ႏိုင္ငံတကာအားကစားၿပိဳင္ပြဲမ်ားတြင္ ဆုတံဆိပ္ရခဲ့ေသာ အားကစားသမားမ်ားကို ႏိုင္ငံေတာ္ဘတ္ဂ်က္ထဲမွ ဆုေၾကး တိုးျမႇင့္ေပးရန္ႏွင့္ ေ႐ႊတံဆိပ္ရရွိပါက က်ပ္ေငြ သိန္း သုံးရာခန႔္အထိ ဆုခ်ီးျမႇင့္ေပးရန္ တင္ျပထားသည္ ဟု သိရသည္။

ယေန႔ ဧၿပီ ၈ ရက္ေန႔က ဝဏၰသိဒၶိအားကစားကြင္းတြင္ က်င္းပျပဳလုပ္သည့္ ျမန္မာႏိုင္ငံ အိုလံပစ္ေကာင္စီ အစည္းအေဝးတြင္ အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးလႈိင္က တင္ျပခဲ့ျခင္း ျဖစ္သည္။

“ဆုရ အားကစားသမားမ်ားကို တစ္ဦးခ်င္းအေနနဲ႔ ေ႐ႊတံဆိပ္ရရွိမယ္ဆိုရင္ က်ပ္သိန္းသုံးရာ (သို႔) က်ပ္သိန္း ႏွစ္ရာ သို႔လည္းေကာင္း၊ ေငြတံဆိပ္ရရွိလွ်င္ က်ပ္သိန္း ႏွစ္ရာ(သို႔) က်ပ္သိန္း တစ္ရာသို႔လည္းေကာင္း၊ ေၾကးတံဆိပ္အေနနဲ႔ က်ပ္သိန္း တစ္ရာ(သို႔) က်ပ္သိန္း ငါးဆယ္ သို႔လည္းေကာင္း ကြၽန္ေတာ္တို႔ ဆုခ်ီးျမႇင့္ဖို႔ အတြက္ကို အထက္ရဲ႕ လမ္းၫႊန္ရဖို႔အတြက္ တင္ျပျခင္းျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။

ထို႔အျပင္ အသင္းလိုက္ ေ႐ႊတံဆိပ္ရရွိလွ်င္ က်ပ္သိန္း တစ္ရာ(သို႔)ခုနစ္ဆယ္၊ ေငြတံဆိပ္ရရွိလွ်င္ က်ပ္သိန္း ခုနစ္ဆယ္(သို႔) သုံးဆယ့္ငါးသိန္း၊ ေၾကးရရွိလွ်င္ သုံးဆယ့္ငါးသိန္း(သို႔) တစ္ဆယ့္ငါးသိန္း တို႔ကို ခ်ီးျမႇင့္ေပးသြားရန္ ေျပာဆိုခဲ့သည္။

အလားတူ အုပ္ခ်ဳပ္မႈအဖြဲ႕မ်ားအေနျဖင့္လည္း ေ႐ႊရရွိသည့္ အဖြဲ႕ကို က်ပ္သိန္း တစ္ရာ၊ေငြရရွိလွ်င္ က်ပ္သိန္း ငါးဆယ္၊ ေၾကးရရွိလွ်င္ က်ပ္သိန္းသုံးဆယ္ ခ်ီးျမႇင့္ေပးရန္ တင္ျပခဲ့ၿပီး အားကစားနည္းတစ္ခုတည္းတြင္ ေ႐ႊ၊ေငြ၊ေၾကး ဆု သုံးမ်ိဳးလုံးရရွိပါက အျမင့္ဆုံးဆုတံဆိပ္ကို ေ႐ြးခ်ယ္ကာ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ဆုေၾကးေငြ တိုးျမႇင့္ေတာင္းဆိုေပးရန္ကိစၥကို ႏိုင္ငံေတာ္အစိုးရအဖြဲ႕အစည္းထံသို႔ တင္ျပေတာင္းဆို သြားမည္ျဖစ္ၿပီး အားကစားသမားမ်ားအတြက္လည္း ဝမ္းသာမိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က ေျပာၾကားသည္။

