္သြားေစႏိုင္ပါတယ္။ ဒါမဲ့အဲ့ဓာတ္ပုံဟာအတုျဖစ္ပါတယ္။ ဒါတိုင္းျပည္ကိုအလည္လာတဲ့ခရီးသြားတစ္ဦးက ေနာက္ေျပာင္တဲ့အေနနဲ႔တင္ထားတာျဖစ္ပါတယ္။ တကယ္လို႔သင္ျပံဳယန္းမွာေကာ္ဖီေသာက္ခ်င္တယ္ဆိုရင္ေတာ့ နာမည္ႀကီးေကာ္ဖီဆိုင္ေတြထဲကတစ္ခုျဖစ္တဲ့ ႐ုံဝမ္ေကာ္ဖီဆိုင္ကိုသြားေရာက္လည္ပတ္သင့္ပါတယ္။

၇။ေကဘယ္လ္တီဗီ

တိုင္းျပည္ထဲမွာ တရားဝင္တီဗီလိုင္း ၄ လိုင္းပဲရွိပါတယ္။ အစိုးရမွဆင္ဆာဖ်က္မႈဟာ သိပ္ကိုတင္းက်ပ္တဲ့အတြက္ေၾကာင့္ အျခားေသာတီဗီေတြကိုခြင့္မျပဳေပးထားပါဘူး။

၆။အေနာက္ပိုင္းမဂၢဇင္း

ေျမာက္ကိုရီးယားမွာ ႏိုင္ငံျခားမီဒီယာမွန္သမွ်ကိုတားျမစ္ပိတ္ပင္ထားပါတယ္။ အစိုးရနဲ႔အထူးေအဂ်င္စီေတြဟာ သတင္းစာရွင္းလင္းပြဲမွာ ျပည္သူေတြကိုဘာေျပာရမလဲ ဘာခ်ျပရမလဲဆိုတာကို ေသခ်ာစိစစ္ကြပ္ကဲပါတယ္။ ဘာဘဝမဂၢဇင္းမွလဲမရွိသလို ရွိတာဆိုလို႔ ပညာေရးနဲ႔ ႏိုင္ငံေရးေတြပဲရွိပါတယ္။

၅။Wifi နဲ႔ျပည္ပဖုန္းေခၚဆိုမႈ

လူဦးေရ ၁၅ မီလီယံရွိတဲ့အထဲမွာ ၁ မီလီယံသာ ဖုန္းတစ္လုံးပိုင္ဆိုင္ပါတယ္။ ဒါေပမဲ့လဲ ႏိုင္ငံတကာဖုန္းေခၚဆိုမႈေတြမျပဳလုပ္ႏိုင္ပါဘူး။ အင္တာနက္အသုံးျပဳမႈနဲ႔ပတ္သတ္လို႔လဲ တားျမစ္ကန္႔သတ္ခ်က္ေတြရွိပါတယ္။ တိုင္းျပည္ထဲကိုဝင္လာတဲ့ႏိုင္ငံျခားသားေတြဆိုရင္ ျပည္ပဖုန္းေခၚဆိုႏိုင္ေအာင္ ႀကိဳတင္ေငြေခ် ဆင္းကဒ္ေတြဝယ္ၾကရပါတယ္။

၄။ေတးဂီတပြဲလက္မွတ္မ်ား

အရမ္းကိုနည္းပါးတဲ့ႏိုင္ငံျခားသားအခ်ိဳ႕ကိုသာ ေျမာက္ကိုရီးယားမွာေဖ်ာ္ေျဖခြင့္ေပးပါတယ္။ ဒါေၾကာင့္ ႀကိဳက္ႏွစ္သက္တဲ့ဂီတပြဲတစ္ခုကိုသြားဖို႔ဆိုတာမျဖစ္ႏိုင္တဲ့အရာပါ။ ေဖ်ာ္ေျဖခြင့္ရရွိထားတဲ့ အဖြဲ႕ကေတာ့ လိုင္ဘတ္ဂ်္ လို႔ေခၚတဲ့အဖြဲ႕ပဲျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ သူတို႔ဟာျပံဳယန္းမွာ ေဖ်ာ္ေျဖပြဲတစ္ခုကိုက်င္းပျပဳလုပ္ခဲ့ပါေသးတယ္။ ဒါမဲ့ေဒသခံတီးဝိုင္းေတြရဲ႕ပြဲကိုေတာ့လြတ္လပ္ စြာၾကည့္ရႈႏိုင္ပါတယ္။

