20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ေ႐ြးေကာက္ပြဲရလဒ္ထုတ္ျပန္တဲ့ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာ ဧၿပီလ ၁ ရက္ေန႔ ေန႔လယ္ပိုင္းက က်င္းပခဲ့ၿပီး မဲဆႏၵနယ္ အမွတ္ ၃ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကတဲ့ လူငယ္ကိုယ္စားလွယ္ မထက္ထက္ထြန္းနဲ႔ ကိုေအာင္ခန႔္တို႔ဟာ ၿပိဳင္ဘက္ဦးစိုးလြင္ ရႈံးနိမ့္သြားခဲ့ပါတယ္။

အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ မဲဆႏၵနယ္ အမွတ္ ၃ မွာ NLD ကိုယ္စားလွယ္ ဦးစိုးလြင္ ခိုင္လုံမဲ ၂ ေသာင္း ၈ ေထာင္ေက်ာ္နဲ႔ အႏိုင္ရရွိသြားပါတယ္။

တစ္သီးပုဂၢလကိုယ္စားလွယ္ ကိုေအာင္ခန႔္က မဲအေရအတြက္ ၂ ေသာင္းေက်ာ္နဲ႔ ဒုတိယေနရာ ရခဲ့တာပါ။ မထက္ထက္ထြန္းကေတာ့ မဲအေရအတြက္ ခုႏွစ္ေထာင္ေက်ာ္ပဲ ရခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္အျဖစ္ မဲဆႏၵနယ္ ၃ ကေန ဝင္ၿပိဳင္ခဲ့ၿပီး ရႈံးနိမ့္ခဲ့တဲ့ မထက္ထက္ထြန္းက”စည္ပင္ေ႐ြးေကာက္ပြဲက လူငယ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးလိုက္တယ္” လို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ၁၅၉ ဦး၊ NLD ပါတီက ၉၀ ဦး၊ ျပည္ခိုင္ၿဖိဳးပါတီက ၂၃ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ။

စည္ပင္ေ႐ြးေကာက္ပြဲမွာ NLD ပါတီက ကိုယ္စားလွယ္ေလာင္း ၈၉ ဦး အႏိုင္ရခဲ့ၿပီး တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ၁၆ ဦး အႏိုင္ရခဲ့ပါတယ္။

ၿမိဳ႕ေတာ္ေကာ္မတီဝင္ ေျခာက္ဦးေနရာကိုေတာ့ NLD ပါတီကပဲ အႏိုင္ရခဲ့ၿပီး ၿမိဳ႕နယ္အဆင့္မွာေတာ့ NLD က ၈၃ ဦးနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္ ၁၆ ဦးက အႏိုင္ရရွိခဲ့တာပါအႏိုင္ရရွိခဲ့တဲ့ ၿမိဳ႕ေတာ္ေကာ္မတီဝင္ေျခာက္ဦးထဲကေန တစ္ဦးကို လွ်ိဳ႕ဝွက္ဆႏၵမဲေပးၿပီး ဒုတိယၿမိဳ႕ေတာ္ဝန္ ခန႔္အပ္မွာျဖစ္တယ္လို႔ ေကာ္မရွင္ဥကၠဌ ဦးေအာင္ခိုင္က ေျပာပါတယ္။ NLD ပါတီက ဆိပ္ကမ္းၿမိဳ႕နယ္ဥကၠဌ တစ္ေနရာမွာသာ ရႈံးနိမ့္ခဲ့ၿပီး က်န္တဲ့ေနရာအားလုံးမွာ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

စမ္းေခ်ာင္း၊ ၾကည့္ျမင့္တိုင္၊ ပန္းဘဲတန္း၊ တာေမြ၊ လသာ၊ လမ္းမေတာ္၊ ကမာ႐ြတ္၊ ဆိပ္ကမ္း၊ ဒဂုံ၊ အလုံ၊ ဗဟန္း၊ ရန္ကင္းၿမိဳ႕နယ္ေတြ ကိုယ္စားျပဳတဲ့ မဲဆႏၵနယ္ အမွတ္ ၃ မွာ ေတာ့ တစ္သီးပုဂၢလကိုယ္စားလွယ္ ကိုေအာင္ခန႔္နဲ႔ မထက္ထက္ထြန္းတို႔ ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးစလုံးဟာ ေကာ္မတီဝင္အျဖစ္ ေ႐ြးခ်ယ္ခံရျခင္းမရွိခဲ့ပါဘူး။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္အျဖစ္ ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္သူ လူငယ္ ကိုယ္စားလွယ္ ၂ ဦးစလုံးကေတာ့ ရလဒ္ကို လက္ခံေပမယ့္ တျခားကိုယ္စားလွယ္ေလာင္းေတြက ပါတီကိုယ္စားျပဳမဲဆြယ္တာ၊ ယွဥ္ၿပိဳင္ၾကတာကိုေတာ့ ေထာက္ျပ ေျပာဆိုၾကပါတယ္။

အခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ေ႐ြးေကာက္ပြဲဟာ လူငယ္ ပညာတက္ေတြ၊ အမ်ိဳးသမီးေတြ ဝင္ၿပိဳင္ၾကလို႔ လူအမ်ားက စိတ္ဝင္စားၾကပါတယ္။

လူေတြက အားေပးၾကတယ္ဆိုေပမဲ့ စိတ္ထဲကပဲအားေပးၾကတယ္၊ ေဖ့စ္ဘုတ္ကပဲ အားေပးၾကတယ္၊ ဒါေပမယ့္ တကယ္မဲထြက္ေပးဖို႔ အားနည္းၾကတယ္လို႔ မထက္ထက္ထြန္းက ေျပာပါတယ္။

ဒီလို လူငယ္ကိုယ္စားလွယ္ေလာင္းေတြ အေပၚ ျပည္သူေတြက လက္မခံၾကေသးတာေၾကာင့္ ႏိုင္ငံေရးအေပၚ လူငယ္ေတြရဲ႕ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားေစႏိုင္တယ္လို႔လည္း သူကေျပာပါတယ္။

ဒုတိယအႀကိမ္ျဖစ္ ျပဳလုပ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မီတီဝင္ ေ႐ြးေကာက္ပြဲမွာ မဲလာေရာက္ေပးသူ အေရအတြက္ဟာ အလြန္နည္းပါးခဲ့ၿပီး ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕ေတြရဲ႕ ကနဦး ထုတ္ျပန္ခ်က္အရ မဲလာေရာက္ေပးသူ ဦးေရဟာ မဲေပးခြင့္ရွိသူရဲ႕ ၁၀ ရာခိုင္ႏႈန္းေက်ာ္သာ ရွိတယ္လို႔လည္း သိရပါတယ္။

ရန္ကုန္ စည္ပင္သာယာနယ္နိမိတ္ ၃၃ ၿမိဳနယ္အတြင္း က်င္းပခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ အာဏာရ ပါတီ အမွတ္တံဆိပ္ သုံးၿပီး မဲဆြယ္တာကေတာ့ ေ႐ြးေကာတ္ပြဲ ဥပေဒအတိုင္း ျဖစ္ေပမဲ့ ေဝဖန္ေျပာဆိုစရာ ျဖစ္ခဲ့ပါတယ္။ ဒါအျပင္ တိုင္းေဒသႀကီးအစိုးရ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ တရားဝင္တက္လာတဲ့ ‘NLD ပါတီ ကိုမဲေပးၾကပါ’ဆိုတဲ့ လုပ္ေဆာင္ခ်က္ေတြကလည္း ေဝဖန္စရာ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ဝင္ တစ္ဦးကေတာ့ ေနာက္ပိုင္း ျပန္ၿပီးေတာင္းပန္ခဲ့ပါတယ္။

ပါတီ အမွတ္တံဆိပ္ သုံးၿပီး ယွဥ္ၿပိဳင္တာက တရားမွ်တမႈမရွိသလို ျဖစ္သြားတာေပါ့လို႔ မထက္ထက္ထြန္းက ေျပာပါတယ္။ ဒါ့အျပင္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ဟာ USDP က ျဖစ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြေၾကာင့္ အထင္ျမင္လြဲမႈ ျဖစ္ေစတယ္လို႔လည္း သူက ေျပာပါတယ္။

“မဲလာေပးၾကတဲ့ အမ်ားျပည္သူက တာဝန္ေက်ခ်င္တဲ့စိတ္နဲ႔ လာၿပီး မဲေပးၾကတာ မ်ားပါတယ္။ ကိုယ္စားလွယ္ရဲ႕ အခ်က္အလက္ေတြကို အေသးစိတ္ သိတဲ့သူေတြေတာ့ မဟုတ္ပါဘူး။ ကိုယ္စားလွယ္ေလာင္းေတြကို အေသအခ်ာ မသိတဲ့အတြက္ သိၿပီးသား၊ ယုံၿပီးသားကိုပဲ မဲေပးလိုက္လို႔ ပါသြားတာလို႔ ထင္ပါတယ္” လို႔ မဲရလဒ္အေပၚ ကိုေအာင္ခန႔္က သုံးသပ္ေျပာဆိုပါတယ္။

