ကမာၻ႔ႏိုင္ငံအသီးသီးက အသုံးျပဳၿပီးသား ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြ လက္ခံရယူေပးေနမႈကို တ႐ုတ္ႏိုင္ငံက ႐ုတ္တရက္ ပိတ္ပင္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ လက္ရွိမွာ က်န္ႏိုင္ငံအသီးသီးမွာ ယင္းပလတ္စတစ္ပစၥည္းေတြ recycle လုပ္ျခင္းနဲ႔ပတ္သက္လို႔ အခက္ေတြ႕ အက်ပ္႐ိုက္ေနၾကရလ်က္ရွိေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္မ်ားစြာအတြင္း တ႐ုတ္ႏိုင္ငံကေတာ့ ကမာၻတစ္ဝွမ္းက စြန႔္ပစ္ပလတ္စတစ္ ပစၥည္း အစုအပုံေတြကို အလုံးအရင္းနဲ႔ စုၿပဳံလက္ခံရယူေနခဲ့တာျဖစ္ပါတယ္။ ယင္း ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြကို ပိုမို အရည္အေသြးျမင့္တဲ့ ထုတ္ကုန္ပစၥည္းေတြအျဖစ္ ကုန္ထုတ္လုပ္မႈလုပ္ငန္းရွင္ေတြ ျပန္အသုံးျပဳလို႔ရေအာင္ ျပန္ေျပာင္းလဲထုတ္လုပ္ေပးေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ၂၀၁၈  ႏွစ္စပိုင္းကစလို႔ ယင္း ကမာၻ႔ႏိုင္ငံအသီးသီးကေန တင္ပို႔တဲ့ ပလတ္စတစ္စြန႔္ပစ္ပစၥည္းအားလုံးနီးပါးကို လက္မခံေတာ့ဘဲ တ႐ုတ္တို႔ တံခါးပိတ္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ ယင္းႏိုင္ငံရဲ႕ ျပည္တြင္း သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ဖို႔၊ ေလထုအရည္အေသြးကို ထိန္းသိ္မ္းဖို႔အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ယင္း ပိတ္ပင္ခ်က္ေၾကာင့္လည္း ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာ ၎တို႔ရဲ႕ ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြကို စုပုံထားရွိႏိုင္မယ့္ ေနရာေတြ ရွာေတြ႕ဖို႔ အခက္ႀကဳံခဲ့ၾကရပါတယ္။

“ ခုဟာက ငလ်င္တစ္ခု လႈပ္သလိုပါပဲ၊ တ႐ုတ္က တကယ္ေတာ့ recyclables ေတြအတြက္ အႀကီးဆုံး ေစ်းကြက္ပါ၊ ခုလို ပိတ္လိုက္ေတာ့ ကမာၻ႔ေစ်းကြက္အတြက္ကေတာ့ အႀကီးစားေရွာ့တစ္ခုကို ရသြားေစခဲ့ပါတယ္” လို႔ ဘရက္ဆဲလ္ အေျခစိုက္ Bureau of International Recycling က ၫြန္ၾကားေရးမႉးခ်ဳပ္ Arnaud Brunet က ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ကမ္ဘာ့နိုင်ငံအသီးသီးက အသုံးပြုပြီးသား ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ လက်ခံရယူပေးနေမှုကို တရုတ်နိုင်ငံက ရုတ်တရက် ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာတော့ လက်ရှိမှာ ကျန်နိုင်ငံအသီးသီးမှာ ယင်းပလတ်စတစ်ပစ္စည်းတွေ recycle လုပ်ခြင်းနဲ့ပတ်သက်လို့ အခက်တွေ့ အကျပ်ရိုက်နေကြရလျက်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်များစွာအတွင်း တရုတ်နိုင်ငံကတော့ ကမ္ဘာတစ်ဝှမ်းက စွန့်ပစ်ပလတ်စတစ် ပစ္စည်း အစုအပုံတွေကို အလုံးအရင်းနဲ့ စုပြုံလက်ခံရယူနေခဲ့တာဖြစ်ပါတယ်။ ယင်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပိုမို အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေအဖြစ် ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်တွေ ပြန်အသုံးပြုလို့ရအောင် ပြန်ပြောင်းလဲထုတ်လုပ်ပေးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈  နှစ်စပိုင်းကစလို့ ယင်း ကမ္ဘာ့နိုင်ငံအသီးသီးကနေ တင်ပို့တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအားလုံးနီးပါးကို လက်မခံတော့ဘဲ တရုတ်တို့ တံခါးပိတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ယင်းနိုင်ငံရဲ့ ပြည်တွင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့၊ လေထုအရည်အသွေးကို ထိန်းသိမ်းဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်း ပိတ်ပင်ချက်ကြောင့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ၎င်းတို့ရဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို စုပုံထားရှိနိုင်မယ့် နေရာတွေ ရှာတွေ့ဖို့ အခက်ကြုံခဲ့ကြရပါတယ်။

“ ခုဟာက ငလျင်တစ်ခု လှုပ်သလိုပါပဲ၊ တရုတ်က တကယ်တော့ recyclables တွေအတွက် အကြီးဆုံး ဈေးကွက်ပါ၊ ခုလို ပိတ်လိုက်တော့ ကမ္ဘာ့ဈေးကွက်အတွက်ကတော့ အကြီးစားရှော့တစ်ခုကို ရသွားစေခဲ့ပါတယ်” လို့ ဘရက်ဆဲလ် အခြေစိုက် Bureau of International Recycling က ညွန်ကြားရေးမှူးချုပ် Arnaud Brunet က ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top