20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


စံုတြဲေလးတို႔ လူႀကီးမိဘစံုရာနဲ႔ ေတာင္းရမ္းေစ့စပ္တဲ့အခါမွာ အစစ အရာရာ အဆင္ေျပေစဖို႔အတြက္ Marry ကေျပာျပထားတဲ့ အခ်က္ေလးေတြ မေမ့ပါနဲ႔ေနာ္။

စံုတြဲေလးတို႔ေရ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ႀကိဳက္ၾကၿပီးလို႔ လက္ထပ္ေပါင္းသင္းေနထိုင္ၾကေတာ့မယ္ဆိုရင္ ႏွစ္ဖက္မိဘကို အသိေပးၿပီး ေတာင္းရမ္းေစ့စပ္ပြဲေလး လုပ္ၾကတယ္မလား။ လူႀကီးစံုရာနဲ႔ ေတာင္းရမ္းေစ့စပ္ပြဲေန႔မွာ အဆင္ေျပေစဖို႔ ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ရမွာေတြေတာ့ ရွိပါတယ္ေနာ္။
ေစ့စပ္ဖို႔ ျပင္မယ္ဆိုရင္

ေစ့စပ္ေတာင္းရမ္းတဲ့အခါမွာ ေဒသတစ္ခုနဲ႔တစ္ခု ေတာင္းရမ္းေစ့စပ္ပံုေတြေတာ့ မတူညီၾကပါဘူးေနာ္။ ေဒသ တနယ္တည္းဆိုရင္ေတာ့ ေစ့စပ္ပြဲလုပ္ဖို႔က သမီးရွင္ကို ေမးျမန္းေနဖို႔ မလိုေလာက္ပါဘူး။ အကယ္လို႔ အဲဒီလိုမဟုတ္ဘဲ တစ္ေယာက္တစ္နယ္စီက ဆိုရင္ေတာ့ သမီးရွင္ဘက္က ေဒသရဲ႕ ေစ့စပ္ေတာင္းရမ္းပံုေတြကို ေမးျမန္းၿပီးမွ ျပင္ဆင္ေပးပါ။

ႏွစ္ဖက္မိဘ ရင္းႏွီးေနပါေစ

ေတာင္းရမ္းေစ့စပ္တဲ့ေန႔မွာ အဆင္ေျပဖို႔အတြက္ဆိုရင္ ႏွစ္ဖက္မိဘခ်င္း ရင္းႏွီးေနရင္ ပိုေကာင္းပါတယ္။ ရင္းႏွီးေနရင္ စကားေျပာရတာလည္း ပိုၿပီး အဆင္ေျပေနမွာပါ။

ဦးေဆာင္ေပးမယ့္သူ

ေစ့စပ္ေတာင္းရမ္းပြဲေလး အထေျမာက္ေစဖို႔အတြက္ ဦးေဆာင္ေပးမယ့္သူ လိုပါတယ္။တခ်ိဳ႔ကေတာ့ မိသားစုဝင္ထဲမွာ ၾသဇာရွိတဲ့ ဦးေလး၊ ဘႀကီးေတြကို ဦးေဆာင္ခို္င္းတာမ်ိဳး ရွိပါတယ္ေနာ္္။ သမီးရွင္ဘက္က ဦးေဆာင္ေပးမယ့္သူ ႀကိဳတင္ျပင္ဆင္ထားဖို႔ လုိပါတယ္။

ေပ်ာ္ေပ်ာ္ေနပါ

ေစ့စပ္ပြဲေန႔မွာ အဆင္ေျပပါ့မလားဆိုတဲ့စိတ္ကေတာ့ ႏွစ္ဦးစလံုးမွာ ရွိေနမွာပါ။ ဒါေပမယ့္လည္း ႏွစ္ေယာက္စလံုး ေစ့စပ္တဲ့အခ်ိန္ ေရာက္ၿပီဆိုရင္ေတာ့ အဲဒီစိတ္ေတြ အားလံုး ဖယ္ထားၿပီး ျပန္မရႏိုင္တဲ့ အမွတ္တရေန႔ရက္ေလးမွာ ေပ်ာ္ဖို႔ မေမ့ပါနဲ႔ေနာ္။

