


Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #


မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၅၄/၆-၇)ကြားမှာ ဧပြီလ ၁၈ ရက်ညပိုင်းက ခရီးသည်တင်ယာဉ်တစီး အိုင်ဇောက်တံတားကို ဝင်တိုက်မိပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ပုသိမ်မြို့ကနေ ရန်ကုန်မြို့ကို ဘုန်းကျော်ထွန်း မောင်းနှင်လာတဲ့ လူ ၅၅ ဦးပါ ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အိုင်ဇောက်တံကို ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည် ၅၆ ဦးအနက် ၂၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ ပန်းတနော် ပြည်သူ့ဆေးရုံနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပန်းတနော် မြို့မရဲစခန်းက ယာဉ်မောင်း ဘုန်းကျော်ထွန်းကို ယာဉ်ပေါ့လျော့မှုကြောင့် ပြင်းထန်၊ သာမန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top