လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကတည္းက ပရိသတ္ေတြ အားေပးမႈရရွိ္ထားတဲ့ ခ်မ္းခ်မ္းကေတာ့ လက္ရွိခ်ိန္မွာလည္း သူ႔သီခ်င္းေလးေတြကေတာ့ ေရပန္းစားေနဆဲပါပဲ။ ယခုေနာက္ပိုင္းမွာေတာ့ ခ်မ္းခ်မ္းဟာ အိမ္ေထာင္ေရး အဆင္မေျပမႈေတြ ျဖစ္ျပီၤး အႏုပညာလုပ္ငန္းေတြ လုပ္တာၾကဲသြားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်မ္းခ်မ္းကေတာ့ သူ႔မွာရွိတဲ့ သမီးေလး တေယာက္နဲ႔ ဘဝကို ျဖတ္သန္းေနျပီး သမီးေလးကိုလည္း ေနာက္ထပ္ စိတ္ဒဏ္ရာေတြ မေပးခ်င္ေတာ့ဘူးလို႔ ေျပာၾကားသြား ခဲ့ပါတယ္။

Mc နဲ႔ အင္တာဗ်ဴးမွာေတာ့ ခ်မ္းခ်မ္းက “လူဆိုတာကေတာ့ ဘဝမွာ တက္လိုက္ျမင့္လိုက္ဆိုတာ ရွိမွာပဲ။ သမီးေလးကလည္း ငယ္ငယ္ေလးကတည္း စိတ္ဒဏ္ရာဆိုတာ ရွိျပီးသား။ အမက ထပ္ျပီးေတာ့ မျဖစ္ေစခ်င္ေတ့ာဘူး။ ဒါေၾကာင့္ အမသြားတဲ့ေနရာေတြကို လိုက္ခိုင္းျပီး လူေတြကို ဘယ္လိုမ်ိဳး ေပါင္းသင္းဆက္ဆံရတယ္ဆိုတာမ်ိဳးကုိ ေျပာျပျဖစ္တယ္။ စာေတြ႔ထက္ တကယ္လက္ေတြ႔က်က်သင္ေပးတဲ့ အခ်ိန္မွာ သူကပိုျပီးေတာ့ နားလည္လာတာေပါ့”

သမီးေလးက အားကိုးရလားဆိုတဲ့ အေပၚမွာေတာ့ “အားကိုးရလားဆိုေတာ့ သူက တခုခုဆို အက်ီၤၾကယ္သီးတပ္ေပးတာတို႔ ဘယ္လိုေလး ဝတ္ေပါ့ ေရေသာက္ပါဦးေပါ့ ေမာလာရင္ သူက အမအတြက္ေတာ့ အရမ္းသိတတ္တဲ့ သမီးေလး တေယာက္ပါပဲ။ သမီးတေယာက္နဲ႔တင္ ေတာ္ေတာ္လံုေလာက္ပါတယ္”

“သူက တခါတေလ ဖက္ရွင္ပတ္သက္ျပီး အၾကံေတြ အရမ္းေပးတယ္။ သူကဖက္ရွင္အျမင္အရမ္းရွိတယ္။ သူအက်ီၤေတြဝယ္ရင္လည္း သူ႔ကိုယ္သူေရြးဝယ္တာ သူၾကိဳက္တာေတြ႔မွ အမက ဆိုဒ္ေတြဘာေတြ ၾကည့္ေပးတယ္။ သူစိတ္ၾကိဳက္ပဲ ထားပါတယ္”