အမွတ္တရေတြ မွတ္တမ္းတင္ဖုိ႔ မေမ့ပါနဲ႔

လူႀကီးစံုရာနဲ႔ လာေရာက္ေတာင္းရမ္းတဲ့ေနရက္က အေပ်ာ္ေလးေတြကို မွတ္တမ္းတင္ထားဖို႔လည္း မေမ့နဲ႔ေနာ္။ ေစ့စပ္ပြဲကို အိမ္မွာပဲ က်င္းပလို႔ ဓါတ္ပံုဆရာသီးသန္႔ ငွားရမ္းၿပီး မရိုက္ဘူးဆိုရင္ေတာင္ လူႀကီးစံုရာနဲ႔ ေတာင္းရမ္းေနတဲ့ ပံုေတြကို အမိအရ ရိုက္ေပးတတ္သူ တစ္ေယာက္ေယာက္ေတာ့ ရွိေနမွ အဆင္ေျပပါမယ္ေနာ္။

စကားေျပာဖို႔ မေမ့ပါနဲ႔

ႏွစ္ဖက္မိဘ ဆံုတဲ့ေန႔ရက္လည္း ျဖစ္တာမို႔ အားလံုးနဲ႔ စကားေျပာဖို႔ မေမ့ပါနဲ႔ေနာ္။ ဒီအခ်က္ကေတာ့ အေရးႀကီးပါတယ္။ သတို႔သားဘက္က ညီအစ္ကိုေမာင္ႏွမေတြလည္း ပါလာမို႔ ဒါက ရင္းရင္းႏွီးႏွီးျဖစ္ေအာင္ ေဆြမ်ိဳးစပ္လုိ႔ ရမယ့္ အခြင့္အေရးပါပဲေနာ္။

ေနရာထိုင္ခင္း

ကိုယ့္ရဲ႕ ခ်စ္သူနဲ႔ ေယာကၡမေလာင္းက တစ္နယ္တစ္ေက်းက လာေရာက္တာဆိုရင္ သူတို႔ တည္းဖုိ႔အတြက္လည္း ႀကိဳတင္ျပင္ဆင္ထားေပးဖို႔ လုိပါတယ္ေနာ္။ ဒါမွလည္း ႏွစ္ဦးႏွစ္ဖက္ ေျပလည္မွာပါေနာ္။

လူႀကီးမိဘစံုရာနဲ႔ ေတာင္းရမ္းေစ့စပ္တဲ့အခါမွာ အဆင္ေျပေစဖို႔အတြက္ Marry ကေျပာျပထားတဲ့ အခ်က္ေလးေတြ မေမ့ပါနဲ႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ လူကြီးမိဘစုံရာနဲ့ တောင်းရမ်းစေ့စပ်တဲ့အခါမှာ အစစ အရာရာ အဆင်ပြေစေဖို့အတွက် Marry ကပြောပြထားတဲ့ အချက်လေးတွေ မမေ့ပါနဲ့နော်။

စုံတွဲလေးတို့ရေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ကြပြီးလို့ လက်ထပ်ပေါင်းသင်းနေထိုင်ကြတော့မယ်ဆိုရင် နှစ်ဖက်မိဘကို အသိပေးပြီး တောင်းရမ်းစေ့စပ်ပွဲလေး လုပ်ကြတယ်မလား။ လူကြီးစုံရာနဲ့ တောင်းရမ်းစေ့စပ်ပွဲနေ့မှာ အဆင်ပြေစေဖို့ ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမှာတွေတော့ ရှိပါတယ်နော်။

စေ့စပ်ဖို့ ပြင်မယ်ဆိုရင်

စေ့စပ်တောင်းရမ်းတဲ့အခါမှာ ဒေသတစ်ခုနဲ့တစ်ခု တောင်းရမ်းစေ့စပ်ပုံတွေတော့ မတူညီကြပါဘူးနော်။ ဒေသ တနယ်တည်းဆိုရင်တော့ စေ့စပ်ပွဲလုပ်ဖို့က သမီးရှင်ကို မေးမြန်းနေဖို့ မလိုလောက်ပါဘူး။ အကယ်လို့ အဲဒီလိုမဟုတ်ဘဲ တစ်ယောက်တစ်နယ်စီက ဆိုရင်တော့ သမီးရှင်ဘက်က ဒေသရဲ့ စေ့စပ်တောင်းရမ်းပုံတွေကို မေးမြန်းပြီးမှ ပြင်ဆင်ပေးပါ။

