ကခ်င္ျပည္နယ္ ဖားကန္႔ ရွိ ေက်ာက္စိမ္းတူးေဖာ္ ေရး ကုမၸဏီလုပ္ကြက္အတြင္း သံုးဧကခန္႔က်ယ္ေသာ ႏြံကန္ပြင့္က် မႈ ျဖစ္ပြားျခင္းေၾကာင့္ ရႊံ႕ႏြံမ်ား ႏွင့္အတူ ေမ်ာပါေပ်ာက္ဆံုးေန ေသာ ကုမၸဏီဝန္ထမ္း ၅၀ ေက်ာ္ ကို ကယ္ဆယ္ေရးအဖြဲ႕က ပိုက္ စိပ္တိုက္ရွာေဖြေနသည္။

ဖားကန္႔ၿမိဳ႕နယ္ ဗလခေက်း ရြာရွိ KNDPC ႏွင့္ နဂါးကိုးေကာင္ကုမၸဏီတုိ႔ လုပ္ကိုင္ေနေသာ ေက်ာက္မ်က္လုပ္ကြက္အတြင္းရွိ ႏြံကန္သည္ ဧၿပီ ၂၂ ရက္ ည ၁၁ နာရီ ၄၅ မိနစ္ခန္႔က ပြင့္ထြက္ခဲ့ ျခင္းျဖစ္သည္။

ႏြံကန္ပြင့္ထြက္သည့္ဘက္ တြင္ လုပ္ငန္းဝင္ေနသည့္ ယႏၲ ရားမ်ားကို အရွိန္ျဖင့္ ဆင္းလာ ေသာ ရႊံ႕ႏြံမ်ားက တိုက္စားသြား ရာ ယႏၲရားေမာင္းသူမ်ား နစ္ျမဳပ္ေပ်ာက္ဆံုးေနေၾကာင္း ဖားကန္႔ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွဴး ဦးေျပ ၿငိမ္းက ေျပာသည္။

‘‘စုစုေပါင္း ၅၄ ေယာက္ ေပ်ာက္တယ္လုိ႔ သိရတယ္။ ရွာ ေဖြေရးေတြ လုပ္ေနတယ္’’ဟု ဧၿပီ ၂၃ ရက္ ေန႔လယ္ ၂ နာရီခန္႔ အေျခအေနကို ဦးေျပၿငိမ္းက ေျပာသည္။

ေပ်ာက္ဆံုးေနသူမ်ားသည္ကုမၸဏီပိုင္ ဘက္ဟိုးႏွင့္ ေျမသယ္ ယာဥ္ေမာင္းအပါအဝင္ ကုမၸဏီ ဝန္ထမ္းမ်ားျဖစ္ၿပီး ယႏၲရားအစီး ေရ ၃၀ ထက္မနည္း ႏြံကန္ အတြင္း နစ္ျမဳပ္ေနသည္ဟု ရွာ ေဖြကယ္ဆယ္ေရးအဖြဲ႕က ေျပာ သည္။

ဧၿပီ ၂၃ ရက္ နံနက္တြင္႐ုပ္အေလာင္းႏွစ္ေလာင္းႏွင့္ အသက္ ရွင္က်န္ရစ္သူသံုးဦး ရွာေဖြေတြ႕ရွိၿပီး ဖားကန္႔ေဆး႐ံုသို႔ ပို႔ေဆာင္ထားသည္။

‘‘ေပ်ာက္ေနသူေတြကို အ သက္ရွင္လ်က္ေတြ႕ဖို႔ေတာ့ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ခ်က္နည္း တယ္’’ဟု ဦးေျပၿငိမ္းက ဆုိသည္။

ႏြံကန္ၿပိဳက်မႈကို ႀကိဳတင္ ကာကြယ္မႈမလုပ္ႏုိင္ခဲ့ဘဲ အေျခ အေနဆိုး ႀကံဳေတြ႕ခဲ့ရေသာ ကုမၸဏီ ဝန္ထမ္းမ်ားအတြက္ ထိုက္သင့္ေသာ ေလ်ာ္ေၾကးေပး ရန္ လုိအပ္သည္ဟု ေဒသခံမ်ား က ေတာင္းဆုိသည္။ သက္ဆုိင္သည့္ ကုမၸဏီမ်ားအေနျဖင့္ ယင္းျဖစ္ရပ္ကို ေက်နပ္ေလာက္ေအာင္ ေျဖရွင္းေပးမည္မွာ ေသခ်ာသည္ ဟု ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးက သံုးသပ္သည္။

‘‘ဒီႏြံကန္က အႏၲရာယ္ရွိေန ၿပီဆိုတာကို အထက္အဖြဲ႕အစည္း အဆင့္ဆင့္ကို ရပ္ကြက္ကတစ္ ဆင့္ ၿမိဳ႕နယ္ကို အေၾကာင္းၾကား ၿပီးၿပီ။ ဒါေပမဲ့ ေပါ့ေပါ့ေလးပဲ ေန ေနၾကတယ္’’ဟု ႏြံကန္ပြင့္မက်မီ အေျခအေနကို သတိေပးခဲ့ေသာ ဗလခေက်းရြာေဒသခံတစ္ဦးက ေျပာသည္။

