အသက္(၄၀) ျပည့္ခဲ့ၿပီဆိုေပမဲ့ ကိန္းဂဏန္းႏွစ္ေတြတိုးေလ အရည္အေသြးပိုေကာင္းေလ ဝိုင္လို အရည္အခ်င္းမ်ိဳးနဲ႔ ဦးဦးစိုင္းစိုင္းပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ေခၚ ဘႀကီးစိုင္းကေတာ့ ဒီေန႔ ဧၿပီလ(၁၀) ရက္ေန႔မွာ အသက္(၄၀) ျပည့္ခဲ့ၿပီျဖစ္ၿပီး

(၁၅)ႏွစ္တိုင္တိုင့္ အႏုပညာေလာကမွာ နာမည္ဆိုးမရွိ ေအာင္ျမင္မႈေတြနဲပဲ ပရိသတ္အခ်စ္ကို ယေန႔တိုင္သိမ္းပိုက္ထားႏိုင္သူ ျဖစ္ပါတယ္။

ဟစ္ေဟာ့ အဆိုေတာ္ တစ္ေယာက္၊ ႐ုပ္ရွင္မင္းသားတစ္ေယာက္ ၊ လူငယ္စာေရးဆရာ တစ္ေယာက္လည္း ျဖစ္တဲ့ ဦးစိုင္းဟာ မိန္းမလွေလးေတြရဲ႕ အသည္းစြဲ SAI Cosmeticsကိုပါ တည္ေထာင္သူ တစ္ဦးျဖစ္ၿပီး ေအာင္ျမင္တဲ့ စိးပြားေရး ပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။

သူ႔ရဲ႕ သီခ်င္းတိုင္းဟာ လူႀကီးလူငယ္နဲ႔ ကေလးငယ္ေတြၾကားထိ ႀကိဳက္ႏွစ္သက္ေရပန္းစားေလာက္ေအာင္ ေအာင္ျမင္ခဲ့သလို အေျပာအဆို ၊အေနအထိုင္ကစ ရင့္က်က္သူ လူငယ္တစ္ေယာက္အျဖစ္ ကိုယ္တိုင္ေရးသားခဲ့တဲ့ သီခ်င္းတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ခံစားခ်က္ေတြနဲ႔ ထပ္တူက်ခဲ့ရပါတယ္။

ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လာခ်ိန္တိုင္း ေဝဖန္တိုက္ခိုက္သူ၊ သေရာ္သူ၊ စေနာက္သူေတြရွိစၿမဲ မို႔ စံျပအႏုပညာရွင္တစ္ေယာက္အေနနဲ႔ဦးစိုင္းရဲ႕ျပန္လည္တုန႔္ျပန္မႈေတြက အရမ္းကို ႐ိုးရွင္းသလို ေအးေအးေဆးေဆးနဲ႔ ဟာသျပန္လုပ္ၿပီး ေျဖရွင္းႏိုင္တာမို႔ အခ်စ္မေလ်ာ့တဲ့ အျပင္ ပိုပိုလို႔ အခ်စ္ခံရတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

 အသက္(၄၀) ျပည့္ခဲ့ၿပီဆိုေပမဲ့ လည္း ကိန္းဂဏန္းႏွစ္ေတြ တိုးေလ ပိုအရည္အေသြးေကာင္းတဲ့ ဝိုင္လိုအႏုပညာရွင္အမ်ိဳးသားလူငယ္တစ္ေယာက္ အျဖစ္ ဆက္လက္ရွိေနဦးမဲ့ ဦးစိုင္းအတြက္ဆုေတာင္းေလး ဆုေတာင္းေပးသြားၾကပါဦးေနာ္..

ဖိုးသူေတာ္(www.phothutaw.com)
Credit: burmese.asia
#Unicode Version#
အသက်(၄၀) ပြည့်ခဲ့ပြီဆိုပေမဲ့ ကိန်းဂဏန်းနှစ်တွေတိုးလေ အရည်အသွေးပိုကောင်းလေ ဝိုင်လို အရည်အချင်းမျိုးနဲ့ ဦးဦးစိုင်းစိုင်းပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ခေါ် ဘကြီးစိုင်းကတော့ ဒီနေ့ ဧပြီလ(၁၀) ရက်နေ့မှာ အသက်(၄၀) ပြည့်ခဲ့ပြီဖြစ်ပြီး

(၁၅)နှစ်တိုင်တိုင့် အနုပညာလောကမှာ နာမည်ဆိုးမရှိ အောင်မြင်မှုတွေနဲပဲ ပရိသတ်အချစ်ကို ယနေ့တိုင်သိမ်းပိုက်ထားနိုင်သူ ဖြစ်ပါတယ်။

ဟစ်ဟော့ အဆိုတော် တစ်ယောက်၊ ရုပ်ရှင်မင်းသားတစ်ယောက် ၊ လူငယ်စာရေးဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဦးစိုင်းဟာ မိန်းမလှလေးတွေရဲ့ အသည်းစွဲ SAI Cosmeticsကိုပါ တည်ထောင်သူ တစ်ဦးဖြစ်ပြီး အောင်မြင်တဲ့ စိးပွားရေး ပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။

သူ့ရဲ့ သီချင်းတိုင်းဟာ လူကြီးလူငယ်နဲ့ ကလေးငယ်တွေကြားထိ ကြိုက်နှစ်သက်ရေပန်းစားလောက်အောင် အောင်မြင်ခဲ့သလို အပြောအဆို ၊အနေအထိုင်ကစ ရင့်ကျက်သူ လူငယ်တစ်ယောက်အဖြစ် ကိုယ်တိုင်ရေးသားခဲ့တဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ ထပ်တူကျခဲ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာချိန်တိုင်း ဝေဖန်တိုက်ခိုက်သူ၊ သရော်သူ၊ စနောက်သူတွေရှိစမြဲ မို့ စံပြအနုပညာရှင်တစ်ယောက်အနေနဲ့ဦးစိုင်းရဲ့ပြန်လည်တုန့်ပြန်မှုတွေက အရမ်းကို ရိုးရှင်းသလို အေးအေးဆေးဆေးနဲ့ ဟာသပြန်လုပ်ပြီး ဖြေရှင်းနိုင်တာမို့ အချစ်မလျော့တဲ့ အပြင် ပိုပိုလို့ အချစ်ခံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

 အသက်(၄၀) ပြည့်ခဲ့ပြီဆိုပေမဲ့ လည်း ကိန်းဂဏန်းနှစ်တွေ တိုးလေ ပိုအရည်အသွေးကောင်းတဲ့ ဝိုင်လိုအနုပညာရှင်အမျိုးသားလူငယ်တစ်ယောက် အဖြစ် ဆက်လက်ရှိနေဦးမဲ့ ဦးစိုင်းအတွက်ဆုတောင်းလေး ဆုတောင်းပေးသွားကြပါဦးနော်..

ဖိုးသူတော်(www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top