တတိယအႀကိမ္ ျပစ္ဒဏ္လြတ္ျငိမ္းသက္သာခြင့္တြင္ သရုပ္ေဆာင္ မုိးေအာင္ရင္ ျပန္လြတ္လာမည္ဟုSpeaker ၏ သတင္းရင္းျမစ္မ်ားထံမွ သိရသည္ ။

သ႐ုပ္ေဆာင္ မုိးေအာင္ရင္ ကို ႏိုဝင္ဘာ ၂၆ ရက္က ပုဇြန္ ေတာင္ၿမိဳ႕နယ္ တရား႐ုံးမွမူးယစ္ ေဆးဝါးလက္ဝယ္ေတြ႕ရွိသုံးစြဲမႈ ပုဒ္မမ်ားျဖင့္ အလုပ္ႏွင့္ေထာင္ ဒဏ္ ၅ ႏွစ္ခ်မွတ္ခဲ့ၿပီး ဒီဇင္ဘာ ၁၂ ရက္တြင္ အေရွ႕ပိုင္းခ႐ုိင္ တရား႐ုံးက မူးယစ္ေဆးဝါးလက္ ဝယ္ေတြ႕ရွိမႈ ပုဒ္မ-၁၉(က)ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခဲ့သည့္အတြက္ အမႈႏွစ္မႈ ေပါင္း ေထာင္ဒဏ္ ၁၇ ႏွစ္က်ခံ ေနရျခင္းျဖစ္သည္ ။

တတိယအႀကိမ္ ႏိုင္ငံေတာ္သမၼတ၏ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္တြင္ ျမန္မာ့လူ႔အဖြဲ႔အစည္းတြင္ ႀကီးႀကီးမားမားျဖစ္သြားသည့္သူမ်ားပါလာရန္ေမွ်ာ္မွန္းေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံး၏ေျပာခြင့္ရ ပုဂၢဳိလ္ဦးေဇာ္ေဌးက မီဒီယာမ်ားကုိ ေျပာႀကားထားသည္ ။

တတိယအႀကိမ္ ႏိုင္ငံေတာ္သမၼတ၏ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္ကုိ ယခု ရက္ပုိင္းအတြင္း ေဆာင္ရြက္သြားမည္ဟု Speakerမွ စုံစမ္းသိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: The Speaker
#Unicode Version#
တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် မိုးအောင်ရင် ပြန်လွတ်လာမည်ဟုSpeaker ၏ သတင်းရင်းမြစ်များထံမှ သိရသည် ။

သရုပ်ဆောင် မိုးအောင်ရင် ကို နိုဝင်ဘာ ၂၆ ရက်က ပုဇွန် တောင်မြို့နယ် တရားရုံးမှမူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့်ထောင် ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးက မူးယစ်ဆေးဝါးလက် ဝယ်တွေ့ရှိမှု ပုဒ်မ-၁၉(က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည့်အတွက် အမှုနှစ်မှု ပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျခံ နေရခြင်းဖြစ်သည် ။

တတိယအကြိမ် နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်တွင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကြီးကြီးမားမားဖြစ်သွားသည့်သူများပါလာရန်မျှော်မှန်းကြောင်း နိုင်ငံတော်သမ္မတရုံး၏ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက မီဒီယာများကို ပြောကြားထားသည် ။

တတိယအကြိမ် နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ကို ယခု ရက်ပိုင်းအတွင်း ဆောင်ရွက်သွားမည်ဟု Speakerမှ စုံစမ်းသိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: The Speaker
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top