သူ႔ဘဝနဲ႔သူ

ဟ … ဟိုေကာင္ ဝတ္တဲ့ခါးပတ္က ၁၄သိန္း!!!.

ေအာ္ … ႐ူးေနတာ ငါသာဆို မဝယ္ဘူး….

အဲ့အစား… ေရႊလုပ္ဝတ္မွာေပါ့ …..

“ေဟ်ာင့္…..မတူဘူးေလ… လူဆိုတာ သူ႔ဘဝနဲ႔သူ ”

“အခု ငါတို႔ စားေနတဲ့ဝိုင္း ဘယ္ေလာက္က်လဲ ???? ”

“၃ေထာင္ …. ”

“ငါတို႔ လက္ဖက္ရည္ဆိုင္မွာ ခဏေလး စားတာ ၃ေထာင္ ခဏ…. ငါ မင္းနားလည္ေအာင္ သက္ေသျပမယ္”

:ေျဖာင္း…ေျဖာင္း ….ညီေလး လာဦး”

ကြၽန္ေတာ္ လက္ခုပ္တီးၿပီး ကမ္းနား မွာ ေတာင္းစားေနတဲ့ ၈ႏွစ္အရြယ္ ကေလးတစ္ေယာက္ကို ေခၚလိုက္တယ္….

“မင္းကို ငါတို႔ ၃ေထာင္ေပးမယ္ လမ္းထိပ္က ထမင္းဆိုင္မွာ ပုစြန္ဟင္းေကာင္းတယ္ … ပုစြန္ထုပ္ႀကီး ၂ေကာင္ေတာင္ပါတယ္ … ဝယ္စားခ်ည္ … စားမလား?”

“ဟာ…ကြၽန္ေတာ္အ႐ူးမွ မဟုတ္တာ ဘာလို႔စားမွာလဲ?

စားမေနဘူး … အဲ့အစား မိသားစုအတြက္ ဆန္၂ျပည္ ဝယ္သြားၿပီး ခ်က္စားမွာေပါ့ “ေကာင္ေလးက ႐ိုး႐ိုးပဲ ဆတ္ခနဲ ျပန္ေျပာတယ္….

သူငယ္ခ်င္းဘက္ကုိ လွည့္ၿပီး ေျပာလိုက္တယ္ ….

“ေဟ့ေကာင္… ေစာေစာက မင္း ဘာေျပာလဲ? ဝယ္မေနဘူး …. အဲ့အစား ေရႊလုပ္ ဝတ္မွာေပါ့လို႔ ေျပာတယ္မလား ???”

“ေအး အဲလိုပဲ ….ငါတို႔အတြက္ ၃ေထာင္ဆိုတာ ၁၀မိနစ္အတြင္း လက္ဖက္ရည္ဆိုင္ထိုင္ျဖဳန္းပစ္တာ ဘာမွ အရာမဟုတ္ေပမဲ့ …

သူေတာင္းစားတစ္ေယာက္အတြက္ေတာ့ ….. အဲ ၃ေထာင္က ဆန္ ၂ျပည္ပဲ”

“ထို႔နည္းတူ…. သူ႔ဘာသူ ဘယ္ႏွသိန္းတန္ ဘာဝယ္ဝယ္ …လူခ်င္းတူေပမဲ့ ဘဝခ်င္းမတူဘူး…..ဒါကို မင္းေကာင္းေကာင္း နားလည္ဖို႔လိုတယ္”

“သူ႐ွိလို႔ သူဝယ္တာ သူ႐ွာတဲ့ သူ႔ပိုက္ဆံနဲ႔သူဝယ္တာ ….မင္းက ဝင္ကဲ့ရဲ႕ေတာ့….မင္း အျဖစ္နဲ႔ မင္းအဆင့္က ေစာေစာက ငါယွဥ္ျပတဲ့ သူေတာင္းစား လို ျဖစ္သြားေတာ့ မွာေပါ့”

“မုဒိတာတရား ထားစမ္းပါကြာ ” 🙂

“မင္းအတြက္ မတန္ဘူး ထင္လား….အဲ့ဒါဆို အဲ့ပစၥည္းက မင္းအတြက္ထုတ္တာ မဟုတ္ဘူး ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:orginal writer

#Unicode Version# ျဖင့္ဖတ္ပါ ။

သူ့ဘဝနဲ့သူ

ဟ … ဟိုကောင် ဝတ်တဲ့ခါးပတ်က ၁၄သိန်း!!!.

အော် … ရူးနေတာ ငါသာဆို မဝယ်ဘူး….

အဲ့အစား… ရွှေလုပ်ဝတ်မှာပေါ့ …..

“ဟျောင့်…..မတူဘူးလေ… လူဆိုတာ သူ့ဘဝနဲ့သူ ”

“အခု ငါတို့ စားနေတဲ့ဝိုင်း ဘယ်လောက်ကျလဲ ???? ”

“၃ထောင် …. ”

“ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင် ခဏ…. ငါ မင်းနားလည်အောင် သက်သေပြမယ်”

:ဖြောင်း…ဖြောင်း ….ညီလေး လာဦး”

ကျွန်တော် လက်ခုပ်တီးပြီး ကမ်းနား မှာ တောင်းစားနေတဲ့ ၈နှစ်အရွယ် ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်….

“မင်းကို ငါတို့ ၃ထောင်ပေးမယ် လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် … ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် … ဝယ်စားချည် … စားမလား?”

“ဟာ…ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?

စားမနေဘူး … အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ “ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်….

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ် ….

“ဟေ့ကောင်… စောစောက မင်း ဘာပြောလဲ? ဝယ်မနေဘူး …. အဲ့အစား ရွှေလုပ် ဝတ်မှာပေါ့လို့ ပြောတယ်မလား ???”

“အေး အဲလိုပဲ ….ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့ …

သူတောင်းစားတစ်ယောက်အတွက်တော့ ….. အဲ ၃ထောင်က ဆန် ၂ပြည်ပဲ”

“ထို့နည်းတူ…. သူ့ဘာသူ ဘယ်နှသိန်းတန် ဘာဝယ်ဝယ် …လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး…..ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်”

“သူရှိလို့ သူဝယ်တာ သူရှာတဲ့ သူ့ပိုက်ဆံနဲ့သူဝယ်တာ ….မင်းက ဝင်ကဲ့ရဲ့တော့….မင်း အဖြစ်နဲ့ မင်းအဆင့်က စောစောက ငါယှဉ်ပြတဲ့ သူတောင်းစား လို ဖြစ်သွားတော့ မှာပေါ့”

“မုဒိတာတရား ထားစမ်းပါကွာ ” 🙂

“မင်းအတွက် မတန်ဘူး ထင်လား….အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက်ထုတ်တာ မဟုတ်ဘူး ”

ဖိုးသူတော် (www.phothutaw.com)
Credit:orginal writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top