နှစ်ဖက်မိဘ ရင်းနှီးနေပါစေ

တောင်းရမ်းစေ့စပ်တဲ့နေ့မှာ အဆင်ပြေဖို့အတွက်ဆိုရင် နှစ်ဖက်မိဘချင်း ရင်းနှီးနေရင် ပိုကောင်းပါတယ်။ ရင်းနှီးနေရင် စကားပြောရတာလည်း ပိုပြီး အဆင်ပြေနေမှာပါ။

ဦးဆောင်ပေးမယ့်သူ

စေ့စပ်တောင်းရမ်းပွဲလေး အထမြောက်စေဖို့အတွက် ဦးဆောင်ပေးမယ့်သူ လိုပါတယ်။တချို့ကတော့ မိသားစုဝင်ထဲမှာ သြဇာရှိတဲ့ ဦးလေး၊ ဘကြီးတွေကို ဦးဆောင်ခိုင်းတာမျိုး ရှိပါတယ်နော်။ သမီးရှင်ဘက်က ဦးဆောင်ပေးမယ့်သူ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

ပျော်ပျော်နေပါ

စေ့စပ်ပွဲနေ့မှာ အဆင်ပြေပါ့မလားဆိုတဲ့စိတ်ကတော့ နှစ်ဦးစလုံးမှာ ရှိနေမှာပါ။ ဒါပေမယ့်လည်း နှစ်ယောက်စလုံး စေ့စပ်တဲ့အချိန် ရောက်ပြီဆိုရင်တော့ အဲဒီစိတ်တွေ အားလုံး ဖယ်ထားပြီး ပြန်မရနိုင်တဲ့ အမှတ်တရနေ့ရက်လေးမှာ ပျော်ဖို့ မမေ့ပါနဲ့နော်။

အမှတ်တရတွေ မှတ်တမ်းတင်ဖို့ မမေ့ပါနဲ့

လူကြီးစုံရာနဲ့ လာရောက်တောင်းရမ်းတဲ့နေရက်က အပျော်လေးတွေကို မှတ်တမ်းတင်ထားဖို့လည်း မမေ့နဲ့နော်။ စေ့စပ်ပွဲကို အိမ်မှာပဲ ကျင်းပလို့ ဓါတ်ပုံဆရာသီးသန့် ငှားရမ်းပြီး မရိုက်ဘူးဆိုရင်တောင် လူကြီးစုံရာနဲ့ တောင်းရမ်းနေတဲ့ ပုံတွေကို အမိအရ ရိုက်ပေးတတ်သူ တစ်ယောက်ယောက်တော့ ရှိနေမှ အဆင်ပြေပါမယ်နော်။

စကားပြောဖို့ မမေ့ပါနဲ့

နှစ်ဖက်မိဘ ဆုံတဲ့နေ့ရက်လည်း ဖြစ်တာမို့ အားလုံးနဲ့ စကားပြောဖို့ မမေ့ပါနဲ့နော်။ ဒီအချက်ကတော့ အရေးကြီးပါတယ်။ သတို့သားဘက်က ညီအစ်ကိုမောင်နှမတွေလည်း ပါလာမို့ ဒါက ရင်းရင်းနှီးနှီးဖြစ်အောင် ဆွေမျိုးစပ်လို့ ရမယ့် အခွင့်အရေးပါပဲနော်။

နေရာထိုင်ခင်း

ကိုယ့်ရဲ့ ချစ်သူနဲ့ ယောက္ခမလောင်းက တစ်နယ်တစ်ကျေးက လာရောက်တာဆိုရင် သူတို့ တည်းဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားပေးဖို့ လိုပါတယ်နော်။ ဒါမှလည်း နှစ်ဦးနှစ်ဖက် ပြေလည်မှာပါနော်။

လူကြီးမိဘစုံရာနဲ့ တောင်းရမ်းစေ့စပ်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် Marry ကပြောပြထားတဲ့ အချက်လေးတွေ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top