ေက်ာက္စိမ္းထြက္ရွိရာ ဖား ကန္႔ေဒသတြင္ လူရာခ်ီေသဆံုးမႈ မ်ား ျဖစ္ေစသည့္ ဆုိးရြားေသာ ေျမၿပိဳမႈမ်ား၊ ေတာင္ကမ္းပါးယံ ၿပိဳက်မႈမ်ား၊ ႏြံကန္ပြင့္ထြက္မႈမ်ား ႏွစ္စဥ္ျဖစ္ပြားေနသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
#Unicode Version#
ကချင်ပြည်နယ် ဖားကန့် ရှိ ကျောက်စိမ်းတူးဖော် ရေး ကုမ္ပဏီလုပ်ကွက်အတွင်း သုံးဧကခန့်ကျယ်သော နွံကန်ပွင့်ကျ မှု ဖြစ်ပွားခြင်းကြောင့် ရွှံ့နွံများ နှင့်အတူ မျောပါပျောက်ဆုံးနေ သော ကုမ္ပဏီဝန်ထမ်း ၅၀ ကျော် ကို ကယ်ဆယ်ရေးအဖွဲ့က ပိုက် စိပ်တိုက်ရှာဖွေနေသည်။

ဖားကန့်မြို့နယ် ဗလခကျေး ရွာရှိ KNDPC နှင့် နဂါးကိုးကောင်ကုမ္ပဏီတို့ လုပ်ကိုင်နေသော ကျောက်မျက်လုပ်ကွက်အတွင်းရှိ နွံကန်သည် ဧပြီ ၂၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ပွင့်ထွက်ခဲ့ ခြင်းဖြစ်သည်။

နွံကန်ပွင့်ထွက်သည့်ဘက် တွင် လုပ်ငန်းဝင်နေသည့် ယန္တ ရားများကို အရှိန်ဖြင့် ဆင်းလာ သော ရွှံ့နွံများက တိုက်စားသွား ရာ ယန္တရားမောင်းသူများ နစ်မြုပ်ပျောက်ဆုံးနေကြောင်း ဖားကန့် မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးပြေ ငြိမ်းက ပြောသည်။

‘‘စုစုပေါင်း ၅၄ ယောက် ပျောက်တယ်လို့ သိရတယ်။ ရှာ ဖွေရေးတွေ လုပ်နေတယ်’’ဟု ဧပြီ ၂၃ ရက် နေ့လယ် ၂ နာရီခန့် အခြေအနေကို ဦးပြေငြိမ်းက ပြောသည်။

ပျောက်ဆုံးနေသူများသည်ကုမ္ပဏီပိုင် ဘက်ဟိုးနှင့် မြေသယ် ယာဉ်မောင်းအပါအဝင် ကုမ္ပဏီ ဝန်ထမ်းများဖြစ်ပြီး ယန္တရားအစီး ရေ ၃၀ ထက်မနည်း နွံကန် အတွင်း နစ်မြုပ်နေသည်ဟု ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့က ပြော သည်။

ဧပြီ ၂၃ ရက် နံနက်တွင်ရုပ်အလောင်းနှစ်လောင်းနှင့် အသက် ရှင်ကျန်ရစ်သူသုံးဦး ရှာဖွေတွေ့ရှိပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားသည်။

‘‘ပျောက်နေသူတွေကို အ သက်ရှင်လျက်တွေ့ဖို့တော့ တော်တော်လေး မျှော်လင့်ချက်နည်း တယ်’’ဟု ဦးပြေငြိမ်းက ဆိုသည်။

နွံကန်ပြိုကျမှုကို ကြိုတင် ကာကွယ်မှုမလုပ်နိုင်ခဲ့ဘဲ အခြေ အနေဆိုး ကြုံတွေ့ခဲ့ရသော ကုမ္ပဏီ ဝန်ထမ်းများအတွက် ထိုက်သင့်သော လျော်ကြေးပေး ရန် လိုအပ်သည်ဟု ဒေသခံများ က တောင်းဆိုသည်။ သက်ဆိုင်သည့် ကုမ္ပဏီများအနေဖြင့် ယင်းဖြစ်ရပ်ကို ကျေနပ်လောက်အောင် ဖြေရှင်းပေးမည်မှာ သေချာသည် ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်စိုးက သုံးသပ်သည်။

‘‘ဒီနွံကန်က အန္တရာယ်ရှိနေ ပြီဆိုတာကို အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို ရပ်ကွက်ကတစ် ဆင့် မြို့နယ်ကို အကြောင်းကြား ပြီးပြီ။ ဒါပေမဲ့ ပေါ့ပေါ့လေးပဲ နေ နေကြတယ်’’ဟု နွံကန်ပွင့်မကျမီ အခြေအနေကို သတိပေးခဲ့သော ဗလခကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသတွင် လူရာချီသေဆုံးမှု များ ဖြစ်စေသည့် ဆိုးရွားသော မြေပြိုမှုများ၊ တောင်ကမ်းပါးယံ ပြိုကျမှုများ၊ နွံကန်ပွင့်ထွက်မှုများ နှစ်စဉ်ဖြစ်ပွားနေသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top