က်ပ္တစ္ေထာင္သာ က်သင့္သည့္ မႏၲေလး – စစ္ကိုင္း ဘတ္စ္ကားခရီးစဥ္အတြက္ ယာဥ္စီးခ က်ပ္တစ္ေသာင္းခြဲ ေတာင္းယူခဲ့သည့္ စစ္မန္းဧရာယာဥ္လိုင္းမွ ယာဥ္တစ္စီးကို ဒဏ္႐ိုက္အေရးယူခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသၾကီး ယာဥ္လုပ္ငန္းမ်ား ၾကီးၾကပ္မွဳေကာ္မတီ (အေဝးေျပး) ဥကၠဌ ဦးေအာင္ေက်ာ္လင္းက ေျပာသည္။

ဧၿပီ(၁၀)ရက္က မႏၲေလးၿမိဳ႔မွ စစ္ကိုင္းၿမိဳ႔သို႔ သြားေရာက္ရာတြင္ စစ္မန္းဧရာယာဥ္က ယာဥ္စီးခ က်ပ္တစ္ေသာင္းခြဲ ေတာင္းယူေၾကာင္း ခရီးသည္တစ္ဦးက တိုင္ၾကားလာသည့္အတြက္ ယာဥ္မွဴးႏွင့္ ယာဥ္ေနာက္လိုက္တို႔ကို ေခၚယ စစ္ေဆးကာ က်ပ္ငါးေသာင္း ဒဏ္႐ိုက္အေရးယူခဲ့ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

စစ္ကိုင္းၿမိဳ႔မွ ခရီးသည္ႏွစ္ဦးသည္ စစ္မန္းဧရာဒိုင္နာယာဥ္ျဖင့္ မႏၲေလးျမိဳ႕ ဘုရားႀကီးအေနာက္မုဒ္မွ စစ္ကိုင္းၿမိဳ႔သို႔ လိုက္ပါခဲ့ရာတြင္ ယာဥ္စီးခက်ပ္တစ္ေသာင္းခြဲ ေပးေဆာင္ခဲ့ရသည္ဟုဆိုသည္။ ထို႔အတြက္ ယာဥ္စီးခ က်သင့္ေငြကို ႏွဳတ္ယူေစကာ ပိုမိုေတာင္းယူခဲ့သည့္ ေငြကိုလည္း ခရီးသည္မ်ားထံ ျပန္လည္ေပးအပ္ေစခဲ့သည္ဟု ဦးေအာင္ေက်ာ္လင္းက ေျပာသည္။

မႏၲေလး-စစ္ကိုင္း ခရီးစဥ္အတြက္ ပံုမွန္ယာဥ္စီးခႏွဳန္းထားမ်ားမွာ ေရွ႔ခန္းက်ပ္တစ္ေထာင္၊ ေနာက္ခန္း က်ပ္ ငါးရာ ျဖစ္သည္။

“သႂကၤန္မေရာက္ခင္ကတည္းက ယာဥ္အသင္းေတြ၊ ယာဥ္မူးယာဥ္လိုက္ေတြကို ယာဥ္စီးခေတြ ပိုမေတာင္းဖို႔နဲ႔ ပိုေတာင္းခဲ့ ရင္လည္း အေရးယူမယ္ဆိုတာကို ႀကိဳတင္အသိေပးထားပါတယ္”ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၅မွ ၂၀၁၈အထိ မႏၲေလးၿမိဳ႔တြင္ ယခုကဲ့သို႔ ယာဥ္စီးခပိုမိုေတာင္းယူေၾကာင္း တိုင္ၾကားသည့္ျဖစ္စဥ္၊ အေရးယူသည့္ျဖစ္စဥ္ မရွိခဲ့ေၾကာင္း ဦးေအာင္ေက်ာ္လင္းက ေျပာသည္။ အေ၀းေျပးယာဥ္လိုင္းမ်ားမွ ယာဥ္စီးခ ပိုမို ေတာင္းခံျခင္း၊ ယာဥ္စည္းကမ္း ေဖာက္ဖ်က္ျခင္းမ်ား ေတြ႕ရွိပါက ယာဥ္လုပ္ငန္းမ်ား ၾကီးၾကပ္မွဳေကာ္မတီသို႔ တိုင္ၾကား ႏိုင္ၿပီး စစ္ေဆးအေရးယူမည္ဟု ၎က ဆိုသည္။

