၂၀၁၈ ခုႏွစ္၊ မတ္လ၂၇ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၄၀ မိနစ္အခ်ိန္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေရငယ္ေက်းရြာ မႏၲေလး-လားရွိုးကားလမ္းေဘးရွိ ေရႊမူဆယ္ စားေသာက္ဆိုင္၌ တပ္မေတာ္ အရာရွိဝတ္စုံ(ေကာ္လံတံဆိပ္မပါ) စစ္ယူနီေဖာင္း တို႔အား ဝတ္ဆင္ထားသည့္ မသကၤာသူ မူဆယ္ၿမိဳ႕၊ ဘိုဖိုင္ေက်းရြာေန ညြန္႔စိန္(၅၈)ႏွစ္ႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး(၇)ေန စံသီး(ခ)စံေသး(၄၄)ႏွစ္ေနသူတို႔အား

MDY 3K/2653 Wish ယာဥ္ႏွင့္အတူ ေတြ႕ရွိခဲ့၍ ၎တို႔ ၂ ဦးအား စစ္ေမးခဲ့ရာ ညြန္႔စိန္သည္ တပ္မေတာ္အရာရွိ ဟန္ေဆာင္လ်က္ ၎၏ လက္ကိုင္အိတ္အတြင္းမွ ၉ မမ ပစၥတို ၁ လက္၊ ၉ မမက်ည္ ၇ ေတာင့္ႏွင့္ ၈ ေတာင့္ ျဖည့္ထားေသာ က်ည္အိမ္ ၂ ခု၊ ၉ မမက်ည္အလြတ္ ၁၇ ေတာင့္၊ စုစုေပါင္း ၉ မမ က်ည္ ၃၂ ေတာင့္အား

တရားမဝင္ ကိုင္ေဆာင္ထားေၾကာင္းႏွင့္ ညြန္႔စိန္မွ စံသီး(ခ)စံေသးအား ကား ၁ စီး ငွားေပးရန္ အကူအညီေတာင္းခံခဲ့၍ MDY 3K/×××× Wish ယာဥ္အား ငွားရမ္းေပး ခဲ့ေၾကာင္း၊ မတ္လ ၃၁ ရက္ေန႔တြင္ ညြန္႔စိန္ အား ပိတ္ခ်င္းေျမာင္ ရဲကင္းစခန္း (ပ)၂၅/၂၀၁၈၊ လက္နက္မ်ားအက္ဥပေဒပုဒ္မ ၁၉(စ)အရ လည္းေကာင္း၊ ညြန္႔စိန္ႏွင့္ စံသီး(ခ)စံေသး တို႔အား (ပ)၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၁၄၀/၁၁၄ ျဖင့္ လည္းေကာင္း အမႈဖြင့္စစ္ေဆးခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ညြန္႔စိန္ သည္ ျပင္ဦးလြင္ၿမိဳ႕နယ္၌ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ေဆာင္ရန္အတြက္ ေျမဝယ္ယူရာတြင္ အဆင္ေျပေခ်ာေမြ႕ေစေရး ရည္ရြယ္၍ ျပည္သူ႔စစ္ဟု ေျပာဆိုကာ စစ္ဝတ္စုံအား ဝတ္ဆင္ခဲ့ၿပီး ၎ကိုင္ေဆာင္ေသာ ေသနတ္မွာ ၂၀၁၆ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံ၊ က်ယ္ေဂါင္ၿမိဳ႕၌ တ႐ုတ္နိုင္ငံသား ၁ ဦး ထံမွ တ႐ုတ္ေငြ ၃၅၀၀၀ ယြမ္ျဖင့္ ဝယ္ယူကာ ကိုင္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္းသတင္းရရွိသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Tawthu

#Unicode Version#
၂၀၁၈ ခုနှစ်၊ မတ်လ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာ မန္တလေး-လားရှိုးကားလမ်းဘေးရှိ ရွှေမူဆယ် စားသောက်ဆိုင်၌ တပ်မတော် အရာရှိဝတ်စုံ(ကော်လံတံဆိပ်မပါ) စစ်ယူနီဖောင်း တို့အား ဝတ်ဆင်ထားသည့် မသင်္ကာသူ မူဆယ်မြို့၊ ဘိုဖိုင်ကျေးရွာနေ ညွန့်စိန်(၅၈)နှစ်နှင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)နေ စံသီး(ခ)စံသေး(၄၄)နှစ်နေသူတို့အား

MDY 3K/2653 Wish ယာဉ်နှင့်အတူ တွေ့ရှိခဲ့၍ ၎င်းတို့ ၂ ဦးအား စစ်မေးခဲ့ရာ ညွန့်စိန်သည် တပ်မတော်အရာရှိ ဟန်ဆောင်လျက် ၎င်း၏ လက်ကိုင်အိတ်အတွင်းမှ ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၇ တောင့်နှင့် ၈ တောင့် ဖြည့်ထားသော ကျည်အိမ် ၂ ခု၊ ၉ မမကျည်အလွတ် ၁၇ တောင့်၊ စုစုပေါင်း ၉ မမ ကျည် ၃၂ တောင့်အား

တရားမဝင် ကိုင်ဆောင်ထားကြောင်းနှင့် ညွန့်စိန်မှ စံသီး(ခ)စံသေးအား ကား ၁ စီး ငှားပေးရန် အကူအညီတောင်းခံခဲ့၍ MDY 3K/×××× Wish ယာဉ်အား ငှားရမ်းပေး ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ညွန့်စိန် အား ပိတ်ချင်းမြောင် ရဲကင်းစခန်း (ပ)၂၅/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ လည်းကောင်း၊ ညွန့်စိန်နှင့် စံသီး(ခ)စံသေး တို့အား (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀/၁၁၄ ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ညွန့်စိန် သည် ပြင်ဦးလွင်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် မြေဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ ပြည်သူ့စစ်ဟု ပြောဆိုကာ စစ်ဝတ်စုံအား ဝတ်ဆင်ခဲ့ပြီး ၎င်းကိုင်ဆောင်သော သေနတ်မှာ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့၌ တရုတ်နိုင်ငံသား ၁ ဦး ထံမှ တရုတ်ငွေ ၃၅၀၀၀ ယွမ်ဖြင့် ဝယ်ယူကာ ကိုင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Tawthu


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top