“အရင္ကေတာ့ ေပးတာေတာ့နည္းပါတယ္။ သိန္းတစ္ရာ၊ ငါးဆယ္ ၊သုံးဆယ္ ဒီေလာက္ပဲ ေပးပါတယ္။ ကြၽန္မတို႔ကေတာ့ သုံးရာ တင္ထားပါတယ္။ အခုဟာက သုံးရာ နည္းပါတယ္။ ထပ္ေပးပါဦးဆိုတဲ့ဟာေတြလည္း ၾကားရတဲ့အတြက္ေၾကာင့္ အားကစားသမားေတြ အတြက္ အင္မတန္မွကို ဝမ္းလည္းဝမ္းသာမိပါတယ္။ အဲ့လိုမ်ိဳးဆိုလို႔ရွိရင္ သူ႔ရဲ႕ ဘဝအတြက္က အင္မတန္ေကာင္းတဲ့ သူတို႔လည္းပိုၿပီး Incentive ( မက္လုံး) ရတဲ့အခါ ပိုၿပီး ျမႇဳပ္ႏွံၿပီးေတာ့ ေဆာင္႐ြက္လာမယ္။ ဒါကေတာ ့Cabinet တင္ပါမယ္။ ႏိုင္ငံေတာ္ရဲ႕ အစိုးရအဖြဲ႕ ဆီကို တင္ပါမယ္။ အဖြဲ႕အစည္းရဲ႕ ဆုံးျဖတ္ခ်က္ကို ေစာင့္မွာျဖစ္ပါတယ္”ဟု ဒုတိယဝန္ႀကီး ေဒါက္တာ ျမေလးစိန္က ေျပာၾကားသည္။

ထိုသို႔ ဆုေၾကးတိုးျမႇင့္ေပးရန္ လုပ္ေဆာင္ေနျခင္းအေပၚ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးသမားေဟာင္း ဦးမ်ိဳးလႈိင္ဝင္းက ေကာင္းမြန္သည္ဟု သုံးသပ္ ေျပာဆိုခဲ့သည္။



 “အခုၾကေတာ့ ဒီလိုမ်ိဳး ႀကိဳၿပီးေတာ့ ေျပာထားတဲ့အတြက္ေၾကာင့္ ကစားသမားေတြကလည္း ဒါကို ႀကိဳးစားမႈ ပိုၿပီးေတာ့ ျဖစ္တာေပါ့ေနာ္။ ပထမရရင္ ေတာ့ ငါဒီလိုမ်ိဳး ရမယ္ဆိုတဲ့ ပုံစံမ်ိဳးေလး ရွိေတာ့၊ ပိုၿပီးေတာ့ ႀကိဳးစား ခ်င္စိတ္ေတြရွိတာ ပိုေကာင္းတာေပ့ါ။ အဲ့လိုမ်ိဳးေပးႏိုင္တယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့။ အေစာႀကီး ကတည္းက Announce လုပ္ထားမွာေပါ့ေနာ္။ ဒီဟာကေတာ့ အခု လာမယ့္ Sea Game ၿပိဳင္ပြဲမွာ ပထမရရင္ တစ္ဦးခ်င္း သိန္းသုံးရာ၊ သိန္း ႏွစ္ရာ အဲ့လိုပုံစံမ်ိဳးေပးထားရင္ ဒီကစားသမားကလည္း ပိုႀကိဳးစားအားထုတ္မႈ ပိုၿပီးေတာ့ ရွိလာမွာေပ့ါ။ ပိုရည္မွန္းခ်က္ ရွိလာမယ္ေလ။ အစ္ကိုကေတာ့ ေကာင္းတယ္လို႔ ျမင္တယ္”ဟု ဦးမ်ိဳးလႈိင္ဝင္းက ေျပာသည္။