၃။Apple

ေျမာက္ကိုရီးယားမွာ နည္းပညာျမင့္မားတဲ့ဘယ္စက္ပစၥည္းကိုမဆို သုံးစြဲခြင့္ကန့္ သတ္ခ်က္ေတြရွိပါတယ္။ ဒါေၾကာင့္ Apple အိုင္ပတ္တစ္လုံးဝယ္ဖို႔ဆိုတာမျဖစ္ႏိုင္တဲ့အရာပါ။ ဒါမဲ့လဲ အေနာက္ႏိုင္ငံကစက္ပစၥည္းေတြအစား ေျမာက္ကိုရီးယားကကိုယ္တိုင္ထုတ္ထားတဲ့ ကြန္ပ်ဴတာေတာ့ရွိပါတယ္။

၂။ၿပိဳင္ကားမ်ား

ေျမာက္ကိုရီးယားႏိုင္ငံမွာလုံးဝ ၁၀၀% အသုံးျပဳလို႔မရတဲ့ဇိမ္ခံပစၥည္းကေတာ့ ၿပိဳင္ကားပဳျဖစ္ပါတယ္။ ကုလသမဂၢနဲ့ ဥေရာပျပည္ေထာင္စုတို႔ရဲ႕ပိတ္ဆို႔မႈေတြေၾကာင့္ ေစ်းႀကီးတဲ့ကားတစ္စီးဝယ္ဖို႔ဆိုတာမျဖစ္ႏိုင္တဲ့ကိစၥပါ။

၁။ႏိုင္ငံျခားအပန္းေျဖခရီးမ်ား

ေျမာက္ကိုရီးယားႏိုင္ငံသားေတြမွာ ျပည္ပခရီးသြားခြင့္မရွိပါဘူး။ ဒါဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈျဖစ္ေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံသားေတြကိုယ္တိုင္ေတာင္ အဲ့အခ်က္ကိုမသိတာျဖစ္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


ကမ္ဘာတစ်ဝှမ်းမှာ မြောက်ကိုရီးယားအပေါ်စိတ်ဝင်စားမှုတွေဟာ နှစ်စဉ်နှစ်တိုင်းမြင့်တက်လို့နေပါတယ်။ မြောက်ကိုရီးယားရဲ့ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံကိုပြင်ပရဲ့လွှမ်းမိုးမှုတွေမခံရအောင် ကာကွယ်ထားကြပါတယ်။

ဒါကြောင့်ကိုပဲ မြောက်ကိုရီးယားရဲ့အကြောင်းဆိုရင်ပိုသိချင်လာလေလေဖြစ်လာရတာပါ။ အခုဒီဆောင်းပါးမှာဆိုရင်တော့မြောက်ကိုရီးယားနိုင်ငံမှာပိတ်ပင်တားမြစ်ထားတဲ့အရာတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။

၁၆။အနောက်ပိုင်းဖက်ရှင်

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာဂျင်းဘောင်းဘီနဲ့အခြားသောအနောက်ပိုင်းဖက်ရှင်တွေကို တရုတ်နဲ့ထိစပ်နေတဲ့ဒေသ ၂ ခုမှာဝတ်ဆင်ခွင့်ပိတ်ပင်ထားပါတယ်။ ပြုံယန်းဟာ သူ့အိမ်နီးချင်းနိုင်ငံကြီးဆီကလာတဲ့ အနောက်ပိုင်းဖက်ရှင်တွေလွှမ်းမိုးမှုမခံရစေဖို့ရာအတွက် အခုလိုကြိုးစားနေတာပဲဖြစ်ပါတယ်။

၁၅။ကိုကာကိုလာ

မြောက်ကိုရီးယားနိုင်ငံမှာကိုကာကိုလာတံဆိပ်ကြောင့် ကိုလာတစ်ပုလင်းဆိုတာကိုတော်ရုံ မတွေ့နိုင်ပါဘူး။ ဒါပေမဲ့လဲ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကိုကာကိုလာအလားတူ ကိုလာဘူးတွေတော့ရှိတယ်လို့သိရပါတယ်။

၁၄။ဆံပင်စတိုင်

ကင်ဂျုံအမ်ဟာ အမျိုးသမီးတွေအတွက် ဆံပင်ညှပ်စတိုင် ၁၈ ခုနဲ့ အမျိုးသားတွေအတွက်ဆို စတိုင် ၁၅ ခုသာညှပ်ဖို့ခွင့်ပြုထားပါတယ်။ ဘယ်ဆံပင်စတိုင်ကိုမှ ဆေးဆိုးလို့မရပါဘူး။ ဒါကြောင့်မြောက်ကိုရီးယားနိုင်ငံမှာဆံပင်ဆေးဆိုးဘူးဝယ်ဖို့ဆိုတာစိန်ခေါ်မှုတစ်ခုလိုပါပဲ။

