Credit:gyanpone
#Unicode Version# ဖြင့်ဖတ်ပါ ။
အမည်နဲ့ နေရာလေးတွေလွဲထားပါတယ် 1988 ခုနစ်လောက်က အဖြစ်ပျက်လေးပါ။
အဲ့ဒီခတ်က ကားတွေဆိုင်ကယ ်တွေမပေါ်သေးဘူးမြို့ကိုဈေးဝယ်ချင်လျင် လှညး ်စက်ဘီးကို”အသုံးပြုကျတယ်။ ရွာတစိရွာမှာပါ့ အေးသစ် ဆုမေသူငယ်ချင်းနစ်ယောက်ရှိပါတယ်။ ဆုမေ က မြို့သို့အိမ်အကူလုပ်ရန် ရောက်ရှိနေပြီး အေးသစ်ကရွာမှာ လယ်ယာလုပ်ကိုင်ရင်း အေးသစ်ရဲ့ တစ်နေ့တာအလုပ်ကိုပြီးဆုံး လို့လယ်တောမှ ပြန်လာခဲ့ပါတော့ သည်။ အေးသစ်က. ရွာမှာသူကြီးသမီးဖြစ်သလို ချောလဲချောပါသည်။
ဆုမေလဲပိုက်ဆံရှိအသိုင်းဝိုငိးတစ်ယောက်ပါ မြို့မှာသေဖို့ကံပါလာတယ်ဘဲပြောရမလားပေါ့။ လအတော်ကြာလာ သောအခါ တစ်နေ့မှာ အေးသစ်မြို့ကိုစက်ဘီးစီးပြီး ဈေးဝယ်ထွက်ခဲ့ပါတော့သည်။ဘာကြောင့်ရယ်မသိ ဒီနေ့ အေးသစ်စိတ်တွေ လေးလံနေပါသည်။ အခါတိုင်းလိုမတူ ထူးခြားစွာဘဲလေးနေပြီး ဈေးသွားဖို့စိတ်မပါသော်လဲ အေးသစ်တစ်ယောက် ဈေးဝယ်ရန်ပင်ထွက်ပြီး ဈေးသို့ရောက်သော် ဝယ်စရာရှိတာများ မြန်မြန် ဝယ်ပြီး ပြန်ရမည့် ခရီးကဝေးသောကြောင့် အေးသစ်တစ်ယောက်ထဲ စောစောပြန်ခဲ့ပါတော့သည်။ အေးသစ်စက်ဘီးလေးအား တစ်ရွေ့ရွေ့. စီးလာခဲ့ပြီး တော်တော်ခရီး ရောက်ခဲ့ပါသည် ။ ဘယ်လောက်ပင် စော၍ထွက်ခဲ့သော်ငြား ခရီးဝေးလွန်း၍လားမသိ လမ်း တွင်ပင်မှောင်သွားခဲ့ပါသည်။ လက်နှိပ်ဓါတ်မီးလေးအား ထိုးကာ တစ်ဖြေးဖြေးစီးလာပြီး ဘာကြောင့်ရယ်မသိ မြို့သို့အလုပ်သွားလုပ်နေသော သူငယ်ချင်း ဆုမေအား သတိရကာ သူနဲ့တွဲခဲ့သောအချိန်လေးသတိရကာတွေးနေတုန်း နောက်နားဆီမှာစက်ဘီးစီးလာသံ တစ်ဂျောင်းဂျောင်းကြားရကာ ညအချိန် မိန်းကလေးတစ်ယောက်ထဲလဲဖြစ် ကြောက်တတ်၍ ဝမ်းသာအားရဖြစ်ကာ အဖော်ရပြီဟုတွေးကာ နောက်ကစက်ဘီး စီးလာသော သူအား အေးသစ်ကို မှီအောင် တစ်ဖြေးဖြေးချင်းနင်းလာပါတော့သည်။