“ဒါက မႏၲေလးမွာ ပထမဆုံးပဲ။ ယာဥ္စီးခေတြ ပိုမေတာင္းဖို႔၊ ခရီးသြားမ်ားတဲ့ ရာသီမွာ ယာဥ္အႏၲရာယ္ကင္းေရး ယာဥ္မထြက္ခြာမီ ပူးေပါင္းအဖဲြ႔နဲ႔ စစ္ေဆးေရးေတြကို အစဥ္တစိုက္ လုပ္ေနပါတယ္”ဟု ဦးေအာင္ေက်ာ္လင္းက ေျပာသည္။ မႏၲေလးျမိဳ႔တြင္းမွာ အေဝးေျပးယာဥ္ရပ္နားစခန္း ၅ ခုရွျိပီး ယာဥ္အသင္း ၅၅၀ ေက်ာ္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznew

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျပ်တစ်ထောင်သာ ကျသင့်သည့် မန္တလေး – စစ်ကိုင်း ဘတ်စ်ကားခရီးစဉ်အတွက် ယာဉ်စီးခ ကျပ်တစ်သောင်းခွဲ တောင်းယူခဲ့သည့် စစ်မန်းဧရာယာဉ်လိုင်းမှ ယာဉ်တစ်စီးကို ဒဏ်ရိုက်အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။

ဧပြီ(၁၀)ရက်က မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ သွားရောက်ရာတွင် စစ်မန်းဧရာယာဉ်က ယာဉ်စီးခ ကျပ်တစ်သောင်းခွဲ တောင်းယူကြောင်း ခရီးသည်တစ်ဦးက တိုင်ကြားလာသည့်အတွက် ယာဉ်မှူးနှင့် ယာဉ်နောက်လိုက်တို့ကို ခေါ်ယ စစ်ဆေးကာ ကျပ်ငါးသောင်း ဒဏ်ရိုက်အရေးယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းမြို့မှ ခရီးသည်နှစ်ဦးသည် စစ်မန်းဧရာဒိုင်နာယာဉ်ဖြင့် မန္တလေးမြို့ ဘုရားကြီးအနောက်မုဒ်မှ စစ်ကိုင်းမြို့သို့ လိုက်ပါခဲ့ရာတွင် ယာဉ်စီးခကျပ်တစ်သောင်းခွဲ ပေးဆောင်ခဲ့ရသည်ဟုဆိုသည်။ ထို့အတွက် ယာဉ်စီးခ ကျသင့်ငွေကို နှုတ်ယူစေကာ ပိုမိုတောင်းယူခဲ့သည့် ငွေကိုလည်း ခရီးသည်များထံ ပြန်လည်ပေးအပ်စေခဲ့သည်ဟု ဦးအောင်ကျော်လင်းက ပြောသည်။

မန္တလေး-စစ်ကိုင်း ခရီးစဉ်အတွက် ပုံမှန်ယာဉ်စီးခနှုန်းထားများမှာ ရှေ့ခန်းကျပ်တစ်ထောင်၊ နောက်ခန်း ကျပ် ငါးရာ ဖြစ်သည်။

“သြင်္ကန်မရောက်ခင်ကတည်းက ယာဉ်အသင်းတွေ၊ ယာဉ်မူးယာဉ်လိုက်တွေကို ယာဉ်စီးခတွေ ပိုမတောင်းဖို့နဲ့ ပိုတောင်းခဲ့ ရင်လည်း အရေးယူမယ်ဆိုတာကို ကြိုတင်အသိပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅မှ ၂၀၁၈အထိ မန္တလေးမြို့တွင် ယခုကဲ့သို့ ယာဉ်စီးခပိုမိုတောင်းယူကြောင်း တိုင်ကြားသည့်ဖြစ်စဉ်၊ အရေးယူသည့်ဖြစ်စဉ် မရှိခဲ့ကြောင်း ဦးအောင်ကျော်လင်းက ပြောသည်။ အဝေးပြေးယာဉ်လိုင်းများမှ ယာဉ်စီးခ ပိုမို တောင်းခံခြင်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်းများ တွေ့ရှိပါက ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီသို့ တိုင်ကြား နိုင်ပြီး စစ်ဆေးအရေးယူမည်ဟု ၎င်းက ဆိုသည်။

“ဒါက မန္တလေးမှာ ပထမဆုံးပဲ။ ယာဉ်စီးခတွေ ပိုမတောင်းဖို့၊ ခရီးသွားများတဲ့ ရာသီမှာ ယာဉ်အန္တရာယ်ကင်းရေး ယာဉ်မထွက်ခွာမီ ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးရေးတွေကို အစဉ်တစိုက် လုပ်နေပါတယ်”ဟု ဦးအောင်ကျော်လင်းက ပြောသည်။ မန္တလေးမြို့တွင်းမှာ အဝေးပြေးယာဉ်ရပ်နားစခန်း ၅ ခုရြှိပီး ယာဉ်အသင်း ၅၅၀ ကျော်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznew
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top