ရန်ကင်း ဆီဒိုးနားဟိုတယ်အနီး Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲ
×



ဒေါ်သန်းသန်းစိုးသည် ၅-၃-၂၀၁၉ရက်နေ့တွင် မြန်အလုပ်သမား(၇၅)ဦး အား တစ်ဖက်နိုင်ငံသို့ တရားမ၀င်စေလွှတ်နိုင်ရန်အတွက် မောတောင်မြို့၊ မြို့မရပ်ကွက်၊ ပြည်ထောင်စု(၂)လမ်းရှိ ၄င်း၏နေအိမ်တွင် ထမင်းရောင်းကာနေရာချထားပေးပြီး ထိုင်းနိုင်ငံ ဘက်နှင့်ချိတ်ဆက်၍ မလေးရှားနိုင်ငံသို့သွားရောက်ရန်အတွက် အကျိုးဆောင်လိုင်စင်မရှိဘဲ ချိတ်ဆက် ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း

စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ နေပြည်တော်၏ ၂-၄-၂၀၁၉ရက်စွဲပါစာအမှတ်၊ ၃/၂၇/အလည(ရွှေ့ပြောင်း)၂၀၁၉ (၉၇၃၁)စာအရ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် အကြောင်းကြား ခဲ့သဖြင့် မြို့နယ်ဒုဦးစီးမှူှး ဒေါ်ခင်ခင်ထွန်းမှ မြိတ်မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ၅-၄-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၃၀/၂/အလည-မ(ရွှေ့ပြောင်း)၂၀၁၉(၄၀၂)စာအရ တိုင်ကြားစာဖြင့် ၈-၄-၂၀၁၉ ရက်နေ့ ၁၆၃၀ အချိန် မောတောင်နယ်မြေရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် ၁၇၀၅ အချိန် တွင် ဒေါ်သန်းသန်းစိုး(ခ)မစိုးအား မောတော်နယ်မြေရဲစခန်း (ပ)၅/၂၀၁၉၊ ၁၉၉၉ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ- ၂၆ ဖြင့် အမှုဖွင့်လှစ်၍ ရဲအုပ် ၀င်းလှိုင်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
#Unicode Version#
မြိတ်မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ခင်ထွန်းသည် တာဝန် ထမ်းဆောင်နေစဉ် မလေးရှာနိုင်ငံသို့ မြန်မာအလုပ်သမား(၇၅)ဦးအား တရားမဝင်စေလွှတ်ရန် စီစဉ်ဆောင်ရွက်နေသူ ဒေါ်သန်းသန်းစိုး(ခ)မစိုး(၄၉)နှစ်၊ မြိတ်မြို့နေသူအား အလုပ်သမားညွှန်ကြား မှုဦးစီးဌာန၊ နေပြည်တော်မှ ၁၁-၃-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၃/၂၇အလည(ရွှေ့ပြောင်း)၂၀၁၉ (၇၅၅၃)စာအရ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်တင်ပြရန် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးချက်အရ ၁၄-၃-၂၀၁၉ရက်နေ့တွင် ဒေါ်ခင်ခင်ထွန်းသည် ညွှန်ကြား ရေးမှူး ဒေါ်မို့မို့သွင်၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးမောင်မောင်ဇော်မင်းတို့နှင့်အတူ စိစစ်ရေးအဖွဲ့ဖွဲ့၍ မြိတ်မြို့အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တွင် ခေါ်ယူစစ်ဆေးရာ

ဒေါ်သန်းသန်းစိုးသည် ၅-၃-၂၀၁၉ရက်နေ့တွင် မြန်အလုပ်သမား(၇၅)ဦး အား တစ်ဖက်နိုင်ငံသို့ တရားမဝင်စေလွှတ်နိုင်ရန်အတွက် မောတောင်မြို့၊ မြို့မရပ်ကွက်၊ ပြည်ထောင်စု(၂)လမ်းရှိ ၎င်း၏နေအိမ်တွင် ထမင်းရောင်းကာနေရာချထားပေးပြီး ထိုင်းနိုင်ငံ ဘက်နှင့်ချိတ်ဆက်၍ မလေးရှားနိုင်ငံသို့သွားရောက်ရန်အတွက် အကျိုးဆောင်လိုင်စင်မရှိဘဲ ချိတ်ဆက် ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း

စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ နေပြည်တော်၏ ၂-၄-၂၀၁၉ရက်စွဲပါစာအမှတ်၊ ၃/၂၇/အလည(ရွှေ့ပြောင်း)၂၀၁၉ (၉၇၃၁)စာအရ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် အကြောင်းကြား ခဲ့သဖြင့် မြို့နယ်ဒုဦးစီးမှူးှ ဒေါ်ခင်ခင်ထွန်းမှ မြိတ်မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ၅-၄-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၃၀/၂/အလည-မ(ရွှေ့ပြောင်း)၂၀၁၉(၄၀၂)စာအရ တိုင်ကြားစာဖြင့် ၈-၄-၂၀၁၉ ရက်နေ့ ၁၆၃၀ အချိန် မောတောင်နယ်မြေရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် ၁၇၀၅ အချိန် တွင် ဒေါ်သန်းသန်းစိုး(ခ)မစိုးအား မောတော်နယ်မြေရဲစခန်း (ပ)၅/၂၀၁၉၊ ၁၉၉၉ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ- ၂၆ ဖြင့် အမှုဖွင့်လှစ်၍ ရဲအုပ် ဝင်းလှိုင်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: ApannPyay #Source – Tanintharyi Police
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top