
Credit: thutasone
#Unicode Version# ဖြင့်ဖတ်ပါ ။
မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ အဆိုတော် အစ္စဏီက ဒီနေ့(ဧပြီလ၄ရက်)မှာ တာမွေရုံးချိန်းသို့ တက်ရောက်လာခဲ့ပါတယ်။ အစ္စဏီတစ်ယောက်အမှုရင်ဆိုင်နေရတာဟာ ဧပြီ(၁၂) ရက်နေ့ဆို တစ်နှစ်တိတိပြည့်တော့မှာ ဖြစ်ပါတယ်။
အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု အပါအဝင် အမှု (၃) ခုဖြင့် တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီ အား ဒီကနေ့ ဧပြီလ (၄) ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီအမှုကို စစ်ဆေးလာတာ အခု ဧပြီလ ဆိုရင် တစ်နှစ် ပြည့်ပြီလို့ သိရပါတယ်။ စစ်ဆေးချိန် ကြာမြင့်နေတာကြောင့် “ထောင်ထဲမှာ နေရတာ စိတ်ညစ်နေပြီ” လို့ အဆိုတော် အစ္စဏီ က ပြောခဲ့ဖူးပါတယ်။
ပရိသတ်ကြီးအတွက် ဒီကနေ့ ရုံးထုတ်လာတဲ့ အစ္စဏီရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: thutasone