







အခု တွေ့ရတဲ့ မိုးသီး ပုံသဏ္ဍာန်တွေကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ အခဲ အလုံး မဟတ်ုပဲ ကြယ်ပုံသဏ္ဍာန် အချွန်ပတ်လည်များနဲ့ ထိမှန်ခဲ့ရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်..။







Credit:thadinyatkwat

#Unicode Version# ဖြင့်ဖတ်ပါ ။

ကြောက်စရာကောင်းသလို သတိထားစရာ အလွန်ကောင်းလာပါပြီ..။

ချစ်ပရိသတ်ကြီးအတွက် ထူးဆန်းတာလေးတွေ့လို့ မျှဝေပေးလိုက်ပါတယ်..။

ကမ္ဘာ့လူသားအားလုံး သဘာဝဘေားဆိုးတွေ အမျိုးမျိုးကြုံတွေ့ခံစားခဲ့ကြရတဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်သလို အမျိုးအစားပေါင်းလည်း ရေတွက်လို့ မရဘူးဆိုတာ ကမ္ဘာ့လူသားတိုင်း ငြင်းလို့မရပါဘူး..။

သဘာ၀ ဘေးဆိုးများကြောင့် သတ္တဝါးပေါင်းများစွာလည်း အသက်ပေး ဆုံးရှုံးခဲ့ကြရတဲ့ ဖြစ်ရပ်တွေလည်း ရေတွက်လို့မရနိုင်ဘူး..။

အခုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ သဘာဝဘေးဆိုးတွေထဲမှာ မကြားဘူး မဖြစ်ဖူးတဲ့ ဘေးဆိုးတွေပါ ဖြစ်ပေါ်လာတာကို တွေ့ကြုံခံစားနေကြရပါတယ်..။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်း ပြောင်းလဲခြင်းများနဲ့ အတူ သဘာဝဘေးဆိုး အထူးအဆန်းတွေလည်း ကြုံတွေ့လာခဲ့ရပါတယ်..။

အခုလည်း နိုင်ငံခြား website တစ်ခုမှာတင်ထားတဲ့ ထူးဆန်းပြီး မမြင်ဖူးတဲ့ မိုးသီးပုံသဏ္ဍာန်တွေကို တွေ့ရပါတယ်..။

ပရိသတ်ကြီး တို့ မိုးသီးဆိုရင် အရင်က အခဲ သိုမဟုတ် အလုံး အသီးလို့ တန်းမြင်ခဲ့ကြတယ်မဟုတ်လား..။

အခု တွေ့ရတဲ့ မိုးသီး ပုံသဏ္ဍာန်တွေကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ အခဲ အလုံး မဟတု်ပဲ ကြယ်ပုံသဏ္ဍာန် အချွန်ပတ်လည်များနဲ့ ထိမှန်ခဲ့ရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်..။

မိုးသီးမှန်လို့ သတ္တဝါပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့သော်လည်း အဲ့ဒီမိုးသီးတွေဟာ အလုံးအခဲ များဖြစ်ကြပြီး အကြီးအသေး အရွယ်အစား အလိုက်သာ ပြောင်းလဲကျရောက်ခဲ့တာချည်းပါပဲ..။

အခု ကျခဲ့တဲ့ မိုးသီးတွေဟာ အချွန်အတက်တွေနဲ့ ကြယ်ပုံသဏ္ဍာန်တွေ ဖြစ်တာကြောင့် ဒါတွေကိုသာ အကြီးအသေး အရွယ်အစား မျိုးစုံအောင် ကျရောက်လာမယ်ဆိုရင် သတ္တဝါတွေ အတွက် မတွေးရဲစရာမို့

ပရိသတ်ကြိးရေ သတိထားကြဖို့ တိုက်တွန်းလိုက်ပါတယ်..။

ပရိသတ်ကြီးရေ အခု မြင်တွေ့ရတဲ့ ကြယ်ပုံသဏ္ဍန်မိုးသီးတွေဟာ မြန်မာပြည်တွင်းမှာ ကျရောက်တဲ့ မိုးသိးများ မဟုတ်သေးကြောင်း နိုင်ငံခြား website တစ်ခုမှ တွေ့ရှိလို့

ချစ်ပရိသတ်ကြီး အတွက် ဗဟုသုတအနေဖြင့် မြင်ဖူးအောင် တစ်မျိုး မိုးရွာတဲ့အခါ သတိထားစရာ အဖြစ်တစ်ဖုံ သတိပေး မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်..။

အခုကျရောက်ခဲ့တဲ့ မိုးသီးများသည် ဧပြီလ (၁) ရက်နေ့က အီရတ်မှာ ကျရောက်ခဲ့တဲ့ မိုးသီးများလို့ သိရပါတယ်..။

ဖိုးသူတော် (www.phothutaw.com)
Credit:thadinyatkwat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top