မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၁)ရပ္ကြက္၊ ၆၆×၆၇ လမ္းၾကား၊ ငုေရႊဝါလမ္းႏွင့္ စိန္ျခယ္လမ္းၾကား၊ ေအးသုခလမ္းသြယ္ရွိ “ၾကယ္စင္ INN” တည္းခိုခန္း၊ အခန္း အမွတ္- C 001 တြင္ မတ္လ ၂ ရက္ေန႔ ည ၁၁ နာရီအခ်ိန္က အသက္(၃၀)ခန႔္ရွိ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔အတူလာေရာက္တည္းခိုခဲ့ၿပီး အမည္မသိအမ်ိဳးသားမွာ ျပန္လည္ထြက္ခြာသြားေၾကာင္း၊ မတ္လ ၃ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၄၅ မိနစ္အခ်ိန္ Check Out လုပ္ရန္ ဆင္းမလာသျဖင့္ တည္းခိုခန္း မန္ေနဂ်ာက အခန္းတြင္းဝင္ေရာက္ၾကည့္ရႈစဥ္ အမ်ိဳးသမီးမွာ ေသဆုံးေနေၾကာင္း အေၾကာင္းၾကား ခ်က္အရ အမွတ္(၃)မႈခင္းရဲတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ၿပီး အမွတ္(၁၁)နယ္ေၿမ ရဲစခန္း(ပ)၂၁၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စုံစမ္းခဲ့သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားက ေသဆုံးသူမွာ မည္သူမည္ဝါျဖစ္ေၾကာင္း သိရွိနိုင္ရန္ လိုက္လံစုံစမ္း အတည္ျပဳခဲ့ရာ မေဝႏွင္းျဖဴ(၃၃)ႏွစ္ေၾကာင္းသိရွိရၿပီး ဆက္လက္စုံစမ္းခ်က္မ်ားအရ ေသဆုံးသူသည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္ရပ္ကြက္ေန တ႐ုတ္ႀကီး(ခ)ထြန္းလင္းေအာင္(၃၃)ႏွစ္ႏွင့္ ဆက္သြယ္ သြားလာမႈမ်ားရွိေၾကာင္း သိရွိရသည္။

ဆက္လက္စုံစမ္းေဆာင္ရြက္ခဲ့ရာ တ႐ုတ္ႀကီး(ခ)ထြန္းလင္းေအာင္၏ မွတ္တမ္းဓာတ္ပုံအား ရရွိခဲ့ၿပီး သြားေရာက္ဖမ္းဆီးစဥ္ တိမ္းေရွာင္ေနကာ ေက်ာက္ဆည္ၿမိဳ႕ရွိ အစ္မျဖစ္သူ ေနအိမ္တြင္ ေရာက္ရွိေနေၾကာင္းသတင္းအရ ရဲတပ္ဖြဲ႕ဝင္မ်ားက ေက်ာက္ဆည္မွ မႏၲေလးသို႔ျပန္လာရာ လမ္းေၾကာင္း တစ္ေလၽွာက္ ခ်ိတ္ဆက္ဖမ္းဆီးခဲ့ရာ အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္တိုးဂိတ္အလြန္၊ စြယ္ေတာ္ဘုရား အေနာက္ဘက္မုခ္အနီးတြင္ တ႐ုတ္ႀကီး(ခ)ထြန္းလင္းေအာင္အား ဖမ္းဆီးရမိခဲ့ၿပီး အခင္းျဖစ္စဥ္က ဝတ္ဆင္ခဲ့သည့္ အဝတ္အစားမ်ား၊ အသုံးျပဳစီးနင္းသည့္ ဆိုင္ကယ္တို႔အား သိမ္းဆည္း ရမိခဲ့သည္။

