မံုရြာဘုတလင္နယ္ ရြာမြန္ရြာသုႆန္ေက်ာင္းက ဦးဇင္းႀကီးဦးဝိစာရႏွင့္ ေဝမာနိကၿပိတၱာစံုတြဲ

မံုရြာခရိုင္၊ ဘုတလင္ျမိဳ႔နယ္ ရြာမြန္ရြာသုႆန္ ဓူတင္ေဆာင္ ပုဂၡိဳလ္ထူး အရိယာမေထရ္ျမတ္ၾကီး ဦးဇင္းၾကီးသည္ သုႆန္လူေသအေလာင္းျမဳတ္ရန္ ေျမပံုမ်ားႏွင့္ အုတ္ဂူေတြၾကား ႏွစ္ေပါင္း ၄၀ ၾကာေအာင္ ညဥ့္နက္အခါ တရား ရွဳမွတ္ေတာ္မူ၏။

သုႆန္ဇရပ္ႏွင့္ တဲေက်ာင္းတြင္ တစ္ပါးထဲ သီးတင္းသံုး၍ ခႏၵာ၀န္ခ်သြားသည္မွာ ၅ ႏွစ္ခန္႔ ရွိခဲ့ပါျပီ။ ထိုစဥ္က ညဥ္နက္အခါ တမလြန္ေလာကသား ဖုတ္၊ တေစၥ၊ သူရဲျပိတၱာမ်ားႏွင့္ ေတြ႔ဆံုရလွွ်င္ ေမတၱာပို႔၊ အမွ်ေ၀ေဟာေျပာေခ်ခ်ြတ္ လုပ္ေဆာင္ေတာ္မူရ၏။

ဆရာေတာ္၏ ေ၀ယ်ာ၀စၥ ပါရမီ ျဖည့္ဆည္းေနသူ ဦးမင္းၾကည္အား ေ၀မာနိက ျပိတၱာဇနီးေမာင္ႏွံအေၾကာင္း အမိန္႔ရွိခဲ့ရာ… ၁၃၅၆ ခုႏွစ္ ၀ါဆိုလဆန္းပိုင္းတြင္ ထန္းသမားတို႔ ‘ထန္းမ’ ရာသီလိွဳင္ေနခ်ိန္တြင္ ထန္းသမား ကိုေအာင္ေရႊႏွင့္ မျမရီတို႔သည္ သားရတနာ ေမာင္မြန္ဦး ရွင္ျပဳအလွဴပြဲျပဳလုပ္၏။

လြန္ခဲ့ေသာ ၅ ႏွစ္ခန္႔က မျမရီ၏ ဦးေလးျဖစ္သူ ကိုသန္းထြန္းႏွင့္ ဇနီး မေအဆယ္တို႔သည္ ဖ်ားနာ၍ ေရွ႔ဆင့္ေနာက္ဆင့္ မၾကာခင္ ႏွစ္ဦးစလံုး အနိစၥေရာက္သြားၾကပါသည္။ မိဘႏွစ္ပါး ကြယ္လြန္သြားေသာအခါ ေက်ာင္းေနအရြယ္ ကေလးမ်ားႏွင့္ ကိုရင္ကေလး တစ္ပါးက်န္ရစ္၏။

ေဒၚေအးဆယ္သည္ ကိုေအာင္ေရႊ၏ အမအရင္းျဖစ္၍ က်န္ရစ္သူအားလံုးကို ကိုေရႊေအာင္နဲ႔ မျမရီတို႔က ေစာင့္ေရွာက္ ေၾကြးေမြးရ၏။ ကိုေအာင္ေရႊနဲ႔ မျမရီတို႔ တူရတနာေလး ေတြ႔ရွိေသာ္လည္း မိမိတို႔ရင္မွျဖစ္ေသာ သားရတနာ ေမာင္မြန္ဦး တစ္ဦးတည္းသာ ရွင္ျပဳ၏။