ဟင်စက်ဘီး သွားတာကြားရတာ အေးသစ်ကိုဘာလို့မမှီသေးတာလဲ စဉ်းစားနေတုန်း အေးသစ်ရေ. အေးသစ် ဟင် ငါ့ နာမည်ခေါ်သံကြားတယ်ဟ ဒီအသံရင်းရင်းနှီးနှီး ကြားဖူးပါတယ်။ ဪ သူငယ်ချင်းဟုတ်တယ် ဆုမေအသံဘဲ မြိုကပြန်လာတာလားမသိဘူး နင်းနေတဲ့ စက်ဘီးလေး လမ်းဘေးချရပ်ပြီး သူငယ်ချင်းကိုပြန်လှည့်ကြည့်တော့ ဟင် ဘယ်သုမှလဲ မရှိပါလား စိတ်ထင်နေတာလား ညကြီးဆိုတော့ စိတ်ထင်တာဖြစ်မှာပါလေ. ကိုယ့်ကိုယ်ကို အားပေးရင်း စက်ဘီး လေးဆက်နင်းလာ တော့ စောစောက. စက်ဘီးစီးသံ တစိဂျောင်းဂျာင်းနဲ့. စီးလာသံကိုထပ် ကြားရပြန်ရော
မကြာပါ ထိုစက်ဘီးစီးလာတဲ့ အသံက. ကိုယ်ရောင် ကိုယ်ထည် မမြင်ရပါဘဲ ဘေးကနေ. ဂျောင်းဂျောင်း နဲ့. ရှောင်ပြီး စီးသာွးသံကို အေးသစ်အတိုင်းသား ကြားလိုက်ရပါတော့သည်။ အေးသစ်ခေါင်းနပန်းကြီးကာ ကြက်သီးများ ထလာ၍ ရွာသို့. အမြန် ရောက်အောင် စီးခဲ့ရပါတော့သည်။ ရွာရောက်တော့ခြေလက်တွေတုန်လို့် ဘုရားစင်မှ ရေမန်းများ ယူကာ သောက်လိုက်ပါတော့သည်။
အေးသစ်အမေက. ဘာဖြစ်လာတာလဲမေးတော့ ခြေလက် တွေတုန်နေလို့မဖြေနိုင် နောက်မှသရဲခြောက်ခံရကြောင်း ပြောပြလိုက်ပါတော့သည်။ အဲ့ ည မှာဘဲ သူငယ်ချင်း ဆုမေအသတ်ခံရလို့ဆုံးပြီ ဆိုတဲ့သတင်းကို သူ့ သူုဋ္ဌေးမှ ဖုန်းဆက်ပြောတော့ ရွာထဲ ဟိုးလေးတစ်ကျော်ဖြစ်ကာ အေးသစ်လဲ ကြားရတဲ့သတင်းကြောင့် သူငယ်ချင်းအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတော့သည်။ လမ်းမှာ သူငယ်ချင်းခေါ်သောအသံကို ယခုမှသဘောပေါက်ကာတွေးမိပြီးပြန်ကြားကာ ကြောက် လဲကြောက် သနားလဲသနားဖြစ်ကာ သူငယ်ချင်းရဲ့. သတင်းဆိုးတစ်ခုကြောင့် တုန်လုပ်ကာ အိပ်မရ ဖြစ်နေပါ တော့သည်။
နောက်နေ့မနက်ရောက်တော့ သူငယ်ချင်းရဲ့မိဘ များဆွေးမျိုးများနဲ့ ဆေးရုံသို့လိုက်သွားကာ သမီးရဲ့အလောင်းကို ရွာပြန်သယ်ရန် လုပ်စရာ ရှိတာများလုပ်ပြီး ကားငှားကာပြန်လာခဲ့ပါတော့သည်၊။
သူငယ်ချင်း သတ်ခံရတာက အိမ်ရှင်သူဌေးနဲ့ ဘာရန်ငြိုးမှမရှိဘူး သူဌေးရဲ့အစ်ကိုသည် အတူမနေပါဘူး ဒါပေမဲ့ သူညီအိမ်ကိုအလည်လာရာ ညအိပ်နေပြီး ခဏတည်းနေခဲ့ပါသည်။ ဖြစ်ချင်တော့ သူဌေးရဲ့အစ်ကိုသည် 4 စွဲနေသူ တစ်ဦးဖြစ်နေခဲ့ပါသည်။