စစ္ေဆးခ်က္အရ တ႐ုတ္ႀကီး(ခ)ထြန္းလင္းေအာင္ ႏွင့္ မေဝႏွင္းျဖဴတို႔သည္ “ၾကယ္စင္ INN” တည္းခိုခန္း၌ တည္းခိုေနစဥ္ မတ္လ ၃ ရက္ေန႔ နံနက္ ၅ နာရီအခ်ိန္ စကားမ်ားရန္ျဖစ္ရာမွ တ႐ုတ္ႀကီး (ခ)ထြန္းလင္းေအာင္က မေဝႏွင္းျဖဴ၏ လည္ပင္းအား ယာဘက္လက္ဖ်ံျဖင့္ ဖိထားစဥ္ ေသဆုံးသြား ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္ရြက္လ်က္ရွိ ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရဲဇာနည္
#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၆×၆၇ လမ်းကြား၊ ငုရွှေဝါလမ်းနှင့် စိန်ခြယ်လမ်းကြား၊ အေးသုခလမ်းသွယ်ရှိ “ကြယ်စင် INN” တည်းခိုခန်း၊ အခန်း အမှတ်- C 001 တွင် မတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က အသက်(၃၀)ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အတူလာရောက်တည်းခိုခဲ့ပြီး အမည်မသိအမျိုးသားမှာ ပြန်လည်ထွက်ခွာသွားကြောင်း၊ မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် Check Out လုပ်ရန် ဆင်းမလာသဖြင့် တည်းခိုခန်း မန်နေဂျာက အခန်းတွင်းဝင်ရောက်ကြည့်ရှုစဉ် အမျိုးသမီးမှာ သေဆုံးနေကြောင်း အကြောင်းကြား ချက်အရ အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အမှတ်(၁၁)နယ်မြေ ရဲစခန်း(ပ)၂၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် လိုက်လံစုံစမ်း အတည်ပြုခဲ့ရာ မဝေနှင်းဖြူ(၃၃)နှစ်ကြောင်းသိရှိရပြီး ဆက်လက်စုံစမ်းချက်များအရ သေဆုံးသူသည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ တရုတ်ကြီး(ခ)ထွန်းလင်းအောင်(၃၃)နှစ်နှင့် ဆက်သွယ် သွားလာမှုများရှိကြောင်း သိရှိရသည်။

ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ တရုတ်ကြီး(ခ)ထွန်းလင်းအောင်၏ မှတ်တမ်းဓာတ်ပုံအား ရရှိခဲ့ပြီး သွားရောက်ဖမ်းဆီးစဉ် တိမ်းရှောင်နေကာ ကျောက်ဆည်မြို့ရှိ အစ်မဖြစ်သူ နေအိမ်တွင် ရောက်ရှိနေကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များက ကျောက်ဆည်မှ မန္တလေးသို့ပြန်လာရာ လမ်းကြောင်း တစ်လျှောက် ချိတ်ဆက်ဖမ်းဆီးခဲ့ရာ အမရပူရမြို့နယ်၊ မြစ်ငယ်တိုးဂိတ်အလွန်၊ စွယ်တော်ဘုရား အနောက်ဘက်မုခ်အနီးတွင် တရုတ်ကြီး(ခ)ထွန်းလင်းအောင်အား ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၊ အသုံးပြုစီးနင်းသည့် ဆိုင်ကယ်တို့အား သိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးချက်အရ တရုတ်ကြီး(ခ)ထွန်းလင်းအောင် နှင့် မဝေနှင်းဖြူတို့သည် “ကြယ်စင် INN” တည်းခိုခန်း၌ တည်းခိုနေစဉ် မတ်လ ၃ ရက်နေ့ နံနက် ၅ နာရီအချိန် စကားများရန်ဖြစ်ရာမှ တရုတ်ကြီး (ခ)ထွန်းလင်းအောင်က မဝေနှင်းဖြူ၏ လည်ပင်းအား ယာဘက်လက်ဖျံဖြင့် ဖိထားစဉ် သေဆုံးသွား ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top