လက္ရွိ အာဏာရ ပါတီ အမွတ္တံဆိပ္ သုံးၿပီး မဲဆြယ္တာကေတာ့ ေ႐ြးေကာတ္ပြဲ ဥပေဒအတိုင္း ျဖစ္ေပမဲ့ ေဝဖန္ေျပာဆိုစရာ ျဖစ္ခဲ့ပါတယ္။

ဒါအျပင္ တိုင္းေဒသႀကီးအစိုးရ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ တရားဝင္တက္လာတဲ့ ‘NLD ပါတီ ကိုမဲေပးၾကပါ’ဆိုတဲ့ လုပ္ေဆာင္ခ်က္ေတြကလည္း ေဝဖန္စရာ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ဝင္ တစ္ဦးကေတာ့ ေနာက္ပိုင္း ျပန္ၿပီးေတာင္းပန္ခဲ့ပါတယ္။

ပါတီ အမွတ္တံဆိပ္ သုံးၿပီး ယွဥ္ၿပိဳင္တာက တရားမွ်တမႈမရွိသလို ျဖစ္သြားတာေပါ့လို႔ မထက္ထက္ထြန္းက ေျပာပါတယ္။ ဒါ့အျပင္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ဟာ USDP က ျဖစ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြေၾကာင့္ အထင္ျမင္လြဲမႈ ျဖစ္ေစတယ္လို႔လည္း သူက ေျပာပါတယ္။

အခ်က္အလက္ေတြကို အေသးစိတ္ သိတဲ့သူေတြေတာ့ မဟုတ္ပါဘူး။ ကိုယ္စားလွယ္ေလာင္းေတြကို အေသအခ်ာ မသိတဲ့အတြက္ သိၿပီးသား၊ ယုံၿပီးသားကိုပဲ မဲေပးလိုက္လို႔ ပါသြားတာလို႔ ထင္ပါတယ္” လို႔ မဲရလဒ္အေပၚ ကိုေအာင္ခန႔္က သုံးသပ္ေျပာဆိုပါတယ္။

လူငယ္ကိုယ္စားလွယ္ေလာင္း မထက္ထက္ထြန္းကေတာ့ အခု ရလဒ္ေတြအရ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မီတီဝင္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ဆိုရင္ ပါတီေနာက္ခံ လိုအပ္တယ္လို႔ ေျပာပါတယ္။

ဥပေဒသစ္အရ မဲဆြယ္စည္း႐ုံးေရး ကာလမွာလည္း ကိုယ္စားလွယ္ေလာင္းေတြဟာ ႏိုင္ငံေရး ပါတီေတြရဲ႕ အလံနဲ႔ ကိုယ္စားျပဳ အမွတ္တံဆိပ္ကို သုံးစြဲၿပီး မဲဆြယ္ခြင့္ျပဳထားတဲ့ ေ႐ြးေကာက္ပြဲလည္း ျဖစ္ပါတယ္။

ဒီေ႐ြးေကာက္ပြဲမွာ ဝင္အေ႐ြးခံၾကသူေတြကို ၾကည့္ရင္ ပါတီကိုယ္စားျပဳ ႏိုင္ငံေရးသမားေတြသာမက စည္ပင္သာယာေရး လုပ္ငန္းနဲ႔ ဆက္စပ္ေနတဲ့ ေဆာက္လုပ္ေရး၊ ကုန္ထုတ္လုပ္ငန္း လုပ္ကိုင္သူေတြပါ ပါဝင္ယွဥ္ၿပိဳင္ ၾကတယ္လို႔ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္သူေတြက ေျပာပါတယ္။