အုပ္ခ်ဳပ္နည္းျပ ႏွင့္ ကစားသမားမ်ားကို လက္ရွိတြင္ တစ္ေန႔တာ စားစရိတ္ သုံးေထာင္က်ပ္ႏႈန္း ေကြၽးေမြး ေနရာမွ ငါးေထာင္က်ပ္သို႔ လည္းေကာင္း၊ ႏွစ္ေပါက္ စခန္းသြင္းနည္းျပႏွင့္ ကစားသမားမ်ား၏ ေထာက္ပံ့ေၾကး ကိုလည္း ေအအဆင့္ကို ယခင္ တစ္လ တစ္သိန္းက်ပ္ေပးရာမွ ႏွစ္သိန္းသို႔လည္းေကာင္း၊ ဘီအဆင့္ကို က်ပ္ရွစ္ေသာင္းမွ က်ပ္တစ္သိန္းခြဲသို႔လည္းေကာင္း၊ စီအဆင့္ ကို က်ပ္ငါးေသာင္းႏႈန္းေပးရာမွ က်ပ္တစ္သိန္း သို႔ လည္းေကာင္း တိုးျမႇင့္ေပးရန္အတြက္ ယေန႔ အစည္းအေဝးတြင္း အားကစားႏွင့္ကာယပညာဦးစီးဌာန ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးလႈိင္က ဆက္လက္တင္ျပခဲ့သည္။

“ဘာေၾကာင့္လဲဆိုေတာ့ လက္ရွိမွာ ႏွစ္ေပါက္က်င့္တဲ့အခါမွာ စီအဆင့္အားကစားသမားမ်ားဟာ ကြၽန္ေတာ္တို႔ ငါးေသာင္းေပးတဲ့ အခါမွာ သူတို႔ရဲ႕ မိသားစုစားဝတ္ေနေရးအတြက္ လက္ရွိမွာ ေရရွည္စခန္းမဝင္ႏိုင္ဘဲနဲ႔ ျပန္သြားတဲ့အခါမွာ ကြၽန္ေတ္ာတို႔က အခ်ိန္ကုန္ေငြကုန္ၿပီးတဲ့ အခါမွာ အက်ိဳးမရွိတဲ့ ဥစၥာေတြ ေပၚလာတဲ့ အတြက္ အနည္းဆုံးဒီအဆင့္ကိုေပးမွသာေနထိုင္စရိတ္လည္း အခမဲ့ စားေသာက္လို႔ရမယ္ ။ မိဘကိုလည္း တစ္သိန္းျပန္ေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔က ဒါမွသာ ေရရွည္ေအာင္ျမင္ႏိုင္မယ့္ အားကစားနည္းမ်ား တိုးတက္လာမွာျဖစ္ေၾကာင္း တင္ျပတဲ့အတြက္ေၾကာင့္ဒါမ်ိဳး တိုးျမႇင့္ေဆာင္႐ြက္ေပးဖို႔ အတြက္ကို မူဝါဒအေနနဲ႔ ခ်မွတ္ေပးဖို႔အတြက္ တင္ျပေပးျခင္းျဖစ္ပါတယ္”ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးလႈိင္က ေျပာသည္။

ယေန႔ အိုလံပစ္ေကာင္စီအဖြဲ႕ဝင္မ်ား၏ အစည္းအေဝးတြင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဗိုလ္ခ်ဳပ္ ျမင့္ႏြယ္၊ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဒုတိယဝန္ႀကီးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾက သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရခဲ့သော အားကစားသမားများကို နိုင်ငံတော်ဘတ်ဂျက်ထဲမှ ဆုကြေး တိုးမြှင့်ပေးရန်နှင့် ရွှေတံဆိပ်ရရှိပါက ကျပ်ငွေ သိန်း သုံးရာခန့်အထိ ဆုချီးမြှင့်ပေးရန် တင်ပြထားသည် ဟု သိရသည်။

ယနေ့ ဧပြီ ၈ ရက်နေ့က ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အိုလံပစ်ကောင်စီ အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