၁၃။အမျိုးသမီးလစဉ်သုံးပစ္စည်း

မြောက်ကိုရီးယားမှာ ခေတ်မှီအမျိုးသမီးလစဉ်သုံးပစ္စည်းတွေမရှိပါဘူး။ အမျိုးသမီးတွေဟာ ရှေးကအသုံးပြုတဲ့ ပြန်သုံးလို့ရတဲ့နူးညံ့တဲ့ပိတ်စကိုပဲအသုံးပြုကြရပါတယ်။

၁၂။ကွန်ဒုံး

မွေးဖွားမှုထိန်းချုပ်တဲ့ဘယ်လိုအမျိုးအစားနည်းလမ်းမဆို မြောက်ကိုရီးယားမှာပိတ်ပင်ထားပါတယ်။ ဒါကြောင့် ကွန်ဒုံးတစ်ခုရဖို့ဆိုတာလဲ အင်မတန်ကိုခက်ခဲပါတယ်။

၁၁။အိမ်ခြံမြေအဆောက်အအုံပိုင်ဆိုင်မှုများ

မြောက်ကိုရီးယားအစိုးရဟာ အိမ်ခြံမြေ၊ပိုင်ဆိုင်မှုတွေအားလုံးနီးပါးကိုပိုင်ဆိုင်ဖို့အခွင့်အရေးရှိပါတယ်။ ဒါကြောင့်ပဲ မြောက်ကိုရီးယားမှာ အိမ်ဝယ်ဖို့ ရောင်းဖို့ဆိုတာသိပ်ကိုမလွယ်ကူလှပါဘူး။ ဒါမဲ့လဲ မြောက်ကိုရီးယားမှလူတွေဟာ နည်းလမ်းမျိုးစုံကိုသုံးပီးလုပ်လာကြတဲ့အတွက် ပီးခဲ့တဲ့နှစ်လောက်ကစပီး ဥပဒေကိုနဲနဲအလျှော့ပေးခဲ့ပါတယ်။

၁၀။ဒီဇိုင်နာဒေါက်ဖိနပ်များ

တရုတ်နိုင်ငံထုတ် ဒီဇိုင်နာဒေါက်မြင့်ဖိနပ်များရောင်းချနိုင်တဲ့ တရုတ်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဒေသမှာ ဒီဇိုင်နာဒေါက်မြင့်ဖိနပ်တွေကိုစီးဖို့ပိတ်ပင်ထားပါတယ်။

၉။ခရစ္စမတ်သစ်ပင်

မြောက်ကိုရီးယားနိုင်ငံဟာ တရားဝင်ဘာသာမဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ဘယ်လိုဘာ သာရေးလုပ်ဆောင်မှုမျိုးကိုမဆိုပိတ်ပင်ထားပီး အစိုးရရဲ့ခွင့်ပြုချက်ရှိမှသာ လုပ်ဆောင်ခွင့်ပေးပါ တယ်။ ဒါကြောင့် ခရစ္စမတ်သစ်ပင်တွေ၊ အလှဆင်တဲ့ပစ္စည်းတွေကို မြောက်ကိုရီးယားမှာဝယ် လို့မရနိုင်ပါဘူး။

၈။စတားဘတ်ခ်

ဘယ်ဘက်ကဓာတ်ပုံဟာ သင့်ကိုစိတ်ရှုပ်သွားစေနိုင်ပါတယ်။ ဒါမဲ့အဲ့ဓာတ်ပုံဟာအတုဖြစ်ပါတယ်။ ဒါတိုင်းပြည်ကိုအလည်လာတဲ့ခရီးသွားတစ်ဦးက နောက်ပြောင်တဲ့အနေနဲ့တင်ထားတာဖြစ်ပါတယ်။ တကယ်လို့သင်ပြုံယန်းမှာကော်ဖီသောက်ချင်တယ်ဆိုရင်တော့ နာမည်ကြီးကော်ဖီဆိုင်တွေထဲကတစ်ခုဖြစ်တဲ့ ရုံဝမ်ကော်ဖီဆိုင်ကိုသွားရောက်လည်ပတ်သင့်ပါတယ်။