အလွဴမ႑ပ္၀င္ေသာ ညအခါတြင္ ေ၀မာနိက ျပိတၱာ ျဖစ္ေနၾကေသာ ကိုသန္းထြန္းႏွင့္ မေအးဆယ္ ဇနီးေမာင္ႏွံံ႔သည္ သူတို႔၏ သားကေလးရွင္ျပဳ႔ရာတြင္ မပါ၀င္၍ စိတ္မခ်မ္းသာျဖစ္ကာ သုႆန္ဦးဇင္းၾကီး ဦး၀ိဇာရထံ ၀င္ေရာက္ရွိခိုးဦးခ် ေလွ်ာက္တင္ရာ… ‘မင္းတို႔က ဘယ္သူေတြလဲ’ ‘တပည့္ေတာ္တို႔ လူဘ၀တုန္းက နာမည္ ေမာင္သန္းထြန္းပါ ဘုရား၊ ဇနီးကေတာ့ မေအးဆယ္လို႔ ေခၚပါတယ္ဘုရား’ ဟုေလွွ်ာက္ထားရာ…

“မင္းတို႔ ၂ ေယာက္ တို႔မ်ားထံ ဘာအကန္႔ရွိလို႔ လာတာလဲ’ ‘မွန္လွပါ… တပည့္ေတာ္တို႔၏ သားကေလး ရွင္မျပဳရေသး၍ ေမာင္ေအာင္ေရႊ အလွဴထဲ့ပါလိမ့္မည္ဟု ထင္ထားေသာ္လည္း ယခုမပါလို႔ တပည့္ေတာ္တို႔၏ ေလွ်ာက္ထားရတာပါ ဘုရား။’

“ေအးကြယ္… မနက္ဖန္ ေမာင္ေအာင္ေရႊ အလွဴထဲကို တို႔မ်ားေမးျမန္းျပီး ထည့္ေပးမည္။ မင္းတို႔ ၂ ေယာက္ စိတ္ခ်မ္းသာေအာင္ ေနၾက’ဟု အမိန္႔ရွိလိုက္မွ ေ၀မာနိကဇနီးေမာင္ႏွံသည္ ရွိခိုးဦးခ်၍ ျပန္သြားၾကသည္ဟု အမိန္႔ရွိေတာ္မူပါသည္။

ေနာက္တစ္ေန႔ နံနက္ေစာေစာတြင္ ဦးမင္းၾကည္ သုႆန္တဲေက်ာင္းသို႔ ေရာက္ရွိရာ ဦးဇင္းၾကီးက ေမးျမန္းရာတြင္…. ‘ဟဲ့… ေမာင္းမင္းၾကည္…. ေမာင္ေအာင္ေရႊ အလွဴမွာ ေမာင္သန္းထြန္း ကေလးေတြ ရွင္ေလာင္းပါရဲ့လား..

“မွန္ပါ… မပါ,ပါဘူးဘုရား’ ‘ေအးကြယ္…. လူ႔ဘ၀က ဇနီးေမာင္ႏွံ ျဖစ္ရင္လဲ ေ၀မာနိကဘ၀မွာလဲ ျဖစ္နိုင္တယ္။ စြဲလမ္းမွဳ ဥပါဒါန္တရားမ်ားလဲ ေၾကာက္စရာေကာင္းတယ္ကြယ္။

တို႔မ်ားေက်ာင္းကို ညက ေမာင္သန္းထြန္းတို႔ ဇနီးေမာင္ႏွံ သူတို႔သား ရွင္ျပဳရာ မပါလို႔ မ်က္ႏွာငယ္ေလးေတြနဲ႔ လာေရာက္ ၾကတယ္ကြယ္။ ေက်ာင္းထိုင္ဘုန္းၾကီးကိုလဲေမး၊ ေမာင္ေအာင္ေရႊကိုလဲ ေမးျပီး တို႔မ်ား သဃၤန္း၀တ္ေပးခ်င္တယ္။ ေမာင္ေအာင္ေရႊ ေက်ာင္းကိုမလာရင္ တို႔မ်ားထံ ေခၚေပးစမ္းပါကြယ္’ ဟုအမိန္႔ရွိေနခိုက္ အလွဴဒါယကာ ေမာင္ေအာင္ေရႊႏွင့္ ဒါယကာမ မျမရီတို႔သည္ သပိတ္သစ္မ်ား ဆြမ္းမ်ား ကပ္လွဴရန္ ေရာက္ရွိလာၾကပါသည္။ ဦးဇင္းက ဆြမ္းမ်ား အလွဴခံျပီးေနာက္……