“ဆုရ အားကစားသမားများကို တစ်ဦးချင်းအနေနဲ့ ရွှေတံဆိပ်ရရှိမယ်ဆိုရင် ကျပ်သိန်းသုံးရာ (သို့) ကျပ်သိန်း နှစ်ရာ သို့လည်းကောင်း၊ ငွေတံဆိပ်ရရှိလျှင် ကျပ်သိန်း နှစ်ရာ(သို့) ကျပ်သိန်း တစ်ရာသို့လည်းကောင်း၊ ကြေးတံဆိပ်အနေနဲ့ ကျပ်သိန်း တစ်ရာ(သို့) ကျပ်သိန်း ငါးဆယ် သို့လည်းကောင်း ကျွန်တော်တို့ ဆုချီးမြှင့်ဖို့ အတွက်ကို အထက်ရဲ့ လမ်းညွှန်ရဖို့အတွက် တင်ပြခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် အသင်းလိုက် ရွှေတံဆိပ်ရရှိလျှင် ကျပ်သိန်း တစ်ရာ(သို့)ခုနစ်ဆယ်၊ ငွေတံဆိပ်ရရှိလျှင် ကျပ်သိန်း ခုနစ်ဆယ်(သို့) သုံးဆယ့်ငါးသိန်း၊ ကြေးရရှိလျှင် သုံးဆယ့်ငါးသိန်း(သို့) တစ်ဆယ့်ငါးသိန်း တို့ကို ချီးမြှင့်ပေးသွားရန် ပြောဆိုခဲ့သည်။

အလားတူ အုပ်ချုပ်မှုအဖွဲ့များအနေဖြင့်လည်း ရွှေရရှိသည့် အဖွဲ့ကို ကျပ်သိန်း တစ်ရာ၊ငွေရရှိလျှင် ကျပ်သိန်း ငါးဆယ်၊ ကြေးရရှိလျှင် ကျပ်သိန်းသုံးဆယ် ချီးမြှင့်ပေးရန် တင်ပြခဲ့ပြီး အားကစားနည်းတစ်ခုတည်းတွင် ရွှေ၊ငွေ၊ကြေး ဆု သုံးမျိုးလုံးရရှိပါက အမြင့်ဆုံးဆုတံဆိပ်ကို ရွေးချယ်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆုကြေးငွေ တိုးမြှင့်တောင်းဆိုပေးရန်ကိစ္စကို နိုင်ငံတော်အစိုးရအဖွဲ့အစည်းထံသို့ တင်ပြတောင်းဆို သွားမည်ဖြစ်ပြီး အားကစားသမားများအတွက်လည်း ဝမ်းသာမိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားသည်။

“အရင်ကတော့ ပေးတာတော့နည်းပါတယ်။ သိန်းတစ်ရာ၊ ငါးဆယ် ၊သုံးဆယ် ဒီလောက်ပဲ ပေးပါတယ်။ ကျွန်မတို့ကတော့ သုံးရာ တင်ထားပါတယ်။ အခုဟာက သုံးရာ နည်းပါတယ်။ ထပ်ပေးပါဦးဆိုတဲ့ဟာတွေလည်း ကြားရတဲ့အတွက်ကြောင့် အားကစားသမားတွေ အတွက် အင်မတန်မှကို ဝမ်းလည်းဝမ်းသာမိပါတယ်။ အဲ့လိုမျိုးဆိုလို့ရှိရင် သူ့ရဲ့ ဘဝအတွက်က အင်မတန်ကောင်းတဲ့ သူတို့လည်းပိုပြီး Incentive ( မက်လုံး) ရတဲ့အခါ ပိုပြီး မြှုပ်နှံပြီးတော့ ဆောင်ရွက်လာမယ်။ ဒါကတော့Cabinet တင်ပါမယ်။ နိုင်ငံတော်ရဲ့ အစိုးရအဖွဲ့ ဆီကို တင်ပါမယ်။ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မှာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောကြားသည်။

ထိုသို့ ဆုကြေးတိုးမြှင့်ပေးရန် လုပ်ဆောင်နေခြင်းအပေါ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကောင်းမွန်သည်ဟု သုံးသပ် ပြောဆိုခဲ့သည်။