တစ်နေ့မှာ ဆုမေရဲ့. သူဌေးများက. ခရီးတစ်ခုသွားစရာရှိ၍ ဆုမေအား အိမ်မှာ တစ်ယောက်ထဲ ထားခဲ့ကာ ထို4 သမားနဲ့. ဆုမေ. နစ်ယောက်ထဲ ကျန်ခဲ့ပါသည်။ သူဌေးက. သူ့ရဲ့. အစ်ကိုအား စိတ်ချကာ ဆုမေအားထားခဲ့ပြီး မိသားစုလိုက် ခရီးထွက်သွားခဲ့ပါသည်။ ဆုမေအသက်က. 27လောက်တော့ရှိပြီ သူ့မှာ ချစ်သူလဲရှိတယ် သူ့ချစ်သူက. မကြာခဏ လာတွေ့တယ်
တစ်ရက်ကျတော့ 4,သမားသည် 4ကြောင်ကြောင်ကာ ဆုမေအား သတ်ဖို့. လူသတ်ဓား အားအသင့်ပါလာကာ အခန်းပိတ်၍ လူစိတ်ပျောက်ကာ ဆုမေအား တစ်ချက်ထဲ အသေမသတ်ဘဲ နေရာ အနှဲ့. ထိုးနက်ကာ သတ်နေပါတော့ သည်။ ဆုမေသည် အခန်းကျင်းလေးထဲမှာထို 4သမားရဲ့. လူစိတ်မရှိ သတ်ဖြတ်ခြင်းကို နာကျင်စွာ ခံစားရင်း သေဆုံး ခဲ့ရပါ တော့သည်။
ဆုမေဆုံးပြီး မကြာခင် ဆုမေချစ်သူသည် တိုက်တိုက်ဆိုင်ဆိုင်ဘဲ ရောက်လာကာ သုရဲ့ချစ်သူကို ရက်ရက်စက်စက် အသတ်ခံရတာတွေ့သွားတော့ 4သမားနဲ့. သူသေကိုသေဝင်လုံးနေပြီး ထို4သမားသည် ဓားပါသောကြောင့် နိုင်အောင် မလုံးနိုင်ဘဲ နောက်ဆုံးတော့ ဆုမေရဲ့ချစ်သူပါ သတ်ပစ်ချင်းကိုခံလိုက ်ရပါတော့သည်။ ထိုသတင်းကိုကြားကြားချင်း သူဌေးများ ပြနိလာကာ ဆုမေရဲ့ မိဘတွေအသိပေးပြီး ဖုန်းဆက်ခေါ်ကာအကြောင်းစုံရှင်းပြပြီး အလောင်းအား ရွာသို့် ပြန်သယ်ကျတာပေါ့ မိဘများလဲ ရင် ထုမနာဖြစ်ကာငိုကြွေးရငိး လျော်ကြေးရသည့်ပိုက်ဆံလေးယူကာ ရွာသိုပြန်ခဲ့ပြီး လမ်းမကြီးပေါ်မှာ ထိုကားလေးသည် တစ်ရွေ့ရွေ့မောင်းလာကာ ကားပေါ်ပါ ဆွေးမျိုးများ စိတ်မကောင်းကြီးစွာ ဖြစ်နေပါသည်။
အလောင်းကြီးအားတစ်လမ်းလုံး ကြည့်နေရသောအခါ ဆုမေရဲ့ဦးလေးတော်သူသည် ကြောက်စိတ်များ ဝင်လာကာ ဘုရားစာတွေစိတ်ထဲမှာရွတ်ကာအန္တရာယ်ကင်းအောင် ဘုရားစာများ အဆက်မပျက် ရွတ်ဖတ်နေမိပါတော့သည်။ ဆုမေရဲ့အမေကိုကြည့်တော့လဲ ငိုနေသည်။ မကြာပါ လက်အေးအေးကြီးနဲ့. ကျောကုန်းအား လာထိလိုက် သောကြောင့် ကျောတွန့်သွားကာ အခြေနေမပျက် ဘာမှမဖြစ်သလိုလေးနေကာ ကြောက်စိတ်ကိုထိန်းကာ ငြိမ်နေမိပါတော့သည်။