“ေမာင္ေအာင္ေရႊ မင္းအလွဴထဲ ေမာင္သန္းထြန္းရဲ့ ကေလးေတြ ပါရဲ့လား’

“မွန္ပါ…. မပါေသးပါဘူး၊ ထန္းဖိုေပၚမွ သဃၤန္း၀တ္ေပးမွာပါဘုရား’

“ေအးကြယ္ ေက်ာင္းဘုန္းၾကီးက လက္ခံမယ္၊ မင္းကလဲေခၚမယ္၊ ကေလးကလဲ ၀တ္ခ်င္တယ္ဆိုရင္ တို႔မ်ား သဃၤန္ေပးခ်င္လို႔ကြယ္’ ဟု အမိန႔္ရွိေတာ့ ေမာင္ေအာင္ေရႊနဲ႔ မျမရီတို႔သည္ ရွိခိုးဦးခ် ကန္ေတာ့ျပီး ေက်ာင္းၾကီးသို႔ ျပန္သြားၾကပါသည္။

သူတို႔ ျပန္သြားျပီး မၾကာခင္ပဲ ဦးဇင္းၾကီးေရာက္လာျပီး သဃၤန္ကိုခ်ီးျမင့္ပါသည္။ ေနာက္တစ္ေန႔ နံနက္တြင္ ေ၀မာနိက ျပိတၱာ ဇနီးေမာင္ႏွံ ေမာင္သန္းထြန္းတို႔သည္ သားကိုရင္ေလး ျမင္သြားၾကရတာႏွင့္ စိတ္ခ်သြားၾကရေပေရာမည္။

“သခၤါရျခံဳ၊ ေလာကျမံဳ၌ ခိုလွဳံ၀င္စံ၊ ပုထုဇဥ္ကို ေလာကဓံလြတ္ေၾကာင္း ဆုပန္ေတာင္း၍ လမ္းေၾကာင္း မဂၡင္ ရွစ္အင္ဓမၼ အ၀၀ကို ေန႔ညမကြာ ၾကိဳးစားရသည္ ေခမာေရာက္မွ ေအးမည္တည္း”(လယ္တီဆရာေတာ္ၾကီး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dkhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မုံရွာဘုတလင်နယ် ရွာမွန်ရွာသုဿန်ကျောင်းက ဦးဇင်းကြီးဦးဝိစာရနှင့် ဝေမာနိကပြိတ္တာစုံတွဲ

မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ရွာမွန်ရွာသုဿန် ဓူတင်ဆောင် ပုဂ္ခိုလ်ထူး အရိယာမထေရ်မြတ်ကြီး ဦးဇင်းကြီးသည် သုဿန်လူသေအလောင်းမြုတ်ရန် မြေပုံများနှင့် အုတ်ဂူတွေကြား နှစ်ပေါင်း ၄၀ ကြာအောင် ညဉ့်နက်အခါ တရား ရှုမှတ်တော်မူ၏။

သုဿန်ဇရပ်နှင့် တဲကျောင်းတွင် တစ်ပါးထဲ သီးတင်းသုံး၍ ခန္ဒာဝန်ချသွားသည်မှာ ၅ နှစ်ခန့် ရှိခဲ့ပါပြီ။ ထိုစဉ်က ညဉ်နက်အခါ တမလွန်လောကသား ဖုတ်၊ တစ္စေ၊ သူရဲပြိတ္တာများနှင့် တွေ့ဆုံရလျှင် မေတ္တာပို့၊ အမျှဝေဟောပြောချေချွတ် လုပ်ဆောင်တော်မူရ၏။