“သၾကၤန္ကေတာ့ အမအေနနဲ႔ အင္းေလးမွာ ရွိမွာပါ။ ၄ ရက္လံုးလာခဲ့ဖို႔ ဖိတ္ေခၚပါတယ္။ သမီးေလးလည္းပါပါတယ္။ သူငယ္ခ်င္းေတြကေတာ့ လိုက္ျပီးေတာ့ ထိန္းေပးမွာေပါ့။ ျပီးေတာ့ ေလွ်ာက္လည္ျဖစ္မွာေပါ့။ ပရိသတ္ေတြကိုလည္း မ်ိဳးစံုေတြ႔ရပါတယ္။ ႏွစ္သစ္ကေန စလို႔ အားလံုးက်န္းမာၾကပါေစ။ ျပီးေတာ့ ကိုယ့္ကိုစိတ္ဝင္စားတဲ့သူေတြ ျဖစ္ပါေစလို႔ပဲ ေျပာခ်င္ပါတယ္။ သူမ်ားကို လိုက္ျပီးေတာ့ စိတ္ဝင္စားေနရင္ အရမ္းအကုသုိလ္မ်ားတယ္။ အပူလည္းမ်ားပါတယ္။ ကိုယ့္ဘဝေလးကို ေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ပါေစလို႔ အမကို ခ်စ္တဲ့သူေရာ မုန္းတဲ့သူေတြအတြက္ပါ ဆုေတာင္းေပးလိုက္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျပာခ်င္လြန္းလို့
#Unicode Version#
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ ချမ်းချမ်းကတော့ လက်ရှိချိန်မှာလည်း သူ့သီချင်းလေးတွေကတော့ ရေပန်းစားနေဆဲပါပဲ။ ယခုနောက်ပိုင်းမှာတော့ ချမ်းချမ်းဟာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်ပြီၤး အနုပညာလုပ်ငန်းတွေ လုပ်တာကြဲသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချမ်းချမ်းကတော့ သူ့မှာရှိတဲ့ သမီးလေး တယောက်နဲ့ ဘဝကို ဖြတ်သန်းနေပြီး သမီးလေးကိုလည်း နောက်ထပ် စိတ်ဒဏ်ရာတွေ မပေးချင်တော့ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

Mc နဲ့ အင်တာဗျူးမှာတော့ ချမ်းချမ်းက “လူဆိုတာကတော့ ဘဝမှာ တက်လိုက်မြင့်လိုက်ဆိုတာ ရှိမှာပဲ။ သမီးလေးကလည်း ငယ်ငယ်လေးကတည်း စိတ်ဒဏ်ရာဆိုတာ ရှိပြီးသား။ အမက ထပ်ပြီးတော့ မဖြစ်စေချင်တေ့ာဘူး။ ဒါကြောင့် အမသွားတဲ့နေရာတွေကို လိုက်ခိုင်းပြီး လူတွေကို ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံရတယ်ဆိုတာမျိုးကို ပြောပြဖြစ်တယ်။ စာတွေ့ထက် တကယ်လက်တွေ့ကျကျသင်ပေးတဲ့ အချိန်မှာ သူကပိုပြီးတော့ နားလည်လာတာပေါ့”

သမီးလေးက အားကိုးရလားဆိုတဲ့ အပေါ်မှာတော့ “အားကိုးရလားဆိုတော့ သူက တခုခုဆို အကျီၤကြယ်သီးတပ်ပေးတာတို့ ဘယ်လိုလေး ဝတ်ပေါ့ ရေသောက်ပါဦးပေါ့ မောလာရင် သူက အမအတွက်တော့ အရမ်းသိတတ်တဲ့ သမီးလေး တယောက်ပါပဲ။ သမီးတယောက်နဲ့တင် တော်တော်လုံလောက်ပါတယ်”

“သူက တခါတလေ ဖက်ရှင်ပတ်သက်ပြီး အကြံတွေ အရမ်းပေးတယ်။ သူကဖက်ရှင်အမြင်အရမ်းရှိတယ်။ သူအကျီၤတွေဝယ်ရင်လည်း သူ့ကိုယ်သူရွေးဝယ်တာ သူကြိုက်တာတွေ့မှ အမက ဆိုဒ်တွေဘာတွေ ကြည့်ပေးတယ်။ သူစိတ်ကြိုက်ပဲ ထားပါတယ်”

“သြင်္ကန်ကတော့ အမအနေနဲ့ အင်းလေးမှာ ရှိမှာပါ။ ၄ ရက်လုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ သမီးလေးလည်းပါပါတယ်။ သူငယ်ချင်းတွေကတော့ လိုက်ပြီးတော့ ထိန်းပေးမှာပေါ့။ ပြီးတော့ လျှောက်လည်ဖြစ်မှာပေါ့။ ပရိသတ်တွေကိုလည်း မျိုးစုံတွေ့ရပါတယ်။ နှစ်သစ်ကနေ စလို့ အားလုံးကျန်းမာကြပါစေ။ ပြီးတော့ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေ ဖြစ်ပါစေလို့ပဲ ပြောချင်ပါတယ်။ သူများကို လိုက်ပြီးတော့ စိတ်ဝင်စားနေရင် အရမ်းအကုသိုလ်များတယ်။ အပူလည်းများပါတယ်။ ကိုယ့်ဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ အမကို ချစ်တဲ့သူရော မုန်းတဲ့သူတွေအတွက်ပါ ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top