 “အခုကြတော့ ဒီလိုမျိုး ကြိုပြီးတော့ ပြောထားတဲ့အတွက်ကြောင့် ကစားသမားတွေကလည်း ဒါကို ကြိုးစားမှု ပိုပြီးတော့ ဖြစ်တာပေါ့နော်။ ပထမရရင် တော့ ငါဒီလိုမျိုး ရမယ်ဆိုတဲ့ ပုံစံမျိုးလေး ရှိတော့၊ ပိုပြီးတော့ ကြိုးစား ချင်စိတ်တွေရှိတာ ပိုကောင်းတာပေ့ါ။ အဲ့လိုမျိုးပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အစောကြီး ကတည်းက Announce လုပ်ထားမှာပေါ့နော်။ ဒီဟာကတော့ အခု လာမယ့် Sea Game ပြိုင်ပွဲမှာ ပထမရရင် တစ်ဦးချင်း သိန်းသုံးရာ၊ သိန်း နှစ်ရာ အဲ့လိုပုံစံမျိုးပေးထားရင် ဒီကစားသမားကလည်း ပိုကြိုးစားအားထုတ်မှု ပိုပြီးတော့ ရှိလာမှာပေ့ါ။ ပိုရည်မှန်းချက် ရှိလာမယ်လေ။ အစ်ကိုကတော့ ကောင်းတယ်လို့ မြင်တယ်”ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

အုပ်ချုပ်နည်းပြ နှင့် ကစားသမားများကို လက်ရှိတွင် တစ်နေ့တာ စားစရိတ် သုံးထောင်ကျပ်နှုန်း ကျွေးမွေး နေရာမှ ငါးထောင်ကျပ်သို့ လည်းကောင်း၊ နှစ်ပေါက် စခန်းသွင်းနည်းပြနှင့် ကစားသမားများ၏ ထောက်ပံ့ကြေး ကိုလည်း အေအဆင့်ကို ယခင် တစ်လ တစ်သိန်းကျပ်ပေးရာမှ နှစ်သိန်းသို့လည်းကောင်း၊ ဘီအဆင့်ကို ကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်းခွဲသို့လည်းကောင်း၊ စီအဆင့် ကို ကျပ်ငါးသောင်းနှုန်းပေးရာမှ ကျပ်တစ်သိန်း သို့ လည်းကောင်း တိုးမြှင့်ပေးရန်အတွက် ယနေ့ အစည်းအဝေးတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆက်လက်တင်ပြခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ နှစ်ပေါက်ကျင့်တဲ့အခါမှာ စီအဆင့်အားကစားသမားများဟာ ကျွန်တော်တို့ ငါးသောင်းပေးတဲ့ အခါမှာ သူတို့ရဲ့ မိသားစုစားဝတ်နေရေးအတွက် လက်ရှိမှာ ရေရှည်စခန်းမဝင်နိုင်ဘဲနဲ့ ပြန်သွားတဲ့အခါမှာ ကျွန်တေ်ာတို့က အချိန်ကုန်ငွေကုန်ပြီးတဲ့ အခါမှာ အကျိုးမရှိတဲ့ ဥစ္စာတွေ ပေါ်လာတဲ့ အတွက် အနည်းဆုံးဒီအဆင့်ကိုပေးမှသာနေထိုင်စရိတ်လည်း အခမဲ့ စားသောက်လို့ရမယ် ။ မိဘကိုလည်း တစ်သိန်းပြန်ပေးမယ်ဆိုရင် ကျွန်တော်တို့က ဒါမှသာ ရေရှည်အောင်မြင်နိုင်မယ့် အားကစားနည်းများ တိုးတက်လာမှာဖြစ်ကြောင်း တင်ပြတဲ့အတွက်ကြောင့်ဒါမျိုး တိုးမြှင့်ဆောင်ရွက်ပေးဖို့ အတွက်ကို မူဝါဒအနေနဲ့ ချမှတ်ပေးဖို့အတွက် တင်ပြပေးခြင်းဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသည်။

ယနေ့ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၏ အစည်းအဝေးတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ် မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top