ဆရာတော်၏ ဝေယျာဝစ္စ ပါရမီ ဖြည့်ဆည်းနေသူ ဦးမင်းကြည်အား ဝေမာနိက ပြိတ္တာဇနီးမောင်နှံအကြောင်း အမိန့်ရှိခဲ့ရာ… ၁၃၅၆ ခုနှစ် ဝါဆိုလဆန်းပိုင်းတွင် ထန်းသမားတို့ ‘ထန်းမ’ ရာသီလှိုင်နေချိန်တွင် ထန်းသမား ကိုအောင်ရွှေနှင့် မမြရီတို့သည် သားရတနာ မောင်မွန်ဦး ရှင်ပြုအလှူပွဲပြုလုပ်၏။

လွန်ခဲ့သော ၅ နှစ်ခန့်က မမြရီ၏ ဦးလေးဖြစ်သူ ကိုသန်းထွန်းနှင့် ဇနီး မအေဆယ်တို့သည် ဖျားနာ၍ ရှေ့ဆင့်နောက်ဆင့် မကြာခင် နှစ်ဦးစလုံး အနိစ္စရောက်သွားကြပါသည်။ မိဘနှစ်ပါး ကွယ်လွန်သွားသောအခါ ကျောင်းနေအရွယ် ကလေးများနှင့် ကိုရင်ကလေး တစ်ပါးကျန်ရစ်၏။

ဒေါ်အေးဆယ်သည် ကိုအောင်ရွှေ၏ အမအရင်းဖြစ်၍ ကျန်ရစ်သူအားလုံးကို ကိုရွှေအောင်နဲ့ မမြရီတို့က စောင့်ရှောက် ကြွေးမွေးရ၏။ ကိုအောင်ရွှေနဲ့ မမြရီတို့ တူရတနာလေး တွေ့ရှိသော်လည်း မိမိတို့ရင်မှဖြစ်သော သားရတနာ မောင်မွန်ဦး တစ်ဦးတည်းသာ ရှင်ပြု၏။

အလှူမဏ္ဍပ်ဝင်သော ညအခါတွင် ဝေမာနိက ပြိတ္တာ ဖြစ်နေကြသော ကိုသန်းထွန်းနှင့် မအေးဆယ် ဇနီးမောင်နှံံ့သည် သူတို့၏ သားကလေးရှင်ပြု့ရာတွင် မပါဝင်၍ စိတ်မချမ်းသာဖြစ်ကာ သုဿန်ဦးဇင်းကြီး ဦးဝိဇာရထံ ဝင်ရောက်ရှိခိုးဦးချ လျှောက်တင်ရာ… ‘မင်းတို့က ဘယ်သူတွေလဲ’ ‘တပည့်တော်တို့ လူဘဝတုန်းက နာမည် မောင်သန်းထွန်းပါ ဘုရား၊ ဇနီးကတော့ မအေးဆယ်လို့ ခေါ်ပါတယ်ဘုရား’ ဟုလျှောက်ထားရာ…

“မင်းတို့ ၂ ယောက် တို့များထံ ဘာအကန့်ရှိလို့ လာတာလဲ’ ‘မှန်လှပါ… တပည့်တော်တို့၏ သားကလေး ရှင်မပြုရသေး၍ မောင်အောင်ရွှေ အလှူထဲ့ပါလိမ့်မည်ဟု ထင်ထားသော်လည်း ယခုမပါလို့ တပည့်တော်တို့၏ လျှောက်ထားရတာပါ ဘုရား။’

“အေးကွယ်… မနက်ဖန် မောင်အောင်ရွှေ အလှူထဲကို တို့များမေးမြန်းပြီး ထည့်ပေးမည်။ မင်းတို့ ၂ ယောက် စိတ်ချမ်းသာအောင် နေကြ’ဟု အမိန့်ရှိလိုက်မှ ဝေမာနိကဇနီးမောင်နှံသည် ရှိခိုးဦးချ၍ ပြန်သွားကြသည်ဟု အမိန့်ရှိတော်မူပါသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဦးမင်းကြည် သုဿန်တဲကျောင်းသို့ ရောက်ရှိရာ ဦးဇင်းကြီးက မေးမြန်းရာတွင်…. ‘ဟဲ့… မောင်းမင်းကြည်…. မောင်အောင်ရွှေ အလှူမှာ မောင်သန်းထွန်း ကလေးတွေ ရှင်လောင်းပါရဲ့လား..