“ပါတီကို မဲေပးတာဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳက္လို႔ ျဖစ္ႏိုင္တယ္။ ေနာက္တစ္ခ်က္က ေ႐ြးခ်ယ္စရာ ကိုယ္စားလွယ္ သိပ္မရွိလို႔ လူေတြက မဲေပးဖို႔ စိတ္ဝင္စားမႈ နည္းလို႔ပါ။ လူငယ္ေတြ ရႈံးရတာက မဲေပးတဲ့သူေတြက လူႀကီးေတြ ျဖစ္လို႔ပါ။ အဲ့ေတာ့ သူတို႔က လူငယ္ေတြအေၾကာင္း မသိဘူး။ ပါတီကိုပဲ မဲျခစ္သြားတယ္။ ေနာက္ၿပီး လူငယ္ေတြက လူေတြကို စည္း႐ုံးေရးေကာင္းေကာင္း မဆင္းႏိုင္ဘူးလို႔ ထင္ပါတယ္။ လူငယ္ေတြပညာတတ္႐ုံမကပဲ ေအာက္ေျခလူေတြနဲ႔ ထိေတြမႈမ်ားရမယ္။ မီဒီယာကေန ေျဖၿပီး ေျပာေန႐ုံနဲ႔မ ရပါဘူး” လို႔ ရန္ကုန္စည္ပင္ေ႐ြးေကာက္ပြဲကို ေစာင္ၾကည့္ေလ့လာသူ အရပ္ဖက္အဖြဲ႕အစည္းက ေ႐ြးေကာက္ပြဲေလ့လာသူတစ္ဦးက ေျပာပါတယ္။

“ပါတီကိုမဲေပးတာဟာ ေဒၚေအာင္ဆနိးစုၾကည္ ႀကိဳက္လို႔ျဖစ္ႏိုင္တယ္”

ဒီလို ေထာက္ျပမႈေတြ ရွိေပမယ့္ လူငယ္ေတြရဲ႕ စြမ္းေဆာင္ႏိုင္မႈအေပၚ အခြင့္အလမ္းေပးဖို႔ လိုအပ္တယ္လို႔ လူငယ္ကိုယ္စားလွယ္ေလာင္းေတြက ယူဆၾကပါတယ္။

“အေကာင္းဆုံးႀကိဳးစားၿပီး လူငယ္ေတြဘက္က သူတို႔တတ္တဲ့ပညာနဲ႔ အေကာင္းဆုံး ပံ့ပိုးဖို႔ ေမွ်ာ္လင့္ၿပီး ၿပိဳင္ၾကတာပါ။ ေနာက္ဆုံးထြက္လာတဲ့ ရလဒ္က ထက္တို႔ၿပိဳင္တဲ့ လူငယ္ ၂ ေယာက္တင္ မဟုတ္ပါဘူး။ လူငယ္ေတြအားလုံးအတြက္ပါ ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံရသလိုျဖစ္သြားတယ္”လို႔ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း မထက္ထက္ထြန္းက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘီဘီစီ

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲရလဒ်ထုတ်ပြန်တဲ့ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမမှာ ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး မဲဆန္ဒနယ် အမှတ် ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လူငယ်ကိုယ်စားလှယ် မထက်ထက်ထွန်းနဲ့ ကိုအောင်ခန့်တို့ဟာ ပြိုင်ဘက်ဦးစိုးလွင် ရှုံးနိမ့်သွားခဲ့ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ် အမှတ် ၃ မှာ NLD ကိုယ်စားလှယ် ဦးစိုးလွင် ခိုင်လုံမဲ ၂ သောင်း ၈ ထောင်ကျော်နဲ့ အနိုင်ရရှိသွားပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကိုအောင်ခန့်က မဲအရေအတွက် ၂ သောင်းကျော်နဲ့ ဒုတိယနေရာ ရခဲ့တာပါ။ မထက်ထက်ထွန်းကတော့ မဲအရေအတွက် ခုနှစ်ထောင်ကျော်ပဲ ရခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် မဲဆန္ဒနယ် ၃ ကနေ ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ မထက်ထက်ထွန်းက”စည်ပင်ရွေးကောက်ပွဲက လူငယ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၅၉ ဦး၊ NLD ပါတီက ၉၀ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၈၉ ဦး အနိုင်ရခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦး အနိုင်ရခဲ့ပါတယ်။