ထိုအခါ ခရီးတစ်ဝက်ကြိုးလာသောအခါ မထင်မှတ်ဘဲ စီးလာသော အလောင်းကားသည် တိမ်းမှောက်သွားပါတော့သည်။ စောစောက. အခြောက်ခံလိုက်ရသော သူက. လက်ကြိုးသွားပြီး ကျန်သူများကပွန်းပဲ့သွားယုံလောက်သာဖြစ်ပြီး နီးစပ်ရာ ဆေးရုံသို့ပို့ခဲ့ရပြီး ထိုအလောင်းနဲ့. ကျန်သူများလဲ ရွာကိုဘဲမောင်းခဲ့ပြီး ထိုထဲကအလောင်းပိုင်ရှင်ဖြစ်သူ မကြည်ကြည်က. သမီးလေးဆုမေရေအမေတို့ကို မနောင့်ယှက်ပါနဲ့. အိမ်ကို အန္တရာယ်ကင်းစွာ ပြန်ရောက်ချင်တယ် အေဆေး ပြန်ခွင့်ပေးပါဟု မကြည်ကြည်တောင်းပန်လိုက်မှ အခြေနေကောင်းစွာ ရွာပြန်လာခဲ့ရပါသည်။
အလောင်းအား ရွာပြင်ထားပြီး တစ်ရွာလုံးစိတ်မကာင်းဖြစ်နေကျရပါသည်။ရ စရာမရှိအောင်ထိုး သတ်ထားတာ နားရွက် တွေပျက် မျက်နာမှာဓါးရာ တွေကြောက်စရာကောင်းလိုက်တာ တော်တော်ခံရမှာ သူငယိချင်းရ နောက်ဘဝ ဆက်တိုင်း ဒီလိုအ ဖြစ်ဆိုးမျိုး ထပ်မကြုံပါစေနဲ့လို့တစ်ယောက်ထဲ စိတ်ထဲကဆုတောင်းနေမိတာပါ။
အေးသစ်တစ်ယာက်ညကျ တစ်ယာက်ထဲအိပ်တာဆိုတော့သူငယ်ချင်းဖြစ်သူ ဆုမေသည် ည12လောက်ကျ အေးသစ်အား ခြေထောက်ကနေ ဆွဲချတာခံလိုက်ရပါတော့သည်။ ကြောက်အားကြီးပြီးအဖေနဲ့. အမေကြားမှာ ဝင်အိပ်ပစ်တာပေါ့ နောက်ညကျတော့လဲ အဲ့လိုဘဲ အိပ်မရအောင် အေးသစ်အား ဆွဲဆိတ်တာခံလိုက်ရပါပြီး ထိုနည်း၎င်း အဖေနဲ့ အမေ ကြားဘဲ ဝင်အိပ်ပါသည်။
ရက်မလည်မချင်း ဆုမေရဲ့ခြောက်လန့်ခြင်းစနောက်နေခြင်းကိုခံခဲ့ရပြီး ရက်လည်ဆွမ်းကြွေးပြီးတော့မှ အိပ်ယာထဲ ကောင်းကောင်းအိပ်ခဲ့ရပါသည်၊။
ဆုမေဆုံးပြီး 5နစ်ကြာလာသောအခါ အိမ်နားနီး အစ်မကြီးဆီမှာ ဝင်းစားတယ်ဆိုတဲ့သတင်းကြားရတော့တာပေါ့ လူဝင်စားပြန်ဖြစ်ကာ ဆုမေရဲ့အမေလဲ ဝမ်းသာကာ သူ့သမီးလေးအား ရွှေများဆင်ပေးကာ အချစ်ကြီးချစ်နေမိပါ တော့သည်။ ကောင်မလေး 5နစ်သမီးမှာ သူဘဝဟောင်းက. ဖြစ်ခဲ့သမျှ ကိုပြန်ပြောနိုင်သောကြောင့် ယခုလို ဝင်စားတယ်ဆိုတာသိခဲ့ရပါတယ်
ယခုခါဘဝဟောင်းက သူငယ်ချင်းလဲ ရှိနေပါသေးတယ် ဒါလေးက. စာရေးသူရွာမှာ အမှန်တစ်ကယ်ဖြစ်ခဲ့တာလေးပါ ပြီးပါပြီ ကြောက်စရာမကောင်းခဲ့ရင်တောင်းပန်တယ် စာတိုသွားရင်လဲတောင်းပန်ပါတယ် ဟုတ်
ဖိုးသူတော် (www.phothutaw.com)
Credit:gyanpone
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top