“မှန်ပါ… မပါ,ပါဘူးဘုရား’ ‘အေးကွယ်…. လူ့ဘဝက ဇနီးမောင်နှံ ဖြစ်ရင်လဲ ဝေမာနိကဘဝမှာလဲ ဖြစ်နိုင်တယ်။ စွဲလမ်းမှု ဥပါဒါန်တရားများလဲ ကြောက်စရာကောင်းတယ်ကွယ်။

တို့များကျောင်းကို ညက မောင်သန်းထွန်းတို့ ဇနီးမောင်နှံ သူတို့သား ရှင်ပြုရာ မပါလို့ မျက်နှာငယ်လေးတွေနဲ့ လာရောက် ကြတယ်ကွယ်။ ကျောင်းထိုင်ဘုန်းကြီးကိုလဲမေး၊ မောင်အောင်ရွှေကိုလဲ မေးပြီး တို့များ သင်္ဃန်းဝတ်ပေးချင်တယ်။ မောင်အောင်ရွှေ ကျောင်းကိုမလာရင် တို့များထံ ခေါ်ပေးစမ်းပါကွယ်’ ဟုအမိန့်ရှိနေခိုက် အလှူဒါယကာ မောင်အောင်ရွှေနှင့် ဒါယကာမ မမြရီတို့သည် သပိတ်သစ်များ ဆွမ်းများ ကပ်လှူရန် ရောက်ရှိလာကြပါသည်။ ဦးဇင်းက ဆွမ်းများ အလှူခံပြီးနောက်……

“မောင်အောင်ရွှေ မင်းအလှူထဲ မောင်သန်းထွန်းရဲ့ ကလေးတွေ ပါရဲ့လား’

“မှန်ပါ…. မပါသေးပါဘူး၊ ထန်းဖိုပေါ်မှ သင်္ဃန်းဝတ်ပေးမှာပါဘုရား’

“အေးကွယ် ကျောင်းဘုန်းကြီးက လက်ခံမယ်၊ မင်းကလဲခေါ်မယ်၊ ကလေးကလဲ ဝတ်ချင်တယ်ဆိုရင် တို့များ သင်္ဃန်ပေးချင်လို့ကွယ်’ ဟု အမိန့်ရှိတော့ မောင်အောင်ရွှေနဲ့ မမြရီတို့သည် ရှိခိုးဦးချ ကန်တော့ပြီး ကျောင်းကြီးသို့ ပြန်သွားကြပါသည်။

သူတို့ ပြန်သွားပြီး မကြာခင်ပဲ ဦးဇင်းကြီးရောက်လာပြီး သင်္ဃန်ကိုချီးမြင့်ပါသည်။ နောက်တစ်နေ့ နံနက်တွင် ဝေမာနိက ပြိတ္တာ ဇနီးမောင်နှံ မောင်သန်းထွန်းတို့သည် သားကိုရင်လေး မြင်သွားကြရတာနှင့် စိတ်ချသွားကြရပေရောမည်။

“သင်္ခါရခြုံ၊ လောကမြုံ၌ ခိုလှုံဝင်စံ၊ ပုထုဇဉ်ကို လောကဓံလွတ်ကြောင်း ဆုပန်တောင်း၍ လမ်းကြောင်း မဂ္ခင် ရှစ်အင်ဓမ္မ အ၀၀ကို နေ့ညမကွာ ကြိုးစားရသည် ခေမာရောက်မှ အေးမည်တည်း”(လယ်တီဆရာတော်ကြီး)

ဖိုးသူတော် (www.phothutaw.com)
Credit:dkhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top