မြို့တော်ကော်မတီဝင် ခြောက်ဦးနေရာကိုတော့ NLD ပါတီကပဲ အနိုင်ရခဲ့ပြီး မြို့နယ်အဆင့်မှာတော့ NLD က ၈၃ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၆ ဦးက အနိုင်ရရှိခဲ့တာပါအနိုင်ရရှိခဲ့တဲ့ မြို့တော်ကော်မတီဝင်ခြောက်ဦးထဲကနေ တစ်ဦးကို လျှို့ဝှက်ဆန္ဒမဲပေးပြီး ဒုတိယမြို့တော်ဝန် ခန့်အပ်မှာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။ NLD ပါတီက ဆိပ်ကမ်းမြို့နယ်ဥက္ကဌ တစ်နေရာမှာသာ ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့နေရာအားလုံးမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ပန်းဘဲတန်း၊ တာမွေ၊ လသာ၊ လမ်းမတော်၊ ကမာရွတ်၊ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်း၊ ရန်ကင်းမြို့နယ်တွေ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ် အမှတ် ၃ မှာ တော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ကိုအောင်ခန့်နဲ့ မထက်ထက်ထွန်းတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်သူ လူငယ် ကိုယ်စားလှယ် ၂ ဦးစလုံးကတော့ ရလဒ်ကို လက်ခံပေမယ့် တခြားကိုယ်စားလှယ်လောင်းတွေက ပါတီကိုယ်စားပြုမဲဆွယ်တာ၊ ယှဉ်ပြိုင်ကြတာကိုတော့ ထောက်ပြ ပြောဆိုကြပါတယ်။

အခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲဟာ လူငယ် ပညာတက်တွေ၊ အမျိုးသမီးတွေ ဝင်ပြိုင်ကြလို့ လူအများက စိတ်ဝင်စားကြပါတယ်။

လူတွေက အားပေးကြတယ်ဆိုပေမဲ့ စိတ်ထဲကပဲအားပေးကြတယ်၊ ဖေ့စ်ဘုတ်ကပဲ အားပေးကြတယ်၊ ဒါပေမယ့် တကယ်မဲထွက်ပေးဖို့ အားနည်းကြတယ်လို့ မထက်ထက်ထွန်းက ပြောပါတယ်။

ဒီလို လူငယ်ကိုယ်စားလှယ်လောင်းတွေ အပေါ် ပြည်သူတွေက လက်မခံကြသေးတာကြောင့် နိုင်ငံရေးအပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှု လျော့နည်းသွားစေနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒုတိယအကြိမ်ဖြစ် ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီဝင် ရွေးကောက်ပွဲမှာ မဲလာရောက်ပေးသူ အရေအတွက်ဟာ အလွန်နည်းပါးခဲ့ပြီး စောင့်ကြည့် လေ့လာရေးအဖွဲ့တွေရဲ့ ကနဦး ထုတ်ပြန်ချက်အရ မဲလာရောက်ပေးသူ ဦးရေဟာ မဲပေးခွင့်ရှိသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့လည်း သိရပါတယ်။

ရန်ကုန် စည်ပင်သာယာနယ်နိမိတ် ၃၃ မြိုနယ်အတွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ပါတီ အမှတ်တံဆိပ် သုံးပြီး မဲဆွယ်တာကတော့ ရွေးကောတ်ပွဲ ဥပဒေအတိုင်း ဖြစ်ပေမဲ့ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။ ဒါအပြင် တိုင်းဒေသကြီးအစိုးရ ဖေ့စ်ဘုတ် စာမျက်နှာမှာ တရားဝင်တက်လာတဲ့ ‘NLD ပါတီ ကိုမဲပေးကြပါ’ဆိုတဲ့ လုပ်ဆောင်ချက်တွေကလည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တစ်ဦးကတော့ နောက်ပိုင်း ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။

ပါတီ အမှတ်တံဆိပ် သုံးပြီး ယှဉ်ပြိုင်တာက တရားမျှတမှုမရှိသလို ဖြစ်သွားတာပေါ့လို့ မထက်ထက်ထွန်းက ပြောပါတယ်။ ဒါ့အပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတချို့ဟာ USDP က ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် အထင်မြင်လွဲမှု ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

“မဲလာပေးကြတဲ့ အများပြည်သူက တာဝန်ကျေချင်တဲ့စိတ်နဲ့ လာပြီး မဲပေးကြတာ များပါတယ်။ ကိုယ်စားလှယ်ရဲ့ အချက်အလက်တွေကို အသေးစိတ် သိတဲ့သူတွေတော့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို အသေအချာ မသိတဲ့အတွက် သိပြီးသား၊ ယုံပြီးသားကိုပဲ မဲပေးလိုက်လို့ ပါသွားတာလို့ ထင်ပါတယ်” လို့ မဲရလဒ်အပေါ် ကိုအောင်ခန့်က သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ အာဏာရ ပါတီ အမှတ်တံဆိပ် သုံးပြီး မဲဆွယ်တာကတော့ ရွေးကောတ်ပွဲ ဥပဒေအတိုင်း ဖြစ်ပေမဲ့ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

