.
.
.
.
.
.
.
.
.

# Unicode Version # ဖြင့် ဖတ်ပါ #


(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့်သူ့အသက်ကိုသတ်လေ့ရှိခြင်း။
.
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
.
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသောမိန်းမ ဆယ်မျိုးတို့၌ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
.
(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသောလာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။
.
(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။
.
(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်းတမ်းသောစကား ကိုပြောကြားတတ်ခြင်း။
.
(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသောစကားကိုပြောဆိုတတ်ခြင်း။
.
(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည်ငါ့ဥစ္စာဖြစ်မူကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကိုရှေးရှုကြံစည်မှု အဘိဇ္ဈာစိတ် အကြံရှိခြင်း။
.
(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေစသဖြင့် ဖျက်ဆီးလိုသောစိတ်အကြံရှိခြင်း။
.
(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိအစရှိသဖြင့် မှားသောအမြင်ရှိခြင်း။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top