



Credit:ကိုလွင် – ဆွာ
#Unicode Version#
တောင်ငူအနောက် ၁၇ မိုင်ခန့် အကွာ ဇီးကုန်းအုပ်စု ကရင်ကြီး ကျေးရွာအနီး ဂျီဟောက်ချောင်းစပ်တွင် အမျိုးသမီး အလောင်း တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင် မှ ဧပြီ ၂၄ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် တောင်ငူ အမှတ် ၂ နယ်မြေ ရဲစခန်းသို့သတင်းပို့ခဲ့သည်။

သတင်းအရ စခန်းမှူး ရဲအုပ် အောင်ကိုကို ဦးစီးအဖွဲ့ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကရင်ကြီးကျေးရွာနေ ဒေါ်ခင် ဌေး ၅၅ နှစ်ဖြစ်ပြီး ဦးခေါင်း၌ ညိုမဲဖူးယောင်ဒါဏ်ရာများဖြင့်သေဆုံး နေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်။

အမှုအားဆက်လက် စုံစမ်းဖော်ထုတ်ခဲ့ရာတွင် အခင်းဖြစ်ညပိုင်း ၁၂ နာရီခွဲအချိန်ခန့်က တစ်ရွာတည်းနေ ကိုလတ် ၂၄ နှစ်ရောက်ရှိလာကြောင်း ဒေါ်ခင်ဌေး က ညအချိန်မတော်လာရောက်ခြင်းမပြုရန်ပြောရာကနေ စကားများ ကာ ဒေါ်ခင်ဌေး က ကိုလတ် အား

ဓားမဖြင့်ခုတ်ခဲ့သဖြင် ဒါဏ် ရာအနဲငယ်ရရှိခဲ့ပြီး နေအိမ်ပေါ်မှဆင်းပြေးသွားခဲ့သည် ကိုလတ် က နောက်ကနေပြေးလိုက်စဉ် ယခုအခင်းဖြစ်နေရာအရောက် ဒေါ်ခင် ဌေး အားမှီလာကာ လဲကိုင်းသားတုတ်ဖြင့်ရိုက်နှက်ရာတွင်သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုလွင် – ဆွာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top