၇။ကေဘယ်လ်တီဗီ

တိုင်းပြည်ထဲမှာ တရားဝင်တီဗီလိုင်း ၄ လိုင်းပဲရှိပါတယ်။ အစိုးရမှဆင်ဆာဖျက်မှုဟာ သိပ်ကိုတင်းကျပ်တဲ့အတွက်ကြောင့် အခြားသောတီဗီတွေကိုခွင့်မပြုပေးထားပါဘူး။

၆။အနောက်ပိုင်းမဂ္ဂဇင်း

မြောက်ကိုရီးယားမှာ နိုင်ငံခြားမီဒီယာမှန်သမျှကိုတားမြစ်ပိတ်ပင်ထားပါတယ်။ အစိုးရနဲ့အထူးအေဂျင်စီတွေဟာ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေကိုဘာပြောရမလဲ ဘာချပြရမလဲဆိုတာကို သေချာစိစစ်ကွပ်ကဲပါတယ်။ ဘာဘဝမဂ္ဂဇင်းမှလဲမရှိသလို ရှိတာဆိုလို့ ပညာရေးနဲ့ နိုင်ငံရေးတွေပဲရှိပါတယ်။

၅။Wifi နဲ့ပြည်ပဖုန်းခေါ်ဆိုမှု

လူဦးရေ ၁၅ မီလီယံရှိတဲ့အထဲမှာ ၁ မီလီယံသာ ဖုန်းတစ်လုံးပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့လဲ နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေမပြုလုပ်နိုင်ပါဘူး။ အင်တာနက်အသုံးပြုမှုနဲ့ပတ်သတ်လို့လဲ တားမြစ်ကန့်သတ်ချက်တွေရှိပါတယ်။ တိုင်းပြည်ထဲကိုဝင်လာတဲ့နိုင်ငံခြားသားတွေဆိုရင် ပြည်ပဖုန်းခေါ်ဆိုနိုင်အောင် ကြိုတင်ငွေချေ ဆင်းကဒ်တွေဝယ်ကြရပါတယ်။

၄။တေးဂီတပွဲလက်မှတ်များ

အရမ်းကိုနည်းပါးတဲ့နိုင်ငံခြားသားအချို့ကိုသာ မြောက်ကိုရီးယားမှာဖျော်ဖြေခွင့်ပေးပါတယ်။ ဒါကြောင့် ကြိုက်နှစ်သက်တဲ့ဂီတပွဲတစ်ခုကိုသွားဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါ။ ဖျော်ဖြေခွင့်ရရှိထားတဲ့ အဖွဲ့ကတော့ လိုင်ဘတ်ဂျ် လို့ခေါ်တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူတို့ဟာပြုံယန်းမှာ ဖျော်ဖြေပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ ဒါမဲ့ဒေသခံတီးဝိုင်းတွေရဲ့ပွဲကိုတော့လွတ်လပ် စွာကြည့်ရှုနိုင်ပါတယ်။

၃။Apple

မြောက်ကိုရီးယားမှာ နည်းပညာမြင့်မားတဲ့ဘယ်စက်ပစ္စည်းကိုမဆို သုံးစွဲခွင့်ကန့် သတ်ချက်တွေရှိပါတယ်။ ဒါကြောင့် Apple အိုင်ပတ်တစ်လုံးဝယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါ။ ဒါမဲ့လဲ အနောက်နိုင်ငံကစက်ပစ္စည်းတွေအစား မြောက်ကိုရီးယားကကိုယ်တိုင်ထုတ်ထားတဲ့ ကွန်ပျူတာတော့ရှိပါတယ်။

၂။ပြိုင်ကားများ

မြောက်ကိုရီးယားနိုင်ငံမှာလုံးဝ ၁၀၀% အသုံးပြုလို့မရတဲ့ဇိမ်ခံပစ္စည်းကတော့ ပြိုင်ကားပုဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ ဥရောပပြည်ထောင်စုတို့ရဲ့ပိတ်ဆို့မှုတွေကြောင့် ဈေးကြီးတဲ့ကားတစ်စီးဝယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါ။

၁။နိုင်ငံခြားအပန်းဖြေခရီးများ

မြောက်ကိုရီးယားနိုင်ငံသားတွေမှာ ပြည်ပခရီးသွားခွင့်မရှိပါဘူး။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပေမဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကိုယ်တိုင်တောင် အဲ့အချက်ကိုမသိတာဖြစ်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top