ဒါအပြင် တိုင်းဒေသကြီးအစိုးရ ဖေ့စ်ဘုတ် စာမျက်နှာမှာ တရားဝင်တက်လာတဲ့ ‘NLD ပါတီ ကိုမဲပေးကြပါ’ဆိုတဲ့ လုပ်ဆောင်ချက်တွေကလည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တစ်ဦးကတော့ နောက်ပိုင်း ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။

ပါတီ အမှတ်တံဆိပ် သုံးပြီး ယှဉ်ပြိုင်တာက တရားမျှတမှုမရှိသလို ဖြစ်သွားတာပေါ့လို့ မထက်ထက်ထွန်းက ပြောပါတယ်။ ဒါ့အပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတချို့ဟာ USDP က ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် အထင်မြင်လွဲမှု ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

အချက်အလက်တွေကို အသေးစိတ် သိတဲ့သူတွေတော့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို အသေအချာ မသိတဲ့အတွက် သိပြီးသား၊ ယုံပြီးသားကိုပဲ မဲပေးလိုက်လို့ ပါသွားတာလို့ ထင်ပါတယ်” လို့ မဲရလဒ်အပေါ် ကိုအောင်ခန့်က သုံးသပ်ပြောဆိုပါတယ်။

လူငယ်ကိုယ်စားလှယ်လောင်း မထက်ထက်ထွန်းကတော့ အခု ရလဒ်တွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီဝင် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုရင် ပါတီနောက်ခံ လိုအပ်တယ်လို့ ပြောပါတယ်။

ဥပဒေသစ်အရ မဲဆွယ်စည်းရုံးရေး ကာလမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေး ပါတီတွေရဲ့ အလံနဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို သုံးစွဲပြီး မဲဆွယ်ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ဝင်အရွေးခံကြသူတွေကို ကြည့်ရင် ပါတီကိုယ်စားပြု နိုင်ငံရေးသမားတွေသာမက စည်ပင်သာယာရေး လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ပါဝင်ယှဉ်ပြိုင် ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

“ပါတီကို မဲပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်လို့ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ရွေးချယ်စရာ ကိုယ်စားလှယ် သိပ်မရှိလို့ လူတွေက မဲပေးဖို့ စိတ်ဝင်စားမှု နည်းလို့ပါ။ လူငယ်တွေ ရှုံးရတာက မဲပေးတဲ့သူတွေက လူကြီးတွေ ဖြစ်လို့ပါ။ အဲ့တော့ သူတို့က လူငယ်တွေအကြောင်း မသိဘူး။ ပါတီကိုပဲ မဲခြစ်သွားတယ်။ နောက်ပြီး လူငယ်တွေက လူတွေကို စည်းရုံးရေးကောင်းကောင်း မဆင်းနိုင်ဘူးလို့ ထင်ပါတယ်။ လူငယ်တွေပညာတတ်ရုံမကပဲ အောက်ခြေလူတွေနဲ့ ထိတွေမှုများရမယ်။ မီဒီယာကနေ ဖြေပြီး ပြောနေရုံနဲ့မ ရပါဘူး” လို့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို စောင်ကြည့်လေ့လာသူ အရပ်ဖက်အဖွဲ့အစည်းက ရွေးကောက်ပွဲလေ့လာသူတစ်ဦးက ပြောပါတယ်။

“ပါတီကိုမဲပေးတာဟာ ဒေါ်အောင်ဆနိးစုကြည် ကြိုက်လို့ဖြစ်နိုင်တယ်”

ဒီလို ထောက်ပြမှုတွေ ရှိပေမယ့် လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အခွင့်အလမ်းပေးဖို့ လိုအပ်တယ်လို့ လူငယ်ကိုယ်စားလှယ်လောင်းတွေက ယူဆကြပါတယ်။

“အကောင်းဆုံးကြိုးစားပြီး လူငယ်တွေဘက်က သူတို့တတ်တဲ့ပညာနဲ့ အကောင်းဆုံး ပံ့ပိုးဖို့ မျှော်လင့်ပြီး ပြိုင်ကြတာပါ။ နောက်ဆုံးထွက်လာတဲ့ ရလဒ်က ထက်တို့ပြိုင်တဲ့ လူငယ် ၂ ယောက်တင် မဟုတ်ပါဘူး။ လူငယ်တွေအားလုံးအတွက်ပါ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလိုဖြစ်သွားတယ်”လို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း မထက်ထက်ထွန်းက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top